သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အင္တာနက္လြတ္လပ္ခြင့္၊ သတင္းလြတ္လပ္ခြင့္ေတြ ဆက္တိုက္က်ဆင္းလာေနတဲ့ စစ္ေကာင္စီလက္ေအာက္က ျမန္မာႏိုင္ငံ


ျမန္မာႏိုင္ငံ အင္တာနက္ လြတ္လပ္ခြင့္ ထပ္မံက်ဆင္း (Freedom House) 

တူရကီလႊတ္ေတာ္အမတ္တစ္ဦးဟာ သူ႔ရဲ႕လက္ကိုင္ဖုန္းကို လႊတ္ေတာ္အစည္းအေဝးခန္းမထဲမွာ တူနဲ႔ထုခြဲျပေနတဲ့ သတင္းတစ္ပုဒ္ကို ေအာက္တိုဘာ ၁၆ ရက္ေန႔ ဘီဘီစီ သတင္းတစ္ပုဒ္မွာ ၾကည့္လိုက္ရပါတယ္။ အြန္လိုင္းမွာ သတင္းမွားေတြ ျဖန႔္ေဝတယ္ဆိုၿပီး ေထာင္ခ်ႏိုင္တဲ့ ဥပေဒတစ္ရပ္ တူရကီအစိုးရက ျပဌာန္းမွာကို ကန႔္ကြက္တဲ့အေနနဲ႔ ဖုန္းကိုတူနဲ႔ ႐ိုက္ခြဲျပေနသူကေတာ့ တူရကီအတိုက္အခံပါတီ Republican People’s Party က အမတ္တစ္ဦးျဖစ္တဲ့ Burak Erbay ျဖစ္ပါတယ္။

"ဒီဥပေဒကိုသာ ျပဌာန္းျဖစ္သြားရင္ ခင္ဗ်ားတို႔ဖုန္းေတြကို ဒီလိုသာ ႐ိုက္ခြဲလိုက္ပါေတာ့” လို႔လည္း လႊတ္ေတာ္အမတ္ေတြကို သူက ေျပာဆိုခဲ့ပါတယ္။ ဒီဥပေဒဟာ သတင္းလြတ္လပ္ခြင့္ကို ထိပါးၿပီး၊ ဆင္ဆာျဖတ္ေတာက္မႈေတြ လုပ္လိမ့္မယ္လို႔လည္း သူက ဆိုပါတယ္။ တူရကီအစိုးရက အင္တာနက္ လြတ္လပ္ခြင့္အပါအဝင္ ဆိုရွယ္မီဒီယာကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတဲ့ လုပ္ရပ္တစ္ခု ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံဟာလည္း အင္တာနက္လြပ္လပ္ခြင့္ ထပ္မံက်ဆင္းသြားတယ္လို႔ Freedom House အစီရင္ခံစာမွာ ေဖာ္ျပထားတာကို ကိုးကားၿပီး VOA သတင္းဌာနက ထုတ္လႊင့္ခဲ့ပါတယ္။ ေအာက္တိုဘာ ၁၈ ရက္ေန႔က ထုတ္ျပန္ခဲ့တဲ့ အေမရိကန္အေျခစိုက္ Freedom House အဖြဲ႔ႀကီးရဲ႕ကမာၻတဝွမ္းအင္တာနက္ လြတ္လပ္ခြင့္ဆိုင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံကို အင္တာနက္ လြတ္လပ္မႈမရွိတဲ့၊ ႏိုင္ငံအျဖစ္ သတ္မွတ္ထားပါတယ္။ ကမာၻတလႊား အင္တာနက္ လြတ္လပ္မႈ ၁၂ ႏွစ္ ဆက္တိုက္က်ဆင္းလာေနၿပီး ဒီႏွစ္အတြင္း၊ အဆိုး႐ြားဆုံး က်ဆင္းတဲ့ႏိုင္ငံ ေလးခုထဲမွာ ႐ုရွား၊ ဆူဒန္၊ လစ္ဗ်ားနဲ႔အတူ ျမန္မာႏိုင္ငံကို ထည့္သြင္းထားတာ ျဖစ္ပါတယ္။

