သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီရဲ႕ NGO ဥပေဒသစ္ေၾကာင့္ လူသားခ်င္းစာနာမႈအကူအညီ ေပးေဝေရးကို ထိခိုက္လာႏိုင္


ကမာၻ႔ျမန္မာ့ မီဒီယာျမင္ကြင္း

ျပည္ေသြးႏိုင္တင္ဆက္ေနတဲ့ ကမာၻ႔ျမန္မာ့မီဒီယာျမင္ကြင္းအစီအစဥ္မွာ ဒီတပတ္အတြက္ စစ္ေကာင္စီရဲ႕ အသင္းအဖြဲ႕မွတ္ပုံတင္ဥပေဒသစ္ေၾကာင့္ လူသားခ်င္းစာနာမႈအကူအညီ ေပးေဝေရးကို ထိခိုက္လာႏိုင္ေျခရွိမရွိ ေဆြးေႏြးတင္ျပမွာပါ။ မအင္ၾကင္းႏိုင္က ကူညီတင္ဆက္ထားပါတယ္။

ျမန္မာႏိုင္ငံမွာ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္အာဏာသိမ္းခ်ိန္ကစလို႔ ဒီႏွစ္၂၀၂၂ ေအာက္တိုဘာလကုန္ထိ ႏိုင္ငံတဝွမ္းၿမိဳ႕နယ္ေပါင္း ၈၁ ၿမိဳ႕နယ္မွာ ေနအိမ္ေပါင္း ၃၈,၀၀၀ ေက်ာ္ မီးရႈိ႕ဖ်က္ဆီးျခင္းခံခဲ့ရတယ္လို႔ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေရးရာေလ့လာေရးအဖြဲ႕ (ISP) က ထုတ္ျပန္ထားတာ ေတြ႔ရပါတယ္။

ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးအဖြဲ႔ UNOCHA ရဲ႕ အစီရင္ခံစာကေတာ့ ျမန္မာလူဦးေရ ၁၅ သန္းေက်ာ္အတြက္ လူသားခ်င္းစာနာမႈအကူအညီ အေမရိကန္ေဒၚလာ ၆၄၃ သန္း လိုအပ္ေနတယ္။ လက္နက္ကိုင္ ပဋိပကၡေတြေၾကာင့္ ေနအိမ္စြန္႔ခြါရသူ အိုးမဲ့အိမ္မဲ့အေရအတြက္ဟာ လူေပါင္းတစ္သန္းေလးသိန္း ရွိတယ္လို႔ ဆိုပါတယ္။

အခုလို လူသားခ်င္းစာနာမႈ အကူအညီ လိုအပ္ေနသူေတြ၊ အိုးအိမ္စြန္႔ခြါ ထြက္ေျပးေနရတဲ့ စစ္ေဘးဒုကၡသည္ေတြကို ကုလသမဂၢလက္ေအာက္ခံ အဖြဲ႔အစည္းေတြ၊ အစိုးရမဟုတ္တဲ့ INGO ေတြ၊ ျပည္တြင္းက NGO အရပ္ဘက္ အဖြဲ႔အစည္းေတြ၊ လူမႈေရးအသင္းအဖြဲ႔ေတြက အဓိက ကူညီေထာက္ပံ့ေပးေနၾကတာ ျဖစ္ပါတယ္။ အဲဒီလို အကူအညီ အေထာက္အပံ့ေပးေနတဲ့ အဖြဲ႔အစည္းေတြအတြက္ ႀကီးမားတဲ့ စိန္ေခၚမႈ၊ ဆက္လက္ရပ္တည္ေဆာင္႐ြက္ဖို႔ အခက္အခဲ၊ အႏၲရာယ္ေတြ ျဖစ္ေစႏိုင္တဲ့ ဥပေဒတစ္ခုကို စစ္ေကာင္စီက ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၈ ရက္ေန႔က ျပဌာန္းခဲ့ပါတယ္။ အဲဒီ ဥပေဒကေတာ့ အသင္းအဖြဲ႔မွတ္ပုံတင္ ဥပေဒသစ္ပဲ ျဖစ္ပါတယ္။

