သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ေႂကြးၿမီေထာင္ေျခာက္ ႏႈတ္ခမ္းဝကို ေရာက္ေနတဲ့ လာအို


Presiden Laos Thongloun Sisoulith dan Presiden China Xi Jinping dari jarak jauh menghadiri upacara serah terima proyek kereta api berkecepatan tinggi yang menghubungkan kota Kunming di barat daya China dengan Vientiane, di Vientiane, Laos, 3 Desember 2021

ႏြန္ခိုင္း (Nong Khai) ဆိုတာ ေအးခ်မ္းဆိပ္ၿငိမ္တဲ့ ထိုင္းၿမိဳ႕ေလးတစ္ၿမိဳ႕ပါ။ မဲေခါင္ျမစ္ရဲ႕ အေနာက္ဖက္ကမ္းေပၚမွာ တည္ရွိၿပီး လာအိုႏိုင္ငံရဲ႕ၿမိဳ႕ေတာ္ ဗီယင္က်န္းနဲ႔ မဲေခါင္ျမစ္ေၾကာင္းအတိုင္း ေရလမ္းအဆက္အသြယ္ရွိတဲ့ နယ္စပ္ၿမိဳ႕ေလးလည္း ျဖစ္ပါတယ္။ အဲဒီ ႏြန္ခိုင္းၿမိဳ႕ေလးက ဓာတ္ဆီဆိုင္မွာ လာအိုဘက္က ဆီလာထည့္တဲ့ သူေတြဟာ ကားေတြထဲ ဆီအျပည့္ထည့္ၿပီးတဲ့အျပင္ ဂါလံပုံးေတြနဲ႔ပါ အပိုဝယ္သြားၾကပါတယ္။ "လာအိုမွာ ဓာတ္ဆီေစ်းေတြႀကီးတယ္၊ ဝယ္လို႔လည္းမရဘူး" လို႔ လာအိုဒ႐ိုင္ဘာေတြက ေျပာတဲ့အေၾကာင္းကို Nikkei Asia ရဲ႕ အာရွေဒသဆိုင္ရာသတင္းေထာက္ မာဝမ္ မခ်မ္မာကာ က သူ႔ရဲ႕ တ႐ုတ္ေႂကြးၿမီေထာက္ေျခာက္ ေျခာက္လွန႔္ခံေနရတဲ့ လာအို" ေဆာင္းပါးမွာ ေရးသားထားပါတယ္။

လာအိုႏိုင္ငံရဲ႕ ဓာတ္ဆီေစ်းဟာ ဒီႏွစ္ထဲမွာ ၁၀၇.၁ ရာႏႈန္း ထိေအာင္တက္သြားတယ္။ ဒါေၾကာင့္ လာအိုေတြဟာ ႏွစ္ႏိုင္ငံဆက္သြယ္ထားတဲ့ တံတားကိုျဖတ္ၿပီး ဓာတ္ဆီ၊ ဒီဇယ္ဆီ၊ ဆပ္ျပာ၊ အစားအစာ၊ အဝတ္အထည္ေတြကို ထိုင္းရဲ႕နယ္စပ္ၿမိဳ႕ေလး ႏြန္ခိုင္းမွာ လာဝယ္ၾကတယ္။" တခ်ိဳ႕ပစၥည္းေတြ သူတို႔ဆီမွာ ဝယ္လို႔မရဘူး။ ဝယ္လို႔ရရင္လည္း ေစ်းအရမ္းႀကီးတယ္" လို႔ လာအို႐ုံးဝန္ထမ္းတစ္ဦးက ေျပာတဲ့အေၾကာင္းကို ေဆာင္းပါးမွာ ေဖာ္ျပထားပါတယ္။