Freedom House အဖြဲ႔ႀကီးဟာ ႏိုင္ငံေပါင္း ၇၀ ရဲ႕ အင္တာနက္ လြတ္လပ္မႈေတြကို ေလ့လာသုံးသပ္ခဲ့တာ ျဖစ္ၿပီး ဒီထဲက ႏိုင္ငံ ၂၁ ႏိုင္ငံကို အင္တာနက္ လြတ္လပ္မႈမရွိတဲ့ ႏိုင္ငံေတြအျဖစ္ သတ္မွတ္ခဲ့တာပါ။ အင္တာနက္ လြတ္လပ္မႈမရွိတဲ့ ႏိုင္ငံေတြထဲမွာ ျမန္မာက ဒုတိယအဆိုးဆုံးျဖစ္ၿပီး၊ ျမန္မာေနာက္မွာေတာ့ တ႐ုတ္တစ္ႏိုင္ငံသာ ရွိပါေတာ့တယ္။ Freedom House အဖြဲ႔ႀကီးရဲ႕ အမွတ္ေပး သတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံရဲ႕ အင္တာနက္လြတ္လပ္ခြင့္ဟာ ေနာက္ထပ္ ၅ မွတ္ ထိုးက်သြားၿပီး ႏွစ္ႏွစ္တာအတြင္း ၁၉ မွတ္ က်ဆင္းသြားပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဝက္ဘ္ဆိုက္ေပါင္း ၁,၂၀၀ ေက်ာ္ ပိတ္ပင္ခဲ့သလို၊ လူမႈကြန္ယက္ေတြ အသုံးျပဳခြင့္ပိတ္ပင္တာ၊ အင္တာနက္ ျဖတ္ေတာက္တာေတြ လုပ္ေဆာင္ခဲ့တဲ့အေၾကာင္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

အခုလို အင္တာနက္လြတ္လပ္ခြင့္ က်ဆင္းလာရတာဟာ အင္တာနက္ အြန္လိုင္းေပၚကေန စစ္ေကာင္စီကို ေတာ္လွန္သူေတြနဲ႔ ဒစ္ဂ်စ္တယ္ တက္ႂကြလႈပ္ရွားမႈေတြကို စစ္တပ္က ပိုမိုျပင္းျပင္းထန္ ဖိႏွိပ္လာမႈေၾကာင့္ ျဖစ္တယ္လို႔ လြတ္လပ္ေသာ ထုတ္ေဖာ္ေျပာဆိုျခင္း ျမန္မာ(FEM) အစီရင္ခံစာက ဆိုပါတယ္။ အင္တာနက္ကို အသုံးျပဳၿပီး NUG, CRPH, PDF တို႔အျပင္၊ သူတို႔နဲ႔ ဆက္ႏြယ္သူေတြရဲ႕ အြန္လိုင္းပို႔စ္ေတြကို မွတ္ခ်က္ျပဳ၊ မွ်ေဝတာကအစ ႏွစ္ရွည္ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့ ရာဇသတ္ႀကီးဥပေဒပုဒ္မေတြနဲ႔ အေရးယူမယ္လို႔ အာဏာသိမ္း စစ္ေကာင္စီ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက စက္တင္ဘာလ ၂၀ ရက္ေန႔က ေျပာခဲ့ပါတယ္။