ဒီဥပေဒသစ္ဟာ ျမန္မာႏိုင္ငံရွိ ျပည္တြင္းျပည္ပ အသင္းအဖြဲ႔မ်ားကို ေထာင္ဒဏ္ ၅ ႏွစ္နဲ႔ က်ပ္သိန္း ၅၀ အထိ ဒဏ္႐ိုက္ႏိုင္တဲ့ ဥပေဒ ျဖစ္တယ္။ စစ္ေကာင္စီအေနနဲ႔ အသင္းအဖြဲမ်ားကို ပိုမိုဖိႏွိပ္ရန္ ရည္႐ြယ္တာ ျဖစ္တယ္လို႔ Myanmar Now က ေရးသားပါတယ္။ ဥပေဒသစ္အရ မည္သည့္ အရပ္ဘက္အဖြဲ႔အစည္းမဆို မွတ္ပုံတင္ရမွာျဖစ္ၿပီး၊ ပ်က္ကြက္ရင္ ေထာင္ဒဏ္ ၃ ႏွစ္ (သို႔မဟုတ္) ဒဏ္ေငြက်ပ္ ၁၀ သိန္း၊ အၾကမ္းဖက္အျဖစ္ သတ္မွတ္ထားတဲ့ လူပုဂၢိဳလ္၊ အဖြဲ႔အစည္းမ်ားနဲ႔ ဆက္သြယ္ပါက ဒဏ္ေငြက်ပ္သိန္း ၅၀ နဲ႔ ေထာင္ဒဏ္ ၅ ႏွစ္အထိ ခ်မွတ္ႏိုင္တယ္လို႔ ဆိုပါတယ္။ ၂၀၁၄ ခုႏွစ္ ဦးသိန္းစိန္အစိုးရလက္ထက္မွာ ျပည္ေထာင္စုလႊတ္ေတာ္က ျပဌာန္းခဲ့တဲ့အသင္းအဖြဲ႔ မွတ္ပုံတင္ျခင္းဆိုင္ရာ ဥပေဒကို ဖ်က္သိမ္းၿပီး အခု ဥပေဒသစ္ကို စစ္ေကာင္စီက ျပဌာန္းခဲ့တာပါ။ ၂၀၁၄ ခုႏွစ္က ျပဌာန္းခဲ့တဲ့ ဥပေဒမွာ ေထာင္ဒဏ္သတ္မွတ္ခ်က္ မပါဝင္ပါဘူး။ ဒဏ္ေငြသာပါဝင္တာ ျဖစ္ပါတယ္။ ဒါ့အျပင္ မိမိတို႔ၿမိဳ႕နယ္အတြင္း၊ တိုင္းေဒသအတြင္းသာ လုပ္ေဆာင္တဲ့ အသင္းအဖြဲ႔ေတြအေနနဲ႔ မွတ္ပုံတင္စရာလည္း မလိုအပ္ပါဘူး။

စစ္ေကာင္စီရဲ႕ ဥပေဒသစ္မွာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားအေနနဲ႔ ဘုတ္အဖြဲ႕ဝင္ေနရာမွာ ျမန္မာႏိုင္ငံသား ၄၀ ရာခိုင္ႏႈန္းအထိ ထည့္သြင္းခန္႔ထားရမယ္။ အသင္းအဖြဲ႔မ်ားအေနနဲ႔ ႏိုင္ငံေရး၊ ဘာသာေရးနဲ႔ ျပည္တြင္းေရးကိစၥရပ္ေတြမွာ ပါဝင္ေဆာင္႐ြက္ျခင္း မျပဳရဘူး။ အစိုးရဌာနမ်ားက အခ်ိန္မေ႐ြး ဝင္ေရာက္စစ္ေဆးခြင့္ ရွိတယ္လို႔လည္း တင္းၾကပ္ထားတာ ေတြ႔ရပါတယ္။ ဒါေၾကာင့္ မွတ္ပုံမတင္တဲ့ အသင္းအဖြဲ႔ေတြဟာ Underground (ေျမေအာက္လႈပ္ရွားမႈ) အသြင္ ကူးေျပာင္းလုပ္ေဆာင္ရမယ့္ အေနအထားကို ေရာက္ရွိသြားေစမွာ ျဖစ္တဲ့အျပင္ အာဏာသိမ္းစစ္ေကာင္စီရဲ႕ ဥပေဒသစ္ေၾကာင့္ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ၊ NGO အဖြဲ႔အစည္းေတြနဲ႔ လူမႈေရးအသင္းအဖြဲ႔ေတြရဲ႕ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အကူအညီေပးေရး အစီအစဥ္ေတြ ကန္႔သတ္ျခင္းခံရၿပီး၊ ဆုတ္ယုတ္က်ဆင္းသြားႏိုင္တယ္လို႔ ေဝဖန္မႈေတြ ရွိေနပါတယ္။