ေလာေလာဆယ္မွာ လာအိုႏိုင္ငံရဲ႕ ေငြေၾကးေဖာင္းပြမႈႏႈန္းက ၂၅.၆ ရာခိုင္ႏႈန္း ရွိေနၿပီး ျပည္ပေႂကြးၿမီ ပမာဏက (၁၈) ဘီလီယံ ရွိေနပါတယ္။ အဲဒီအထဲမွာ တ႐ုတ္ကို ေပးဆပ္စရာအေႂကြးက ၁၂.၂ ဘီလီယံ ျဖစ္တယ္။ တ႐ုတ္ကို ေပးဆပ္ရမယ့္ ေႂကြးၿမီပမာဏဟာ လာအိုႏိုင္ငံ GDP ရဲ႕ ၆၄.၈ ရာခိုင္ႏႈန္းနဲ႔ ညီမွ်တယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လာအို အဆင့္ျမင့္အရာရွိေတြအေနနဲ႔ ဖုံးကြယ္ထိန္ခ်န္တားတဲ့ ေႂကြးၿမီပမာဏဟာ ၆.၆၉ ဘီလီယံေလာက္ထိ ရွိႏိုင္တယ္။ အဲဒီလို ဖုံးကြယ္ထိန္ခ်န္ထားတဲ့ ေႂကြးၿမီပမာဏဟာ လာအို GDP ရဲ႕ ၃၅ ရာႏႈန္းရွိၿပီး အမ်ားစုဟာ တ႐ုတ္ေႂကြးၿမီေတြျဖစ္တယ္လို႔ ဆိုပါတယ္။ ကမာၻ႔ဘဏ္ကေတာ့ လာအိုရဲ႕ေႂကြးၿမီဟာ GDP ရဲ႕ ၈၈ ရာခိုင္ႏႈန္း ထိေတာင္ရွိႏိုင္တယ္လို႔ ခန႔္မွန္းပါတယ္။ လာအိုေငြေၾကး ကစ္ (Kip) ဟာလည္း တန္ဖိုးက်ဆင္းေနပါတယ္။

၂၀၂၂ ႏွစ္၊ဇြန္လမွာ ေငြလဲႏႈန္းဟာ အေမရိကန္တစ္ေဒၚလာကို ၁၅,၀၀၀ ကစ္ ျဖစ္ပါတယ္။ ေမွာင္ခိုေစ်းကြက္မွာေတာ့ တစ္ေဒၚလာကို ၁၉,၀၀၀ ကစ္အထိ ေစ်းေပါက္တယ္လို႔ ဆိုပါတယ္။ "လာအို စီးပြားေရးအေျခအေနဟာ က်ရႉံးႏိုင္ငံတစ္ခုဆီကို ဦးတည္ေနၿပီ။ လာအိုျပည္သူေတြဟာ အစိုးရအေပၚ တစ္ခါမွ် အခုလို ေဒါသထြက္တာမ်ိဳး မေတြ႔ဖူးဘူး"လို႔ ထိုင္းရင္းႏွီးျမဳပ္ႏွံသူတစ္ဦးက Nikkei Asia ကိုေျပာပါတယ္ ။

ႏိုင္ငံျခားအရန္ေငြေၾကး ေလွ်ာ့နည္းလာေနတဲ့ လာအိုအစိုးရမွာ ႏိုင္ငံျခားအရန္ေငြ ၁.၃ ဘီလီယံခန႔္သာ ရွိတယ္လို႔ ခန႔္မွန္းၾကပါတယ္။ ဒီေငြေၾကးပမာဏဟာ ႏွစ္လစာသြင္းကုန္တန္ဖိုးအတြက္သာ ရွိတယ္လို႔ ဆိုပါတယ္။ဒါေတာင္ ၿပီးခဲ့တဲ့ႏွစ္က ျပန္လည္ေပးဆပ္စရာရွိတဲ့ အေႂကြးေဒၚလာ သန္း ၈၀၀ ကို တ႐ုတ္က ေလွ်ာ္ေပးခဲ့လို႔ သက္သာရာရေနတယ္လို႔ ဆိုရမွာပါ။

