သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ့စီးပြားေရး၊ ေဈးကြက္ယႏၲရား ပ်က္ေနၿပီလား


တ႐ုတ္-ျမန္မာနယ္စပ္

အခုတေလာ မီဒီယာေတြမွာ နယ္စပ္ေဒသ ကုန္သြယ္ေရးကို အေမရိကန္ေဒၚလာနဲ႔ အေရာင္းအဝယ္ လုပ္ရမယ္လို႔ စစ္ေကာင္စီက သတ္မွတ္လိုက္တဲ့ သတင္းေတြ အေတာ္ေလးေတြ႕ရပါတယ္။

ဧရာဝတီသတင္းဌာနကေတာ့ "တ႐ုတ္နယ္စပ္လည္း ေဒၚလာႏွင့္ ကုန္သြယ္ရန္ စစ္ေကာင္စီ ျပန္သတ္မွတ္"၊ Myanmar Now က "နယ္စပ္ကုန္သြယ္ေရးတြင္ ေဒၚလာျပန္သုံးရန္ စစ္ေကာင္စီသတ္မွတ္"၊ VOA ကလည္း "ကန္ေဒၚလာျပန္သုံးရမယ့္ တ႐ုတ္ျမန္မာနယ္စပ္ ကုန္သြယ္ေရး" လို႔ ေခါင္းစဥ္ အသီးသီးေပးၿပီး ေရးၾကပါတယ္။ Myanmar Now ကေတာ့ အခုလို မွတ္ခ်က္ေပးပါတယ္။"ျမန္မာႏိုင္ငံ၏ အႀကီးဆုံး နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းႏွစ္ခုတြင္ တ႐ုတ္ယြမ္ႏွင့္ ထိုင္းဘတ္ေငြ တိုက္႐ိုက္ေပးေခ်ျခင္းျဖင့္ အေမရိကန္ေဒၚလာ လႊမ္းမိုးမႈ ေလွ်ာ့ခ်မည့္ စစ္ေကာင္စီရည္မွန္းခ်က္မွာ မေအာင္မျမင္ ျဖစ္ေနသည္"

စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အေမရိကန္ေဒၚလာကို မွီခိုမႈေလွ်ာ့ခ်ဖို႔ ရည္႐ြယ္ကာ တ႐ုတ္နယ္စပ္မွာ ယြမ္နဲ႔ က်ပ္၊ ထိုင္းနယ္စပ္မွာ ဘတ္နဲ႔ က်ပ္တို႔ကို ေဒၚလာအစား အသုံးျပဳေပးေခ်ရန္ ၂၀၂၁ ဒီဇင္ဘာနဲ႔ ၂၀၂၂ မတ္လေတြအတြင္းက ၫႊန္ၾကားခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ အခုအခါမွာေတာ့ ေဒၚလာသုံးရမယ္လို႔ စစ္ေကာင္စီက ဇူလိုင္ ၂ ရက္ေန႔က ျပန္လည္သတ္မွတ္ခဲ့ျပန္ပါတယ္။

သတင္းေတြအားလုံးမွာ ေတြ႕ရတာကေတာ့ ဗဟိုဘဏ္ရဲ႕ ေဒၚလာနဲ႔က်ပ္ ေငြလဲႏႈန္း ၁၈၅၀ က်ပ္လို႔ ပုံေသသတ္မွတ္ထားတာဟာ ကုန္သည္ေတြအတြက္ ကုန္သြယ္ရာမွာ ႀကီးမားတဲ့ အခက္အခဲ၊ အဟန႔္အတား ျဖစ္ေနတယ္ဆိုတာပါပဲ။ တကယ့္ေဈးကြက္ေပါက္ေဈးက အေမရိကန္တစ္ေဒၚလာကို ၂၂၀၀ က်ပ္ ဝန္းက်င္ရွိေနတာပါ။ ဒီေတာ့ ဗဟိုဘဏ္သတ္မွတ္တဲ့ ေဈးႏႈံးနဲ႔ အမွန္တကယ္ေဈးနဲ႔က တစ္ေဒၚလာကို ၃၅၀ က်ပ္ေလာက္ ကြာဟေနပါတယ္။