ဒီဥပေဒသစ္နဲ႔ ပတ္သက္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရအဖြဲ႔ (NUG) ရဲ႕လူ႔အခြင့္အေရးဝန္ႀကီး ဦးေအာင္မ်ိဳးမင္းက အခုလို ေဝဖန္ေျပာၾကားပါတယ္။

"အခုျပဌာန္းတဲ့ အသင္းအဖြဲ႔ မွတ္ပုံတင္ဥပေဒကေတာ့ ဘာကိစၥလုပ္လုပ္ လုပ္ေဆာင္မယ့္ အဖြဲ႔အစည္းအားလုံးကို တင္းၾကပ္ထိန္းခ်ဳပ္ၿပီး၊ အျပစ္ေပးဖို႔ ရည္႐ြယ္တာပါပဲ။ အသင္းအဖြဲ႔ေတြ လြတ္လြတ္လပ္လပ္ လုပ္ႏိုင္ဖို႔ အဲဒီလိုမ်ိဳး မဟုတ္ဘဲ အသင္းအဖြဲ႔ေတြရဲ႕ လုပ္ရပ္ကို ထိန္းခ်ဳပ္မယ္။ တခ်ိန္တည္းမွာပဲ ဒီမိုကေရစီေရးနဲ႔ ပတ္သက္ၿပီး၊ လုပ္ေဆာင္ေနတဲ့အဖြဲ႔ေတြ၊ လူသားခ်င္းစာနာမႈ အကူအညီ လုပ္ေဆာင္ေနတဲ့ အဖြဲ႔အ
စည္းေတြကို ရာဇဝတ္မႈတပ္ၿပီး အေရးယူႏိုင္ဖို႔အတြက္ တမင္သက္သက္ ျပဌာန္းလိုက္တဲ့ မတရားေၾကညာခ်က္ပဲ ျဖစ္ပါတယ္။ ဥပေဒလို႔ေတာင္ ေျပာလို႔ မရပါဘူး။ ဥပေဒဆိုတာ ျပည္သူကို အကာအကြယ္ေပးတာ ျဖစ္ရမယ့္အစား ပိုဖိႏွိပ္ဖို႔ ျဖစ္ေနပါတယ္။ ပထမဦးဆုံးကေတာ့ လုပ္ေဆာင္တဲ့ အဖြဲ႔အစည္းေတြမွာ ပါဝင္သူေတြက တင္းၾကပ္လွတဲ့ ေစာင့္ၾကည့္မႈေတြ၊ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး အေရးယူမႈေတြ ျဖစ္လာႏိုင္တယ္။ တခ်ိန္တည္းမွာပဲ လူသားခ်င္းစာနာမႈ အကူအညီေတြ လုပ္ေဆာင္မယ့္ အဖြဲ႔အစည္းေတြကို ကန္႔သတ္ၿပီးေတာ့ သူတိုနဲ႔ ပူးေပါင္း၊ သူတို႔အတြက္ အႏၲရာယ္ မရွိေစတဲ့ လုပ္ငန္းေတြပဲ လုပ္ေဆာင္ဖို႔အတြက္ တိတိက်က် လုပ္ေဆာင္လိုက္တာပါပဲ။ ဘယ္လိုမွ ဒီလိုအမိန္႔မ်ိဳးေအာက္မွာ လုပ္ေဆာင္ႏိုင္မွာ မဟုတ္ပါဘူး။ လိုအပ္တဲ့ ျပည္သူေတြလည္း အကူအညီေတြရႏိုင္မွာ မဟုတ္ပါဘူး”