စစ္ေကာင္စီဟာ အင္တာနက္သုံးစြဲခြင့္ကို ထိန္းခ်ဳပ္ကန႔္သတ္ပိတ္ပင္ အေရးယူတာေတြလုပ္ေနသလို အျခားတစ္ဖက္မွာလည္း သတင္းေထာက္ေတြ၊ မီဒီယာသမားေတြကိုလည္း ဖမ္းဆီးေထာင္ခ်တာေတြ
ဆက္တိုက္လုပ္ေနတာေတြေၾကာင့္ ျမန္မာဟာ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ သိသိသာသာ က်ဆင္းလာေနတဲ့ႏိုင္ငံထဲမွာ ပါဝင္တယ္လို႔ ၿဗိတိန္အေျခစိုက္ လူ႔အခြင့္အေရးအဖြဲ႕ Article-19 အဖြဲ႕က ၿပီးခဲ့တဲ့ ဇူလိုင္လထဲမွာ ထုတ္ျပန္တဲ့ အစီရင္ခံစာမွာ ေဖာ္ျပထားတာ ေတြ႔ရပါတယ္။ ဒါေၾကာင့္လဲ ျမန္မာသတင္းမီဒီယာမ်ားနဲ႔ သတင္းသမားအမ်ားစုဟာ ေရွာင္တိမ္းပုန္းေအာင္းၿပီး၊ နယ္စပ္ေဒသမ်ားနဲ႔ အိမ္နီးခ်င္းႏိုင္ငံမ်ားကေန သတင္းအလုပ္ေတြ လုပ္ေနၾကရပါတယ္။ ျမန္မာျပည္တြင္းမွာ ရပ္တည္ဖို႔ ခက္ခဲၿပီး၊ သတင္းသမားေတြ ရင္ဆိုင္ေနရတဲ့ အႏၲရာယ္ေတြအေၾကာင္းကို Delta News Agency တည္ေထာင္သူ ဆရာစိုးရ က အခုလိုေျပာပါတယ္။

"လက္ရွိအေျခအေနမွာ သတင္းေထာက္ေတြ၊ ဓာတ္ပုံသတင္းေထာက္ေတြဟာ ဒီအခ်ိန္မွာ သတင္းနဲ႔သက္ဆိုင္တဲ့ အလုပ္ေတြကို လုပ္မေနဘူးဆိုရင္ေတာင္မွပဲ အရင္တုန္းက လုပ္ခဲ့ဖူးတာ တစ္ခုတည္းနဲ႔ကို ျမန္မာႏိုင္ငံတြင္းမွာ ေနရထိုင္ရတာ အႏၲရာယ္အရမ္းမ်ားတဲ့ အေျခအေနကို ရင္ဆိုင္ေနၾကရတယ္။ အရင္လို ေက်ာပိုးအိပ္ထဲမွာ ကြန္ပ်ဴတာထည့္၊ ကင္မရာလြယ္ၿပီး ေပၚေပၚထင္ထင္ သတင္းလိုက္လို႔၊ သတင္းယူလို႔ရတဲ့အေျခအေန မဟုတ္ေတာ့ပါဘူး။ သတင္းပညာနဲ႔ ပတ္သက္တဲ့ အသက္ေမြးဝမ္းေက်ာင္းအလုပ္ကို လုပ္မယ္ဆိုရင္ အခုခ်ိန္မွာ အသက္ေတြ၊ ဘဝေတြေပးၿပီးမွ ဆက္လုပ္လို႔ရတဲ့ အေျခအေနျဖစ္ေနၿပီေပါ့။ စစ္တပ္ေလာ္ဘီသတင္းဌာနေတြ၊ စစ္တပ္နဲ႔ မကင္းရာမကင္းေၾကာင္း သတင္းဌာနေတြက လြဲၿပီးေတာ့ လြတ္လပ္တဲ့ သတင္းဌာနေတြက ႏိုင္ငံတြင္းမွာ ဆက္လက္ရပ္တည္ဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ေတာ့ပါဘူး။ ပိတ္သိမ္းလိုက္ရင္ပိတ္သိမ္း၊ ဒါမွမဟုတ္ရင္ လြတ္ေျမာက္နယ္ေျမေတြမွာ ဆက္လက္ၿပီး ရပ္တည္ေနရတဲ့ အေနအထားေပါ့ဗ်ာ။”