အာဆီယံအဖြဲဝင္ျဖစ္တဲ့ လာအိုႏိုင္ငံဟာ ပင္လယ္ကမ္း႐ိုးတန္း မရွိတဲ့ ကုန္းပိတ္ႏိုင္ငံငယ္ေလး ျဖစ္ပါတယ္။ လူဦးေရ ၇.၄ သန္းသာရွိတဲ့ လာအိုႏိုင္ငံဟာ ဘာေၾကာင့္ ဒီလို အေႂကြးႏြံနစ္ရတာလဲ။ Nikkei Asia ေဆာင္းပါးရွင္ မာဝမ္မခ်မ္ မာကာ ကေတာ့ တ႐ုတ္နဲ႔ ႀကီးမားတဲ့ အေျခခံအေဆာက္အအုံ မဟာစီမံကိန္းႀကီးေတြ တည္ေဆာက္ခဲ့တာဟာ အဓိကအေၾကာင္းတစ္ခုလို႔ ေထာက္ျပထားပါတယ္။ ဥပမာအားျဖင့္ ေဒၚလာသန္းရာေပါင္းမ်ားစြာ အကုန္အက်ခံၿပီး တ႐ုတ္ေခ်းေငြေတြနဲ႔ တည္ေဆာက္ခဲ့တဲ့ အျမန္ရထားလမ္းစီမံကိန္းေတြေၾကာင့္လို႔ ဆိုပါတယ္။ ေနာက္တစ္ခုကေတာ့ ၂၀၀၀ ျပည့္လြန္ႏွစ္ေတြမွာ "ေျမယာမွသည္ အရင္းအႏွီးဆီသို႔" ဆိုတဲ့ ေႂကြးေၾကာ္သံနဲ႔ စတင္ခဲ့တဲ့ ဖြံ႕ၿဖိဳးေရးအိုင္ဒီယာနဲ႔ ဖြံ႔ၿဖိဳးေရးလုပ္ငန္းေတြ အလြန္အကြၽံလုပ္ခဲ့တဲ့ အက်ိဳးဆက္လည္း ျဖစ္တယ္။

ဒါအျပင္ လာအိုကြန္ျမဴနစ္ပါတီရဲ႕ လႊဲမွားတဲ့ စီးပြားေရးစီမံခန႔္ခြဲမႈေတြနဲ႔ ေဒၚလာ ရွားပါးမႈအက်ပ္အတည္းေတြေၾကာင့္ ျဖစ္ရတာလို႔ ဆိုပါတယ္။

ဂ်ာမနီသတင္းဌာန DW ကလည္း လာအို စီးပြားေရးအေျခအေနဟာ ၿပိဳလဲလုဆဲဆဲ အေနအထားကို ေရာက္ရွိေနၿပီ၊ ဘ႑ာေရးက႑ဟာ ႀကီးမားတဲ့ အက်ပ္အတည္းႀကဳံေတြ႔ေနကာ ေႂကြၿမီေတြ ျပန္ေပးဆပ္ႏိုင္ေတာ့ဘူးလို႔ ၾသဂုတ္လ ၈ ရက္ေန႔က ေရးသားပါတယ္။ လာအိုရဲ႕ ျပည္ပေႂကြးၿမီေတြမွာ တ႐ုတ္ေႂကြးၿမီက အမ်ားဆုံးျဖစ္ၿပီး အေျခခံအေဆာက္အအုံေတြ တည္ေဆာက္တာနဲ႔ ေရအားလွ်ပ္စစ္ထုတ္လုပ္ေရးေတြမွာ အမ်ားဆုံးသုံးစြဲခဲ့တယ္။ အခုလို ဘ႑ာေရးအက်ပ္အတည္း အႀကီးအက်ယ္ရင္ဆိုင္ေနရတဲ့ လာအိုကို ၿပိဳလဲမသြားေအာင္ ေပးဆပ္စရာရွိတဲ့ အေႂကြးေတြကို တ႐ုတ္အေနနဲ႔ ဘယ္လိုေဆာင္႐ြက္ေပးမလဲဆိုတဲ့ အစီအစဥ္တစ္ရပ္ လိုအပ္တယ္။ လာအို ၿပိဳလဲသြားရင္ တ႐ုတ္အေနနဲ႔ ႏိုင္ငံေရးေရာ၊စီးပြားေရးအရပါ ႀကီးမားတဲ့အရႈံးနဲ႔ ရင္ဆိုင္ရလိမ့္မယ္လို႔ DW က မွတ္ခ်က္ေပးပါတယ္။