The Guardian သတင္းစာကေတာ့ "စစ္ေကာင္စီရဲ႕ ေျပာင္းလဲျပဌာန္းလိုက္တဲ့ ဥပေဒဟာ ျမန္မာ့အကူအညီ အေထာက္ပံ့ေပးေရးသမားေတြအတြက္ အေရးေပၚအႏၲရာယ္နဲ႔ ရင္ဆိုင္ေနရၿပီလို႔ ကြၽမ္းက်င္သူေတြက သတိေပး” လို႔ ေခါင္းစဥ္ေပးၿပီး ေဆာင္းပါးေရးပါတယ္။ ျပည္တြင္းနဲ႔ ႏိုင္ငံတကာ အကူအညီေပးေရးအဖြဲ႔အစည္းေတြ၊ ေအဂ်င္စီေတြဟာ စစ္ေကာင္စီထံမွာ မွတ္ပုံတင္ၾကမလား ဒါမွမဟုတ္ မွတ္ပုံမတင္ဘဲ
ဆက္လုပ္ၾကမလားဆိုတာ ေ႐ြးခ်ယ္ၾကရေတာ့မယ္။ စစ္ေကာင္စီရဲ႕ ဥပေဒဟာ အကူအညီေပးမႈေတြနဲ႔ အကူအညီ ျဖန္႔ေဝမႈေတြကို အျပည့္အဝထိန္းခ်ဳပ္မယ္လို႔ သတိေပးအခ်က္ျပလိုက္တာ ျဖစ္တယ္။ ဒီဥပေဒေၾကာင့္ အကူအညီလိုအပ္ခ်က္ အက်ပ္အတည္း ျဖစ္ေနတဲ့ႏိုင္ငံကို ပိုအက်ပ္႐ိုက္ေစတယ္။ CSO အဖြဲ႔အစည္း အမ်ားစုကေတာ့ စစ္ေကာင္စီထံမွာ မွတ္ပုံတင္ၾကမွာ မဟုတ္ဘူး။ မွတ္ပုံတင္ဖို႔ ျငင္းပယ္ၾကလိမ့္မယ္။ ဘာေၾကာင့္လည္းဆိုေတာ့ စစ္တပ္အာဏာသိမ္းတာကို အသိအမွတ္ျပဳရာ ေရာက္မွာကို မလိုလားၾကလို႔ ျဖစ္တယ္။ ဒါေၾကာင့္ CSO အမ်ားစုကေတာ့ မွတ္ပုံမတင္ဘဲ စြန္႔စားၿပီး ဆက္လုပ္ၾကလိမ့္မယ္။ မွတ္ပုံမတင္တဲ့ အဖြဲ႕အစည္းေတြဟာ အႏၲရာယ္ေတြနဲ႔ ရင္ဆိုင္ရႏိုင္ေျခ ျမင့္မားတယ္လို႔ The Guardian မွာ ေရးသားထားပါတယ္။

ICNL လို႔ေခၚတဲ့ International Center for Not-for-Profit Law အဖြဲ႔ရဲ႕ ၂၀၁၄ ခုႏွစ္က ထုတ္ျပန္တဲ့ အစီရင္ခံစာအရ ျမန္မာႏိုင္ငံမွာ အရပ္ဘက္အဖြဲ႔အစည္းေပါင္း တစ္ေသာင္းေက်ာ္ ရွိတယ္လို႔ သိရပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း CSO အဖြဲ႔အမ်ားစုဟာ စစ္ေကာင္စီနဲ႔ မပူးေပါင္း၊ မေဆာင္႐ြက္ေရး "မူ” ကို ကိုင္ဆြဲထားၾကတာပါ။ အခု ျပဌာန္းလိုက္တဲ့ စစ္ေကာင္စီရဲ႕ အသင္းအဖြဲ႔ မွတ္ပုံတင္ဥပေဒေၾကာင့္အသင္းအဖြဲ႔ေတြ မွတ္ပုံတင္မလား၊ မတင္ဘူးလားဆိုတာ ဆုံးျဖတ္ၾကရေတာ့မွာ ျဖစ္သလို CSO အဖြဲ႔ေတြၾကားမွာလည္း သေဘာထားေတြ ကြဲျပားလာႏိုင္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီဥပေဒေၾကာင့္ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြ၊ ျပည္တြင္းအဖြဲ႔အစည္းေတြအေနနဲ႔ လက္ရွိေဆာင္႐ြက္ေနတဲ့ အကူအညီေပးေရး လုပ္ငန္းစဥ္ေတြကို အခက္အခဲျဖစ္ေစ၊ ေႏွာင့္ေႏွးထိခိုက္ေစမွာကေတာ့ ေသခ်ာလွပါတယ္။ ဒါေၾကာင့္ အကူအညီ လိုအပ္ေနသူေတြထံ အကူအညီေတြ ေရာက္ရွိႏိုင္ေရးဟာလည္း မလြဲမေသြေလ်ာ့က်သြားႏိုင္စရာရွိေၾကာင္းပါ။