ဒါ့အျပင္ ကုန္သည္ေတြ ရလာတဲ့ ပို႔ကုန္ဝင္ေငြကို ဗဟိုဘဏ္က ၁၈၅၀ က်ပ္နဲ႔ ျဖတ္ယူထားေပမဲ့ ကုန္သည္ေတြ သြင္းကုန္အတြက္ ေဒၚလာျပန္ဝယ္တဲ့အခါမွာေတာ့ ဗဟိုဘဏ္က လိုသေလာက္ ျပန္မေရာင္းေပးတဲ့အျပင္ ဝယ္ရင္လည္း ခ်က္ခ်င္းမရပါဘူးလို႔ သိရပါတယ္။ စာ႐ြက္စာတမ္းအေထာက္အထားေတြ အဆင့္ဆင့္တင္ရေတာ့ အခ်ိန္ၾကာျပန္ပါတယ္။ ဒီအေၾကာင္းကို ဧရာဝတီသတင္းဌာနမွာ ဇူလိုင္ ၅ ရက္ေန႔က ေဖာ္ျပတဲ့ သတင္းေဆာင္းပါးမွာ ကုန္သည္တစ္ဦးက အခုလိုေျပာထားတာ ေတြ႕ရပါတယ္။

"ဘာေၾကာင့္လဲဆိုေတာ့ စစ္ေကာင္စီက ေဒၚလာ လိုသေလာက္ ျပန္မေရာင္းေပးႏိုင္ဘူး။ က်ေနာ္တို႔ ေရာင္းလိုက္တဲ့ ပစၥည္းက ေဒၚလာနဲ႔ သတ္မွတ္လို႔ သူ႔ဆီ ေဒၚလာေရာက္သြားေပမဲ့ က်ေနာ္တို႔ ေဒၚလာလိုလို႔ ျပန္ဝယ္ရင္ မရေတာ့ အျပင္ကေဈးနဲ႔ ဝယ္ရတယ္။ အျပင္မွာက ၁ ေဒၚလာ ၂၁၉၀ က်ပ္ ျဖစ္ေနတယ္။ အဲဒီေတာ့ တင္ပို႔တဲ့သူက လုပ္တိုင္းရႈံး ျဖစ္ေနတာေပါ့” သြင္းကုန္၊ ပို႔ကုန္လုပ္ငန္းရွင္ေတြအေနနဲ႔ တစ္ေဒၚလာတန္ဖိုး ကုန္သြယ္တိုင္း ၃၅၀က်ပ္ အရႉံးေပၚေနတဲ့ သေဘာျဖစ္ေနတာ ေတြ႕ရပါတယ္။ဒါ့အျပင္ ပို႔ကုန္ရေငြမ်ား ဘဏ္စာရင္းသို႔ ၄၅ ရက္အတြင္း ဝင္ေရာက္ရ မယ္လို႔လဲ ထုတ္ျပန္ခ်က္မွာ ကန႔္သတ္ထားပါတယ္။ ပို႔ကုန္ရေငြမ်ားကို ေဒၚလာနဲ႔ သတ္မွတ္လိုက္ၿပီးေနာက္ပိုင္း ဝင္လာမယ့္ ေရာင္းရေငြအေပၚမွာ အခြန္ ၅ ရာခိုင္ႏႈန္း (ကုန္သြယ္ခြန္) နဲ႔ ၂ ရာခိုင္ႏႈန္း (ဝင္ေငြခြန္) တို႔ကို ေဒၚလာနဲ႔ ျဖတ္ထားၿပီး က်န္ေငြကို ကုန္သည္ထံ တစ္ေဒၚလာ ၁၈၅၀ က်ပ္ႏႈန္းနဲ႔သာ က်ပ္ေငြ ထုတ္ေပးမွာ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ သြင္းကုန္ေတြ ကန႔္သတ္ေနတာလည္း ရွိပါတယ္။ သိသာတဲ့ သြင္းကုန္ကန႔္သတ္မႈကေတာ့ ေမာ္ေတာ္ကား တင္သြင္းတာနဲ႔ မရွိမျဖစ္ လိုအပ္တာမဟုတ္တဲ့ ေမာ္ေတာ္ကား အပိုပစၥည္းေတြကို ပိတ္ပင္လိုက္တာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္တြင္းမွာ ကားေဈးေတြ ျမင့္တက္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ဗဟိုဘဏ္ရဲ႕ ေဒၚလာနဲ႔က်ပ္ေငြ လဲလွယ္ေရး မူဝါဒနဲ႔ ပတ္သက္ၿပီး Nikkie Asia ကလည္း ဇူလိုင္ ၈ ရက္ေန႔ကေရးပါတယ္။ ျမန္မာဗဟိုဘဏ္ရဲ႕ ပို႔ကုန္ဝင္ေငြကို (ေဒၚလာရေငြကို) ျမန္မာက်ပ္ေငြနဲ႔ မျဖစ္မေန လဲလွယ္ရမယ္လို႔ အမိန႔္ၫြန္ၾကားခ်က္ ထုတ္ျပန္ခဲ့တယ္။ ဒါေပမဲ့ ႏိုင္ငံျခားပိုင္ ကုမၸဏီေတြဟာ ကင္းလြတ္ခြင့္ရေနတယ္။ ဒါဟာ ေလ်ာ့တိေလ်ာ့ရဲ ဥပေဒပဲလို႔ ေဝဖန္သူေတြက ေထာက္ျပေၾကာင္းနဲ႔ ဗဟိုဘဏ္ရဲ႕ အေမရိကန္ေဒၚလာေငြကို က်ပ္ေငြနဲ႔ မျဖစ္မေန လဲရမယ္ဆိုတဲ့ လုပ္ရပ္ဟာ အာဆီယံႏိုင္ငံေတြထဲမွာ ျမန္မာကို ပိုအထီးက်န္ေစတယ္လို႔ ဆိုပါတယ္။

