သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူကြိုက်အများဆုံး ပုဂ္ဂိုလ်များစာရင်း ဒေါ်စုပါဝင်


world's most admired 2015
world's most admired 2015

၂၀၁၅ ခုနှစ်အတွက် မြတ်နိုးစရာအကောင်းဆုံး (World’s Most Admired 2015) ပုဂ္ဂိုလ်တွေအဖြစ် ရုပ်ရှင်သရုပ်ဆောင် Angelina Jolie နဲ့ မိုက်ခရိုဆော့ဖ် ဘီလျံနာ သူဌေးကြီး Bill Gates တို့ကို မဲပေး ရွေးချယ်လိုက်ကြတယ်လို့ ဗြိတိန်က ဈေးကွက်သုတေသန YouGov က ကြေငြာလိုက်ပါတယ်။

နိုင်ငံပေါင်း ၂၃ နိုင်ငံက လူပေါင်း ၂သောင်းခွဲဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ကမ္ဘာ့ပြည်သူတွေဟာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးသံ Jolie တို့၊ ကမ္ဘာတဝှမ်း ပညာရေးနဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး လုပ်နေတဲ့ Gates တို့လို လူသားချင်း စာနာမှုဆိုင်ရာ လုပ်ဆောင်တဲ့ သူတွေကို ပိုမြတ်နိုးကြကြောင်းလည်း ပြောပါတယ်။

အမျိုးသမီးတွေထဲမှာ ဒုတိယအဖြစ် အရွေးခံခဲ့ရသူက ပါကစ္စတန်က ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရ ကျောင်းသူလေး Malala Yusafzai ဖြစ်ပြီး တတိယက Hillary Clinton နဲ့ ဗြိတိန်ဘုရင်မကြီး အယ်လီဇဘတ်က စတုတ္ထနဲ့ အမေရိကန် သမ္မတကတော် Michelle Obama က ပဉ္စမ နေရာမှာ ရှိပါတယ်။

အမျိုးသားတွေထဲမှာတော့ အမေရိကန် သမ္မတ Barack Obama က ဒုတိယနဲ့ တတိယက တရုတ်သမ္မတ Xi Jinping ဖြစ်ပါတယ်။ ဟောင်ကောင်မင်းသား Jackie Chan ကတော့ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ပုပ်ရဟန်းမင်းကြီး Francis အပြင် တိဘက်ဘုန်းတော်ကြီး Dalai Lama တို့ကိုကျော်ပြီး စတုတ္ထနေရာမှာ အရွေးခံခဲ့ရသူပါ။

အဆိုတော် Celine Dion နဲ့ ရုပ်ရှင်မင်းသမီး Julia Roberts တို့ကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂျာမနီ ဝန်ကြီးချုပ် Angela Merkel တို့ထက် လူကြိုက်ပိုများကြတာ တွေ့ရပါတယ်။

XS
SM
MD
LG