=== Unicode =====

ကမ္ဘာ့မြန်မာ့ မီဒီယာမြင်ကွင်း

ပြည်သွေးနိုင်တင်ဆက်နေတဲ့ ကမ္ဘာ့မြန်မာ့မီဒီယာမြင်ကွင်းအစီအစဉ်မှာ ဒီတပတ်အတွက် စစ်ကောင်စီရဲ့ အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေသစ်ကြောင့် လူသားချင်းစာနာမှုအကူအညီ ပေးဝေရေးကို ထိခိုက်လာနိုင်ခြေရှိမရှိ ဆွေးနွေးတင်ပြမှာပါ။ မအင်ကြင်းနိုင်က ကူညီတင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံမှာ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဒီနှစ်၂၀၂၂ အောက်တိုဘာလကုန်ထိ နိုင်ငံတဝှမ်းမြို့နယ်ပေါင်း ၈၁ မြို့နယ်မှာ နေအိမ်ပေါင်း ၃၈,၀၀၀ ကျော် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရတယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ (ISP) က ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ UNOCHA ရဲ့ အစီရင်ခံစာကတော့ မြန်မာလူဦးရေ ၁၅ သန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီ အမေရိကန်ဒေါ်လာ ၆၄၃ သန်း လိုအပ်နေတယ်။ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နေအိမ်စွန့်ခွါရသူ အိုးမဲ့အိမ်မဲ့အရေအတွက်ဟာ လူပေါင်းတစ်သန်းလေးသိန်း ရှိတယ်လို့ ဆိုပါတယ်။

အခုလို လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသူတွေ၊ အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ INGO တွေ၊ ပြည်တွင်းက NGO အရပ်ဘက် အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေက အဓိက ကူညီထောက်ပံ့ပေးနေကြတာ ဖြစ်ပါတယ်။ အဲဒီလို အကူအညီ အထောက်အပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှု၊ ဆက်လက်ရပ်တည်ဆောင်ရွက်ဖို့ အခက်အခဲ၊ အန္တရာယ်တွေ ဖြစ်စေနိုင်တဲ့ ဥပဒေတစ်ခုကို စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က ပြဌာန်းခဲ့ပါတယ်။ အဲဒီ ဥပဒေကတော့ အသင်းအဖွဲ့မှတ်ပုံတင် ဥပဒေသစ်ပဲ ဖြစ်ပါတယ်။

ဒီဥပဒေသစ်ဟာ မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ အသင်းအဖွဲ့များကို ထောင်ဒဏ် ၅ နှစ်နဲ့ ကျပ်သိန်း ၅၀ အထိ ဒဏ်ရိုက်နိုင်တဲ့ ဥပဒေ ဖြစ်တယ်။ စစ်ကောင်စီအနေနဲ့ အသင်းအဖွဲများကို ပိုမိုဖိနှိပ်ရန် ရည်ရွယ်တာ ဖြစ်တယ်လို့ Myanmar Now က ရေးသားပါတယ်။ ဥပဒေသစ်အရ မည်သည့် အရပ်ဘက်အဖွဲ့အစည်းမဆို မှတ်ပုံတင်ရမှာဖြစ်ပြီး၊ ပျက်ကွက်ရင် ထောင်ဒဏ် ၃ နှစ် (သို့မဟုတ်) ဒဏ်ငွေကျပ် ၁၀ သိန်း၊ အကြမ်းဖက်အဖြစ် သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပါက ဒဏ်ငွေကျပ်သိန်း ၅၀ နဲ့ ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် ဦးသိန်းစိန်အစိုးရလက်ထက်မှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းခဲ့တဲ့အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ဖျက်သိမ်းပြီး အခု ဥပဒေသစ်ကို စစ်ကောင်စီက ပြဌာန်းခဲ့တာပါ။ ၂၀၁၄ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဥပဒေမှာ ထောင်ဒဏ်သတ်မှတ်ချက် မပါဝင်ပါဘူး။ ဒဏ်ငွေသာပါဝင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိတို့မြို့နယ်အတွင်း၊ တိုင်းဒေသအတွင်းသာ လုပ်ဆောင်တဲ့ အသင်းအဖွဲ့တွေအနေနဲ့ မှတ်ပုံတင်စရာလည်း မလိုအပ်ပါဘူး။