ဆရာစိုးရ ေျပာသလိုပါပဲ ခုခ်ိန္မွာ သတင္းမီဒီယာအလုပ္ မလုပ္ေတာ့ရင္ေတာင္မွ အရင္ကလုပ္ခဲ့ဖူးတာနဲ႔ကို ဖမ္းဆီးေထာင္ခ်ခံရႏိုင္တယ္ဆိုတာ စစ္ကိုင္းၿမိဳ႕ ေ႐ႊမင္းဝံရပ္မွာ ေနထိုင္တဲ့ သတင္းေထာက္ ကိုရဲႏိုင္ေဆြ ဖမ္းဆီးခံရျခင္းက ထင္ရွားတဲ့သာဓကတစ္ခုပါ။ အသက္ ၄၂ ႏွစ္အ႐ြယ္ ကိုရဲႏိုင္ေဆြဟာ စစ္တပ္က အာဏာမသိမ္းခင္ကတည္းက သတင္းေထာက္အလုပ္ကို မလုပ္ေတာ့ပါဘူး။ ေက်ာက္ပုတီးလုပ္ငန္းကို လုပ္ကိုင္ေနခဲ့သူပါ။ ဒါေပမဲ့ ကိုရဲႏိုင္ေဆြကို စစ္တပ္က ၂၀၂၂၊ ဇြန္လ ၁၁ ရက္ေန႔က ဖမ္းဆီးတာခံရေၾကာင္းနဲ႔ ကိုရဲႏိုင္ေဆြလိုပဲ စစ္ကိုင္းမွာေနထိုင္တဲ့ အသက္ ၇၀ အ႐ြယ္၊ သတင္းေထာက္ေဟာင္း ဦးၾကည္ဟာလည္း ၂၀၂၂၊ ဇြန္လဆန္းပိုင္းက ဖမ္းဆီးျခင္းခံခဲ့ရပါတယ္လို႔ Myanmar Now သတင္းဌာနက ၂၀၂၂၊ ဇြန္လ ၁၆ ရက္ေန႔မွာ ေဖာ္ျပခဲ့ပါတယ္။ ျမန္မာႏိုင္ငံမွာ ေလာေလာဆယ္ ဖမ္းဆီးထိန္းသိမ္း ေထာင္ခ်ျခင္းခံထားရတဲ့ သတင္းမီဒီယာသမား ၅၅ ေယာက္ရွိတယ္။ ဒါဟာ တ႐ုတ္ႏိုင္ငံၿပီးရင္ ကမာၻမွာ ဒုတိယအမ်ားဆုံးျဖစ္တယ္လို႔ နယ္စည္းမျခားသတင္းသမားမ်ားအဖြဲ႕(RSF)ကဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္းမွာ အင္တာနက္လြတ္လပ္ခြင့္ အဆိုးဝါးဆုံးက်ဆင္းလာတဲ့ ႏိုင္ငံတစ္ႏိုင္ငံျဖစ္သလို၊ သတင္းလြတ္လပ္ခြင့္နဲ႔ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္ဟာလည္း၊ ႏိုင္ငံ ၁၈၀ ေလ့လာခ်က္မွာ အဆင့္ ၁၇၆ မွာ ေရာက္ေနပါတယ္။ သတင္းလြတ္လပ္ခြင့္မရွိ၊ လြတ္လပ္စြာ ထုတ္ေဖာ္ေျပာဆိုခြင့္လည္း မရွိ၊ အင္တာနက္လြတ္လပ္စြာ သုံးစြဲခြင့္လည္းမရွိတဲ့ အေျခအေနေတြဟာ ဒီမိုကေရစီ ဆိတ္သုဥ္းေနတဲ့ ျပယုဂ္ေတြ ျဖစ္ပါတယ္။ ဒီမိုကေရစီအခြင့္အေရးေတြ မရွိရင္ ျမန္မာႏိုင္ငံတြင္းက ပဋိပကၡေတြကို ဘယ္လိုမွ ေျဖရွင္းႏိုင္မွာ မဟုတ္ပါဘူး။ ပဋိကၡေတြကို မေျဖရွင္းႏိုင္ရင္ ၿငိမ္းခ်မ္းေရးဆိုတာလည္း ရႏိုင္မွာ မဟုတ္ပါဘူး။ ၿငိမ္းခ်မ္းတည္ၿငိမ္မႈ မရွိရင္၊ လြတ္လပ္ၿပီး တရာရမွ်တတဲ့ ေ႐ြးေကာက္ပြဲေတြလည္း မျဖစ္ေပၚႏိုင္ပါဘူး။ ဒီလိုအေျခအေနမွာ စစ္ေကာင္စီရဲ႕ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ေရးဆိုတာ စကားလုံးသက္သက္မွ်သာ ျဖစ္စရာရွိေၾကာင္းပါ။