အခုလို နယ္စပ္ကုန္သြယ္ေရးမွာ ယြမ္နဲ႔ဘတ္ေငြအစား ဘာလို႔ အေမရိကန္ေဒၚလာေငြ ျပန္လည္သတ္မွတ္ရတာလဲ ဆိုတာကို စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမင္းမင္းကေတာ့ ပင္လယ္ေရေၾကာင္းကေန တင္ပို႔ရင္ ေဒၚလာနဲ႔ ရတာမို႔ နယ္စပ္ေဒသနဲ႔ ပင္လယ္ေရေၾကာင္း တေျပးညီျဖစ္ေအာင္လို႔ပါလို႔ ဘီဘီစီကို ေျပာၾကားခဲ့တာ ေတြ႕ရပါတယ္။ ဒါေပမဲ့ ဒီလိုျဖစ္ေပၚေနတဲ့ အေျခအေနေတြကို ျမန္မာစီးပြားေရး ပညာရွင္တစ္ဦးကေတာ့ အခုလို မွတ္ခ်က္ေပးပါတယ္။

"Transaction cost ေတြ ပိုတက္ေတာ့ စီးပြားေရး ပိုဆိုးတာေပါ့ဗ်ာ။ အရင္က rent seeking နဲ႔ crony စီးပြားေရးပုံစံ၊ ေနာက္ ေမွာင္ခို။ဒါေတြပဲ အားေကာင္းလာမွာပဲဗ်။ ေျပာရရင္ေတာ့ ေဈးကြက္ယႏၲရားပ်က္လာတဲ့ ေသဘာပဲ" ကမာၻ႔ဘဏ္ရဲ႕ ျမန္မာ့စီးပြားေရး ေစာင့္ၾကည့္ေလ့လာျခင္းဆိုင္ရာ ၂၀၂၂ ဧၿပီလ ထုတ္ျပန္ခ်က္မွာေတာ့ ျမန္မာ့စီးပြားေရးဟာ အာဏာမသိမ္းခင္ကာလနဲ႔ ႏႈိင္းယွဥ္ရင္၂၀၂၁ မွာ ၁၈ ရာခိုင္ႏႈန္း က်ဳံ႕သြားခဲ့ၿပီး ၂၀၂၂ မွာေတာ့ ၃၀ ရာႏႈန္း ပိုေသးငယ္သြားႏိုင္တယ္လို႔ ခန႔္မွန္းထားေၾကာင္းပါ။


=== Unicode ====

အခုတလော မီဒီယာတွေမှာ နယ်စပ်ဒေသ ကုန်သွယ်ရေးကို အမေရိကန်ဒေါ်လာနဲ့ အရောင်းအဝယ် လုပ်ရမယ်လို့ စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ သတင်းတွေ အတော်လေးတွေ့ရပါတယ်။

ဧရာဝတီသတင်းဌာနကတော့ "တရုတ်နယ်စပ်လည်း ဒေါ်လာနှင့် ကုန်သွယ်ရန် စစ်ကောင်စီ ပြန်သတ်မှတ်"၊ Myanmar Now က "နယ်စပ်ကုန်သွယ်ရေးတွင် ဒေါ်လာပြန်သုံးရန် စစ်ကောင်စီသတ်မှတ်"၊ VOA ကလည်း "ကန်ဒေါ်လာပြန်သုံးရမယ့် တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေး" လို့ ခေါင်းစဉ် အသီးသီးပေးပြီး ရေးကြပါတယ်။ Myanmar Now ကတော့ အခုလို မှတ်ချက်ပေးပါတယ်။"မြန်မာနိုင်ငံ၏ အကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းနှစ်ခုတွင် တရုတ်ယွမ်နှင့် ထိုင်းဘတ်ငွေ တိုက်ရိုက်ပေးချေခြင်းဖြင့် အမေရိကန်ဒေါ်လာ လွှမ်းမိုးမှု လျှော့ချမည့် စစ်ကောင်စီရည်မှန်းချက်မှာ မအောင်မမြင် ဖြစ်နေသည်"