စစ်ကောင်စီရဲ့ ဥပဒေသစ်မှာ နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ ဘုတ်အဖွဲ့ဝင်နေရာမှာ မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်းအထိ ထည့်သွင်းခန့်ထားရမယ်။ အသင်းအဖွဲ့များအနေနဲ့ နိုင်ငံရေး၊ ဘာသာရေးနဲ့ ပြည်တွင်းရေးကိစ္စရပ်တွေမှာ ပါဝင်ဆောင်ရွက်ခြင်း မပြုရဘူး။ အစိုးရဌာနများက အချိန်မရွေး ဝင်ရောက်စစ်ဆေးခွင့် ရှိတယ်လို့လည်း တင်းကြပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် မှတ်ပုံမတင်တဲ့ အသင်းအဖွဲ့တွေဟာ Underground (မြေအောက်လှုပ်ရှားမှု) အသွင် ကူးပြောင်းလုပ်ဆောင်ရမယ့် အနေအထားကို ရောက်ရှိသွားစေမှာ ဖြစ်တဲ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ ဥပဒေသစ်ကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ NGO အဖွဲ့အစည်းတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အစီအစဉ်တွေ ကန့်သတ်ခြင်းခံရပြီး၊ ဆုတ်ယုတ်ကျဆင်းသွားနိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒီဥပဒေသစ်နဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ဝေဖန်ပြောကြားပါတယ်။

"အခုပြဌာန်းတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေကတော့ ဘာကိစ္စလုပ်လုပ် လုပ်ဆောင်မယ့် အဖွဲ့အစည်းအားလုံးကို တင်းကြပ်ထိန်းချုပ်ပြီး၊ အပြစ်ပေးဖို့ ရည်ရွယ်တာပါပဲ။ အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ အဲဒီလိုမျိုး မဟုတ်ဘဲ အသင်းအဖွဲ့တွေရဲ့ လုပ်ရပ်ကို ထိန်းချုပ်မယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး၊ လုပ်ဆောင်နေတဲ့အဖွဲ့တွေ၊ လူသားချင်းစာနာမှု အကူအညီ လုပ်ဆောင်နေတဲ့ အဖွဲ့အ
စည်းတွေကို ရာဇဝတ်မှုတပ်ပြီး အရေးယူနိုင်ဖို့အတွက် တမင်သက်သက် ပြဌာန်းလိုက်တဲ့ မတရားကြေညာချက်ပဲ ဖြစ်ပါတယ်။ ဥပဒေလို့တောင် ပြောလို့ မရပါဘူး။ ဥပဒေဆိုတာ ပြည်သူကို အကာအကွယ်ပေးတာ ဖြစ်ရမယ့်အစား ပိုဖိနှိပ်ဖို့ ဖြစ်နေပါတယ်။ ပထမဦးဆုံးကတော့ လုပ်ဆောင်တဲ့ အဖွဲ့အစည်းတွေမှာ ပါဝင်သူတွေက တင်းကြပ်လှတဲ့ စောင့်ကြည့်မှုတွေ၊ အကြောင်းအမျိုးမျိုးပြပြီး အရေးယူမှုတွေ ဖြစ်လာနိုင်တယ်။ တချိန်တည်းမှာပဲ လူသားချင်းစာနာမှု အကူအညီတွေ လုပ်ဆောင်မယ့် အဖွဲ့အစည်းတွေကို ကန့်သတ်ပြီးတော့ သူတိုနဲ့ ပူးပေါင်း၊ သူတို့အတွက် အန္တရာယ် မရှိစေတဲ့ လုပ်ငန်းတွေပဲ လုပ်ဆောင်ဖို့အတွက် တိတိကျကျ လုပ်ဆောင်လိုက်တာပါပဲ။ ဘယ်လိုမှ ဒီလိုအမိန့်မျိုးအောက်မှာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ လိုအပ်တဲ့ ပြည်သူတွေလည်း အကူအညီတွေရနိုင်မှာ မဟုတ်ပါဘူး”