လာအိုဟာ တ႐ုတ္ဆီက အကူအညီေတြ ယူသလို ဗီယက္နမ္ဆီကလည္း အကူအညီေတြ ယူပါတယ္။ ဒါအျပင္ ကာလရွည္ မဟာမိတ္ျဖစ္တဲ့ ႐ုရွားဆီကလည္း အကူအညီေတြ ယူပါတယ္။ ဒါေၾကာင့္ လာအိုဟာ ေႂကြၿမီဝန္ထုတ္ဝန္ပိုး ပိေန႐ုံသာမက သံတမန္ေရး ရႈပ္ေထြးမႈေတြပါ ႀကဳံေနရတယ္လို႔ လာအိုႏိုင္ငံေရး အကဲခတ္ေတြက ဆိုပါတယ္။

မၾကာေသးခင္ကပဲ ေတာင္အာရွႏိုင္ငံတစ္ခုျဖစ္တဲ့ သီရိလကၤာႏိုင္ငံဟာ ျပည္ပေႂကြးၿမီ ေဒၚလာ ၅၇ ဘီလီယံကို မဆပ္ႏိုင္၊ သြင္းကုန္တင္သြင္းဖို႔ ႏိုင္ငံျခားေငြ လုံးဝမရွိေတာ့တဲ့ အျဖစ္ကိုေရာက္ၿပီး ႏိုင္ငံအေနနဲ႔ကို ေဒဝါလီခံခဲ့ရပါတယ္။ ေဒဝါလီခံရတဲ့ သီရိလကၤာႏိုင္ငံဟာ စီးပြားေရးသာမက ႏိုင္ငံေရးပါ ၿပိဳလဲခဲ့ရတာပါ။ ၂၀၂၁၊ေဖေဖာ္ဝါရီမွာ စစ္တပ္ကအာဏာသိမ္းခဲ့တဲ့ ျမန္မာႏိုင္ငံဟာလည္း စီးပြားေရးအရေရာ ႏိုင္ငံေရးအရပါ အိမ္နီးခ်င္း အင္အားႀကီး တ႐ုတ္နဲ႔ ႐ုရွားႏိုင္ငံေတြအေပၚ မီခိုအားထားလာရတဲ့ အေျခဆိုက္ေနပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဝင္ေရာက္လာတဲ့ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈရဲ႕ ၇၃ ရာခိုင္ႏႈန္းဟာ တ႐ုတ္ႏိုင္ငံရဲ႕ ရင္းႏွီးျမဳပ္ႏွံမႈေတြ ျဖစ္တယ္လို႔ ၂၀၂၂၊ေဖေဖာ္ဝါရီလမွာ ထုတ္ျပန္တဲ့ ျမန္မာ့မဟာဗ်ဴဟာနဲ႔ မူဝါဒေလ့ ေရးရာလာေရးအဖြဲ႕(ISP-Myanmar)ရဲ႕စစ္တမ္းမွာေဖာ္ျပထားတာဟာ သတိျပဳစရာအခ်က္ ျဖစ္ပါတယ္။

လာအိုလိုပဲ တ႐ုတ္ေႂကြၿမီ ႏြံနစ္ေနတဲ့ ဖြံ႕ၿဖိဳးမႈအနည္းဆုံးႏိုင္ငံ ၁၇ ႏိုင္ငံ ရွိတယ္လို႔ Nikki Asia က ဆိုပါတယ္။