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမေရိကန်ဒေါ်လာကို မှီခိုမှုလျှော့ချဖို့ ရည်ရွယ်ကာ တရုတ်နယ်စပ်မှာ ယွမ်နဲ့ ကျပ်၊ ထိုင်းနယ်စပ်မှာ ဘတ်နဲ့ ကျပ်တို့ကို ဒေါ်လာအစား အသုံးပြုပေးချေရန် ၂၀၂၁ ဒီဇင်ဘာနဲ့ ၂၀၂၂ မတ်လတွေအတွင်းက ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုအခါမှာတော့ ဒေါ်လာသုံးရမယ်လို့ စစ်ကောင်စီက ဇူလိုင် ၂ ရက်နေ့က ပြန်လည်သတ်မှတ်ခဲ့ပြန်ပါတယ်။

သတင်းတွေအားလုံးမှာ တွေ့ရတာကတော့ ဗဟိုဘဏ်ရဲ့ ဒေါ်လာနဲ့ကျပ် ငွေလဲနှုန်း ၁၈၅၀ ကျပ်လို့ ပုံသေသတ်မှတ်ထားတာဟာ ကုန်သည်တွေအတွက် ကုန်သွယ်ရာမှာ ကြီးမားတဲ့ အခက်အခဲ၊ အဟန့်အတား ဖြစ်နေတယ်ဆိုတာပါပဲ။ တကယ့်ဈေးကွက်ပေါက်ဈေးက အမေရိကန်တစ်ဒေါ်လာကို ၂၂၀၀ ကျပ် ဝန်းကျင်ရှိနေတာပါ။ ဒီတော့ ဗဟိုဘဏ်သတ်မှတ်တဲ့ ဈေးနှုံးနဲ့ အမှန်တကယ်ဈေးနဲ့က တစ်ဒေါ်လာကို ၃၅၀ ကျပ်လောက် ကွာဟနေပါတယ်။

ဒါ့အပြင် ကုန်သည်တွေ ရလာတဲ့ ပို့ကုန်ဝင်ငွေကို ဗဟိုဘဏ်က ၁၈၅၀ ကျပ်နဲ့ ဖြတ်ယူထားပေမဲ့ ကုန်သည်တွေ သွင်းကုန်အတွက် ဒေါ်လာပြန်ဝယ်တဲ့အခါမှာတော့ ဗဟိုဘဏ်က လိုသလောက် ပြန်မရောင်းပေးတဲ့အပြင် ဝယ်ရင်လည်း ချက်ချင်းမရပါဘူးလို့ သိရပါတယ်။ စာရွက်စာတမ်း အထောက်အထားတွေ အဆင့်ဆင့်တင်ရတော့ အချိန်ကြာပြန်ပါတယ်။ ဒီအကြောင်းကို ဧရာဝတီသတင်းဌာနမှာ ဇူလိုင် ၅ ရက်နေ့က ဖော်ပြတဲ့ သတင်းဆောင်းပါးမှာ ကုန်သည်တစ်ဦးက အခုလိုပြောထားတာ တွေ့ရပါတယ်။

"ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီက ဒေါ်လာ လိုသလောက် ပြန်မရောင်းပေးနိုင်ဘူး။ ကျနော်တို့ ရောင်းလိုက်တဲ့ ပစ္စည်းက ဒေါ်လာနဲ့ သတ်မှတ်လို့ သူ့ဆီ ဒေါ်လာရောက်သွားပေမဲ့ ကျနော်တို့ ဒေါ်လာလိုလို့ ပြန်ဝယ်ရင် မရတော့ အပြင်ကဈေးနဲ့ ဝယ်ရတယ်။ အပြင်မှာက ၁ ဒေါ်လာ ၂၁၉၀ ကျပ် ဖြစ်နေတယ်။ အဲဒီတော့ တင်ပို့တဲ့သူက လုပ်တိုင်းရှုံး ဖြစ်နေတာပေါ့” သွင်းကုန်၊ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ တစ်ဒေါ်လာတန်ဖိုး ကုန်သွယ်တိုင်း ၃၅၀ကျပ် အရှူံးပေါ်နေတဲ့ သဘောဖြစ်နေတာ တွေ့ရပါတယ်။ဒါ့အပြင် ပို့ကုန်ရငွေများ ဘဏ်စာရင်းသို့ ၄၅ ရက်အတွင်း ဝင်ရောက်ရ မယ်လို့လဲ ထုတ်ပြန်ချက်မှာ ကန့်သတ်ထားပါတယ်။ ပို့ကုန်ရငွေများကို ဒေါ်လာနဲ့ သတ်မှတ်လိုက်ပြီးနောက်ပိုင်း ဝင်လာမယ့် ရောင်းရငွေအပေါ်မှာ အခွန် ၅ ရာခိုင်နှုန်း (ကုန်သွယ်ခွန်) နဲ့ ၂ ရာခိုင်နှုန်း (ဝင်ငွေခွန်) တို့ကို ဒေါ်လာနဲ့ ဖြတ်ထားပြီး ကျန်ငွေကို ကုန်သည်ထံ တစ်ဒေါ်လာ ၁၈၅၀ ကျပ်နှုန်းနဲ့သာ ကျပ်ငွေ ထုတ်ပေးမှာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ သွင်းကုန်တွေ ကန့်သတ်နေတာလည်း ရှိပါတယ်။ သိသာတဲ့ သွင်းကုန်ကန့်သတ်မှုကတော့ မော်တော်ကား တင်သွင်းတာနဲ့ မရှိမဖြစ် လိုအပ်တာမဟုတ်တဲ့ မော်တော်ကား အပိုပစ္စည်းတွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်တွင်းမှာ ကားဈေးတွေ မြင့်တက်လာမှာကို စိုးရိမ်နေကြပါတယ်။

ဗဟိုဘဏ်ရဲ့ ဒေါ်လာနဲ့ကျပ်ငွေ လဲလှယ်ရေး မူဝါဒနဲ့ ပတ်သက်ပြီး Nikkie Asia ကလည်း ဇူလိုင် ၈ ရက်နေ့က ရေးပါတယ်။ မြန်မာဗဟိုဘဏ်ရဲ့ ပို့ကုန်ဝင်ငွေကို (ဒေါ်လာရငွေကို) မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ရမယ်လို့ အမိန့်ညွန်ကြားချက် ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ နိုင်ငံခြားပိုင် ကုမ္ပဏီတွေဟာ ကင်းလွတ်ခွင့်ရနေတယ်။ ဒါဟာ လျော့တိလျော့ရဲ ဥပဒေပဲလို့ ဝေဖန်သူတွေက ထောက်ပြကြောင်းနဲ့ ဗဟိုဘဏ်ရဲ့ အမေရိကန်ဒေါ်လာငွေကို ကျပ်ငွေနဲ့ မဖြစ်မနေ လဲရမယ်ဆိုတဲ့ လုပ်ရပ်ဟာ အာဆီယံနိုင်ငံတွေထဲမှာ မြန်မာကို ပိုအထီးကျန်စေတယ်လို့ ဆိုပါတယ်။

အခုလို နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်နဲ့ဘတ်ငွေအစား ဘာလို့ အမေရိကန်ဒေါ်လာငွေ ပြန်လည်သတ်မှတ်ရတာလဲ ဆိုတာကို စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းကတော့ ပင်လယ်ရေကြောင်းကနေ တင်ပို့ရင် ဒေါ်လာနဲ့ ရတာမို့ နယ်စပ်ဒေသနဲ့ ပင်လယ်ရေကြောင်း တပြေးညီဖြစ်အောင်လို့ပါလို့ ဘီဘီစီကို ပြောကြားခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို မြန်မာစီးပွားရေး ပညာရှင်တစ်ဦးကတော့ အခုလို မှတ်ချက်ပေးပါတယ်။

"Transaction cost တွေ ပိုတက်တော့ စီးပွားရေး ပိုဆိုးတာပေါ့ဗျာ။ အရင်က rent seeking နဲ့ crony စီးပွားရေးပုံစံ၊ နောက် မှောင်ခို။ဒါတွေပဲ အားကောင်းလာမှာပဲဗျ။ ပြောရရင်တော့ ဈေးကွက်ယန္တရားပျက်လာတဲ့ သေဘာပဲ" ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာခြင်းဆိုင်ရာ ၂၀၂၂ ဧပြီလ ထုတ်ပြန်ချက်မှာတော့ မြန်မာ့စီးပွားရေးဟာ အာဏာမသိမ်းခင်ကာလနဲ့ နှိုင်းယှဉ်ရင်၂၀၂၁ မှာ ၁၈ ရာခိုင်နှုန်း ကျုံ့သွားခဲ့ပြီး ၂၀၂၂ မှာတော့ ၃၀ ရာနှုန်း ပိုသေးငယ်သွားနိုင်တယ်လို့ ခန့်မှန်းထားကြောင်းပါ။

XS
SM
MD
LG