The Guardian သတင်းစာကတော့ "စစ်ကောင်စီရဲ့ ပြောင်းလဲပြဌာန်းလိုက်တဲ့ ဥပဒေဟာ မြန်မာ့အကူအညီ အထောက်ပံ့ပေးရေးသမားတွေအတွက် အရေးပေါ်အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ကျွမ်းကျင်သူတွေက သတိပေး” လို့ ခေါင်းစဉ်ပေးပြီး ဆောင်းပါးရေးပါတယ်။ ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ အေဂျင်စီတွေဟာ စစ်ကောင်စီထံမှာ မှတ်ပုံတင်ကြမလား ဒါမှမဟုတ် မှတ်ပုံမတင်ဘဲ
ဆက်လုပ်ကြမလားဆိုတာ ရွေးချယ်ကြရတော့မယ်။ စစ်ကောင်စီရဲ့ ဥပဒေဟာ အကူအညီပေးမှုတွေနဲ့ အကူအညီ ဖြန့်ဝေမှုတွေကို အပြည့်အဝထိန်းချုပ်မယ်လို့ သတိပေးအချက်ပြလိုက်တာ ဖြစ်တယ်။ ဒီဥပဒေကြောင့် အကူအညီလိုအပ်ချက် အကျပ်အတည်း ဖြစ်နေတဲ့နိုင်ငံကို ပိုအကျပ်ရိုက်စေတယ်။ CSO အဖွဲ့အစည်း အများစုကတော့ စစ်ကောင်စီထံမှာ မှတ်ပုံတင်ကြမှာ မဟုတ်ဘူး။ မှတ်ပုံတင်ဖို့ ငြင်းပယ်ကြလိမ့်မယ်။ ဘာကြောင့်လည်းဆိုတော့ စစ်တပ်အာဏာသိမ်းတာကို အသိအမှတ်ပြုရာ ရောက်မှာကို မလိုလားကြလို့ ဖြစ်တယ်။ ဒါကြောင့် CSO အများစုကတော့ မှတ်ပုံမတင်ဘဲ စွန့်စားပြီး ဆက်လုပ်ကြလိမ့်မယ်။ မှတ်ပုံမတင်တဲ့ အဖွဲ့အစည်းတွေဟာ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်ခြေ မြင့်မားတယ်လို့ The Guardian မှာ ရေးသားထားပါတယ်။

ICNL လို့ခေါ်တဲ့ International Center for Not-for-Profit Law အဖွဲ့ရဲ့ ၂၀၁၄ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ အရပ်ဘက်အဖွဲ့အစည်းပေါင်း တစ်သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း CSO အဖွဲ့အများစုဟာ စစ်ကောင်စီနဲ့ မပူးပေါင်း၊ မဆောင်ရွက်ရေး "မူ” ကို ကိုင်ဆွဲထားကြတာပါ။ အခု ပြဌာန်းလိုက်တဲ့ စစ်ကောင်စီရဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေကြောင့်အသင်းအဖွဲ့တွေ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ ဆုံးဖြတ်ကြရတော့မှာ ဖြစ်သလို CSO အဖွဲ့တွေကြားမှာလည်း သဘောထားတွေ ကွဲပြားလာနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဥပဒေကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပြည်တွင်းအဖွဲ့အစည်းတွေအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ အကူအညီပေးရေး လုပ်ငန်းစဉ်တွေကို အခက်အခဲဖြစ်စေ၊ နှောင့်နှေးထိခိုက်စေမှာကတော့ သေချာလှပါတယ်။ ဒါကြောင့် အကူအညီ လိုအပ်နေသူတွေထံ အကူအညီတွေ ရောက်ရှိနိုင်ရေးဟာလည်း မလွဲမသွေလျော့ကျသွားနိုင်စရာရှိကြောင်းပါ။

XS
SM
MD
LG