==== Unicode ====

တူရကီလွှတ်တော်အမတ်တစ်ဦးဟာ သူ့ရဲ့လက်ကိုင်ဖုန်းကို လွှတ်တော်အစည်းအဝေးခန်းမထဲမှာ တူနဲ့ထုခွဲပြနေတဲ့ သတင်းတစ်ပုဒ်ကို အောက်တိုဘာ ၁၆ ရက်နေ့ ဘီဘီစီ သတင်းတစ်ပုဒ်မှာ ကြည့်လိုက်ရပါတယ်။ အွန်လိုင်းမှာ သတင်းမှားတွေ ဖြန့်ဝေတယ်ဆိုပြီး ထောင်ချနိုင်တဲ့ ဥပဒေတစ်ရပ် တူရကီအစိုးရက ပြဌာန်းမှာကို ကန့်ကွက်တဲ့အနေနဲ့ ဖုန်းကိုတူနဲ့ ရိုက်ခွဲပြနေသူကတော့ တူရကီအတိုက်အခံပါတီ Republican People’s Party က အမတ်တစ်ဦးဖြစ်တဲ့ Burak Erbay ဖြစ်ပါတယ်။

"ဒီဥပဒေကိုသာ ပြဌာန်းဖြစ်သွားရင် ခင်ဗျားတို့ဖုန်းတွေကို ဒီလိုသာ ရိုက်ခွဲလိုက်ပါတော့” လို့လည်း လွှတ်တော်အမတ်တွေကို သူက ပြောဆိုခဲ့ပါတယ်။ ဒီဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးပြီး၊ ဆင်ဆာဖြတ်တောက်မှုတွေ လုပ်လိမ့်မယ်လို့လည်း သူက ဆိုပါတယ်။ တူရကီအစိုးရက အင်တာနက် လွတ်လပ်ခွင့်အပါအဝင် ဆိုရှယ်မီဒီယာကို ထိန်းချုပ်ဖို့ကြိုးစားတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာလည်း အင်တာနက်လွပ်လပ်ခွင့် ထပ်မံကျဆင်းသွားတယ်လို့ Freedom House အစီရင်ခံစာမှာ ဖော်ပြထားတာကို ကိုးကားပြီး VOA သတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။ အောက်တိုဘာ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့ကြီးရဲ့ကမ္ဘာတဝှမ်းအင်တာနက် လွတ်လပ်ခွင့်ဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံကို အင်တာနက် လွတ်လပ်မှုမရှိတဲ့၊ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ ကမ္ဘာတလွှား အင်တာနက် လွတ်လပ်မှု ၁၂ နှစ် ဆက်တိုက်ကျဆင်းလာနေပြီး ဒီနှစ်အတွင်း၊ အဆိုးရွားဆုံး ကျဆင်းတဲ့နိုင်ငံ လေးခုထဲမှာ ရုရှား၊ ဆူဒန်၊ လစ်ဗျားနဲ့အတူ မြန်မာနိုင်ငံကို ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Freedom House အဖွဲ့ကြီးဟာ နိုင်ငံပေါင်း ၇၀ ရဲ့ အင်တာနက် လွတ်လပ်မှုတွေကို လေ့လာသုံးသပ်ခဲ့တာ ဖြစ်ပြီး ဒီထဲက နိုင်ငံ ၂၁ နိုင်ငံကို အင်တာနက် လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေအဖြစ် သတ်မှတ်ခဲ့တာပါ။ အင်တာနက် လွတ်လပ်မှုမရှိတဲ့ နိုင်ငံတွေထဲမှာ မြန်မာက ဒုတိယအဆိုးဆုံးဖြစ်ပြီး၊ မြန်မာနောက်မှာတော့ တရုတ်တစ်နိုင်ငံသာ ရှိပါတော့တယ်။ Freedom House အဖွဲ့ကြီးရဲ့ အမှတ်ပေး သတ်မှတ်ချက်အရ မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်ဟာ နောက်ထပ် ၅ မှတ် ထိုးကျသွားပြီး နှစ်နှစ်တာအတွင်း ၁၉ မှတ် ကျဆင်းသွားပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝက်ဘ်ဆိုက်ပေါင်း ၁,၂၀၀ ကျော် ပိတ်ပင်ခဲ့သလို၊ လူမှုကွန်ယက်တွေ အသုံးပြုခွင့်ပိတ်ပင်တာ၊ အင်တာနက် ဖြတ်တောက်တာတွေ လုပ်ဆောင်ခဲ့တဲ့အကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အခုလို အင်တာနက်လွတ်လပ်ခွင့် ကျဆင်းလာရတာဟာ အင်တာနက် အွန်လိုင်းပေါ်ကနေ စစ်ကောင်စီကို တော်လှန်သူတွေနဲ့ ဒစ်ဂျစ်တယ် တက်ကြွလှုပ်ရှားမှုတွေကို စစ်တပ်က ပိုမိုပြင်းပြင်းထန် ဖိနှိပ်လာမှုကြောင့် ဖြစ်တယ်လို့ လွတ်လပ်သော ထုတ်ဖော်ပြောဆိုခြင်း မြန်မာ(FEM) အစီရင်ခံစာက ဆိုပါတယ်။ အင်တာနက်ကို အသုံးပြုပြီး NUG, CRPH, PDF တို့အပြင်၊ သူတို့နဲ့ ဆက်နွယ်သူတွေရဲ့ အွန်လိုင်းပို့စ်တွေကို မှတ်ချက်ပြု၊ မျှဝေတာကအစ နှစ်ရှည်ထောင်ဒဏ်ချမှတ်နိုင်တဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မတွေနဲ့ အရေးယူမယ်လို့ အာဏာသိမ်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၂၀ ရက်နေ့က ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ အင်တာနက်သုံးစွဲခွင့်ကို ထိန်းချုပ်ကန့်သတ်ပိတ်ပင် အရေးယူတာတွေလုပ်နေသလို အခြားတစ်ဖက်မှာလည်း သတင်းထောက်တွေ၊ မီဒီယာသမားတွေကိုလည်း ဖမ်းဆီးထောင်ချတာတွေ
ဆက်တိုက်လုပ်နေတာတွေကြောင့် မြန်မာဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် သိသိသာသာ ကျဆင်းလာနေတဲ့နိုင်ငံထဲမှာ ပါဝင်တယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article-19 အဖွဲ့က ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါကြောင့်လဲ မြန်မာသတင်းမီဒီယာများနဲ့ သတင်းသမားအများစုဟာ ရှောင်တိမ်းပုန်းအောင်းပြီး၊ နယ်စပ်ဒေသများနဲ့ အိမ်နီးချင်းနိုင်ငံများကနေ သတင်းအလုပ်တွေ လုပ်နေကြရပါတယ်။ မြန်မာပြည်တွင်းမှာ ရပ်တည်ဖို့ ခက်ခဲပြီး၊ သတင်းသမားတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေအကြောင်းကို Delta News Agency တည်ထောင်သူ ဆရာစိုးရ က အခုလိုပြောပါတယ်။