==== Unicode ====

နွန်ခိုင်း (Nong Khai) ဆိုတာ အေးချမ်းဆိပ်ငြိမ်တဲ့ ထိုင်းမြို့လေးတစ်မြို့ပါ။ မဲခေါင်မြစ်ရဲ့ အနောက်ဖက်ကမ်းပေါ်မှာ တည်ရှိပြီး လာအိုနိုင်ငံရဲ့မြို့တော် ဗီယင်ကျန်းနဲ့ မဲခေါင်မြစ်ကြောင်းအတိုင်း ရေလမ်းအဆက်အသွယ်ရှိတဲ့ နယ်စပ်မြို့လေးလည်း ဖြစ်ပါတယ်။ အဲဒီ နွန်ခိုင်းမြို့လေးက ဓာတ်ဆီဆိုင်မှာ လာအိုဘက်က ဆီလာထည့်တဲ့ သူတွေဟာ ကားတွေထဲ ဆီအပြည့်ထည့်ပြီးတဲ့အပြင် ဂါလံပုံးတွေနဲ့ပါ အပိုဝယ်သွားကြပါတယ်။ "လာအိုမှာ ဓာတ်ဆီဈေးတွေကြီးတယ်၊ ဝယ်လို့လည်းမရဘူး" လို့ လာအိုဒရိုင်ဘာတွေက ပြောတဲ့အကြောင်းကို Nikkei Asia ရဲ့ အာရှဒေသဆိုင်ရာသတင်းထောက် မာဝမ် မချမ်မာကာ က သူ့ရဲ့ တရုတ်ကြွေးမြီထောက်ခြောက် ခြောက်လှန့်ခံနေရတဲ့ လာအို" ဆောင်းပါးမှာ ရေးသားထားပါတယ်။

လာအိုနိုင်ငံရဲ့ ဓာတ်ဆီဈေးဟာ ဒီနှစ်ထဲမှာ ၁၀၇.၁ ရာနှုန်း ထိအောင်တက်သွားတယ်။ ဒါကြောင့် လာအိုတွေဟာ နှစ်နိုင်ငံဆက်သွယ်ထားတဲ့ တံတားကိုဖြတ်ပြီး ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ ဆပ်ပြာ၊ အစားအစာ၊ အဝတ်အထည်တွေကို ထိုင်းရဲ့နယ်စပ်မြို့လေး နွန်ခိုင်းမှာ လာဝယ်ကြတယ်။" တချို့ပစ္စည်းတွေ သူတို့ဆီမှာ ဝယ်လို့မရဘူး။ ဝယ်လို့ရရင်လည်း ဈေးအရမ်းကြီးတယ်" လို့ လာအိုရုံးဝန်ထမ်းတစ်ဦးက ပြောတဲ့အကြောင်းကို ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

လောလောဆယ်မှာ လာအိုနိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၂၅.၆ ရာခိုင်နှုန်း ရှိနေပြီး ပြည်ပကြွေးမြီ ပမာဏက (၁၈) ဘီလီယံ ရှိနေပါတယ်။ အဲဒီအထဲမှာ တရုတ်ကို ပေးဆပ်စရာအကြွေးက ၁၂.၂ ဘီလီယံ ဖြစ်တယ်။ တရုတ်ကို ပေးဆပ်ရမယ့် ကြွေးမြီပမာဏဟာ လာအိုနိုင်ငံ GDP ရဲ့ ၆၄.၈ ရာခိုင်နှုန်းနဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လာအို အဆင့်မြင့်အရာရှိတွေအနေနဲ့ ဖုံးကွယ်ထိန်ချန်တားတဲ့ ကြွေးမြီပမာဏဟာ ၆.၆၉ ဘီလီယံလောက်ထိ ရှိနိုင်တယ်။ အဲဒီလို ဖုံးကွယ်ထိန်ချန်ထားတဲ့ ကြွေးမြီပမာဏဟာ လာအို GDP ရဲ့ ၃၅ ရာနှုန်းရှိပြီး အများစုဟာ တရုတ်ကြွေးမြီတွေဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ကတော့ လာအိုရဲ့ကြွေးမြီဟာ GDP ရဲ့ ၈၈ ရာခိုင်နှုန်း ထိတောင်ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ လာအိုငွေကြေး ကစ် (Kip) ဟာလည်း တန်ဖိုးကျဆင်းနေပါတယ်။

၂၀၂၂ နှစ်၊ဇွန်လမှာ ငွေလဲနှုန်းဟာ အမေရိကန်တစ်ဒေါ်လာကို ၁၅,၀၀၀ ကစ် ဖြစ်ပါတယ်။ မှောင်ခိုဈေးကွက်မှာတော့ တစ်ဒေါ်လာကို ၁၉,၀၀၀ ကစ်အထိ ဈေးပေါက်တယ်လို့ ဆိုပါတယ်။ "လာအို စီးပွားရေးအခြေအနေဟာ ကျရှူံးနိုင်ငံတစ်ခုဆီကို ဦးတည်နေပြီ။ လာအိုပြည်သူတွေဟာ အစိုးရအပေါ် တစ်ခါမျှ အခုလို ဒေါသထွက်တာမျိုး မတွေ့ဖူးဘူး"လို့ ထိုင်းရင်းနှီးမြုပ်နှံသူတစ်ဦးက Nikkei Asia ကိုပြောပါတယ် ။

နိုင်ငံခြားအရန်ငွေကြေး လျှော့နည်းလာနေတဲ့ လာအိုအစိုးရမှာ နိုင်ငံခြားအရန်ငွေ ၁.၃ ဘီလီယံခန့်သာ ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီငွေကြေးပမာဏဟာ နှစ်လစာသွင်းကုန်တန်ဖိုးအတွက်သာ ရှိတယ်လို့ ဆိုပါတယ်။ဒါတောင် ပြီးခဲ့တဲ့နှစ်က ပြန်လည်ပေးဆပ်စရာရှိတဲ့ အကြွေးဒေါ်လာ သန်း ၈၀၀ ကို တရုတ်က လျှော်ပေးခဲ့လို့ သက်သာရာရနေတယ်လို့ ဆိုရမှာပါ။

အာဆီယံအဖွဲဝင်ဖြစ်တဲ့ လာအိုနိုင်ငံဟာ ပင်လယ်ကမ်းရိုးတန်း မရှိတဲ့ ကုန်းပိတ်နိုင်ငံငယ်လေး ဖြစ်ပါတယ်။ လူဦးရေ ၇.၄ သန်းသာရှိတဲ့ လာအိုနိုင်ငံဟာ ဘာကြောင့် ဒီလို အကြွေးနွံနစ်ရတာလဲ။ Nikkei Asia ဆောင်းပါးရှင် မာဝမ်မချမ် မာကာ ကတော့ တရုတ်နဲ့ ကြီးမားတဲ့ အခြေခံအဆောက်အအုံ မဟာစီမံကိန်းကြီးတွေ တည်ဆောက်ခဲ့တာဟာ အဓိကအကြောင်းတစ်ခုလို့ ထောက်ပြထားပါတယ်။ ဥပမာအားဖြင့် ဒေါ်လာသန်းရာပေါင်းများစွာ အကုန်အကျခံပြီး တရုတ်ချေးငွေတွေနဲ့ တည်ဆောက်ခဲ့တဲ့ အမြန်ရထားလမ်းစီမံကိန်းတွေကြောင့်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာ "မြေယာမှသည် အရင်းအနှီးဆီသို့" ဆိုတဲ့ ကြွေးကြော်သံနဲ့ စတင်ခဲ့တဲ့ ဖွံ့ဖြိုးရေးအိုင်ဒီယာနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အလွန်အကျွံလုပ်ခဲ့တဲ့ အကျိုးဆက်လည်း ဖြစ်တယ်။

ဒါအပြင် လာအိုကွန်မြူနစ်ပါတီရဲ့ လွှဲမှားတဲ့ စီးပွားရေးစီမံခန့်ခွဲမှုတွေနဲ့ ဒေါ်လာ ရှားပါးမှုအကျပ်အတည်းတွေကြောင့် ဖြစ်ရတာလို့ ဆိုပါတယ်။