"လက်ရှိအခြေအနေမှာ သတင်းထောက်တွေ၊ ဓာတ်ပုံသတင်းထောက်တွေဟာ ဒီအချိန်မှာ သတင်းနဲ့သက်ဆိုင်တဲ့ အလုပ်တွေကို လုပ်မနေဘူးဆိုရင်တောင်မှပဲ အရင်တုန်းက လုပ်ခဲ့ဖူးတာ တစ်ခုတည်းနဲ့ကို မြန်မာနိုင်ငံတွင်းမှာ နေရထိုင်ရတာ အန္တရာယ်အရမ်းများတဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်။ အရင်လို ကျောပိုးအိပ်ထဲမှာ ကွန်ပျူတာထည့်၊ ကင်မရာလွယ်ပြီး ပေါ်ပေါ်ထင်ထင် သတင်းလိုက်လို့၊ သတင်းယူလို့ရတဲ့အခြေအနေ မဟုတ်တော့ပါဘူး။ သတင်းပညာနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်မယ်ဆိုရင် အခုချိန်မှာ အသက်တွေ၊ ဘဝတွေပေးပြီးမှ ဆက်လုပ်လို့ရတဲ့ အခြေအနေဖြစ်နေပြီပေါ့။ စစ်တပ်လော်ဘီသတင်းဌာနတွေ၊ စစ်တပ်နဲ့ မကင်းရာမကင်းကြောင်း သတင်းဌာနတွေက လွဲပြီးတော့ လွတ်လပ်တဲ့ သတင်းဌာနတွေက နိုင်ငံတွင်းမှာ ဆက်လက်ရပ်တည်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။ ပိတ်သိမ်းလိုက်ရင်ပိတ်သိမ်း၊ ဒါမှမဟုတ်ရင် လွတ်မြောက်နယ်မြေတွေမှာ ဆက်လက်ပြီး ရပ်တည်နေရတဲ့ အနေအထားပေါ့ဗျာ။”

ဆရာစိုးရ ပြောသလိုပါပဲ ခုချိန်မှာ သတင်းမီဒီယာအလုပ် မလုပ်တော့ရင်တောင်မှ အရင်ကလုပ်ခဲ့ဖူးတာနဲ့ကို ဖမ်းဆီးထောင်ချခံရနိုင်တယ်ဆိုတာ စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်မှာ နေထိုင်တဲ့ သတင်းထောက် ကိုရဲနိုင်ဆွေ ဖမ်းဆီးခံရခြင်းက ထင်ရှားတဲ့သာဓကတစ်ခုပါ။ အသက် ၄၂ နှစ်အရွယ် ကိုရဲနိုင်ဆွေဟာ စစ်တပ်က အာဏာမသိမ်းခင်ကတည်းက သတင်းထောက်အလုပ်ကို မလုပ်တော့ပါဘူး။ ကျောက်ပုတီးလုပ်ငန်းကို လုပ်ကိုင်နေခဲ့သူပါ။ ဒါပေမဲ့ ကိုရဲနိုင်ဆွေကို စစ်တပ်က ၂၀၂၂၊ ဇွန်လ ၁၁ ရက်နေ့က ဖမ်းဆီးတာခံရကြောင်းနဲ့ ကိုရဲနိုင်ဆွေလိုပဲ စစ်ကိုင်းမှာနေထိုင်တဲ့ အသက် ၇၀ အရွယ်၊ သတင်းထောက်ဟောင်း ဦးကြည်ဟာလည်း ၂၀၂၂၊ ဇွန်လဆန်းပိုင်းက ဖမ်းဆီးခြင်းခံခဲ့ရပါတယ်လို့ Myanmar Now သတင်းဌာနက ၂၀၂၂၊ ဇွန်လ ၁၆ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လောလောဆယ် ဖမ်းဆီးထိန်းသိမ်း ထောင်ချခြင်းခံထားရတဲ့ သတင်းမီဒီယာသမား ၅၅ ယောက်ရှိတယ်။ ဒါဟာ တရုတ်နိုင်ငံပြီးရင် ကမ္ဘာမှာ ဒုတိယအများဆုံးဖြစ်တယ်လို့ နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)ကဆိုပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာ အင်တာနက်လွတ်လပ်ခွင့် အဆိုးဝါးဆုံးကျဆင်းလာတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်သလို၊ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဟာလည်း၊ နိုင်ငံ ၁၈၀ လေ့လာချက်မှာ အဆင့် ၁၇၆ မှာ ရောက်နေပါတယ်။ သတင်းလွတ်လပ်ခွင့်မရှိ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လည်း မရှိ၊ အင်တာနက်လွတ်လပ်စွာ သုံးစွဲခွင့်လည်းမရှိတဲ့ အခြေအနေတွေဟာ ဒီမိုကရေစီ ဆိတ်သုဉ်းနေတဲ့ ပြယုဂ်တွေ ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အရေးတွေ မရှိရင် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို ဘယ်လိုမှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ပဋိက္ခတွေကို မဖြေရှင်းနိုင်ရင် ငြိမ်းချမ်းရေးဆိုတာလည်း ရနိုင်မှာ မဟုတ်ပါဘူး။ ငြိမ်းချမ်းတည်ငြိမ်မှု မရှိရင်၊ လွတ်လပ်ပြီး တရာရမျှတတဲ့ ရွေးကောက်ပွဲတွေလည်း မဖြစ်ပေါ်နိုင်ပါဘူး။ ဒီလိုအခြေအနေမှာ စစ်ကောင်စီရဲ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတာ စကားလုံးသက်သက်မျှသာ ဖြစ်စရာရှိကြောင်းပါ။

XS
SM
MD
LG