ဂျာမနီသတင်းဌာန DW ကလည်း လာအို စီးပွားရေးအခြေအနေဟာ ပြိုလဲလုဆဲဆဲ အနေအထားကို ရောက်ရှိနေပြီ၊ ဘဏ္ဍာရေးကဏ္ဍဟာ ကြီးမားတဲ့ အကျပ်အတည်းကြုံတွေ့နေကာ ကြွေမြီတွေ ပြန်ပေးဆပ်နိုင်တော့ဘူးလို့ သြဂုတ်လ ၈ ရက်နေ့က ရေးသားပါတယ်။ လာအိုရဲ့ ပြည်ပကြွေးမြီတွေမှာ တရုတ်ကြွေးမြီက အများဆုံးဖြစ်ပြီး အခြေခံအဆောက်အအုံတွေ တည်ဆောက်တာနဲ့ ရေအားလျှပ်စစ်ထုတ်လုပ်ရေးတွေမှာ အများဆုံးသုံးစွဲခဲ့တယ်။ အခုလို ဘဏ္ဍာရေးအကျပ်အတည်း အကြီးအကျယ်ရင်ဆိုင်နေရတဲ့ လာအိုကို ပြိုလဲမသွားအောင် ပေးဆပ်စရာရှိတဲ့ အကြွေးတွေကို တရုတ်အနေနဲ့ ဘယ်လိုဆောင်ရွက်ပေးမလဲဆိုတဲ့ အစီအစဉ်တစ်ရပ် လိုအပ်တယ်။ လာအို ပြိုလဲသွားရင် တရုတ်အနေနဲ့ နိုင်ငံရေးရော၊စီးပွားရေးအရပါ ကြီးမားတဲ့အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ DW က မှတ်ချက်ပေးပါတယ်။

လာအိုဟာ တရုတ်ဆီက အကူအညီတွေ ယူသလို ဗီယက်နမ်ဆီကလည်း အကူအညီတွေ ယူပါတယ်။ ဒါအပြင် ကာလရှည် မဟာမိတ်ဖြစ်တဲ့ ရုရှားဆီကလည်း အကူအညီတွေ ယူပါတယ်။ ဒါကြောင့် လာအိုဟာ ကြွေမြီဝန်ထုတ်ဝန်ပိုး ပိနေရုံသာမက သံတမန်ရေး ရှုပ်ထွေးမှုတွေပါ ကြုံနေရတယ်လို့ လာအိုနိုင်ငံရေး အကဲခတ်တွေက ဆိုပါတယ်။

မကြာသေးခင်ကပဲ တောင်အာရှနိုင်ငံတစ်ခုဖြစ်တဲ့ သီရိလင်္ကာနိုင်ငံဟာ ပြည်ပကြွေးမြီ ဒေါ်လာ ၅၇ ဘီလီယံကို မဆပ်နိုင်၊ သွင်းကုန်တင်သွင်းဖို့ နိုင်ငံခြားငွေ လုံးဝမရှိတော့တဲ့ အဖြစ်ကိုရောက်ပြီး နိုင်ငံအနေနဲ့ကို ဒေဝါလီခံခဲ့ရပါတယ်။ ဒေဝါလီခံရတဲ့ သီရိလင်္ကာနိုင်ငံဟာ စီးပွားရေးသာမက နိုင်ငံရေးပါ ပြိုလဲခဲ့ရတာပါ။ ၂၀၂၁၊ဖေဖော်ဝါရီမှာ စစ်တပ်ကအာဏာသိမ်းခဲ့တဲ့ မြန်မာနိုင်ငံဟာလည်း စီးပွားရေးအရရော နိုင်ငံရေးအရပါ အိမ်နီးချင်း အင်အားကြီး တရုတ်နဲ့ ရုရှားနိုင်ငံတွေအပေါ် မီခိုအားထားလာရတဲ့ အခြေဆိုက်နေပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဝင်ရောက်လာတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုရဲ့ ၇၃ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ဖြစ်တယ်လို့ ၂၀၂၂၊ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့ ရေးရာလာရေးအဖွဲ့(ISP-Myanmar)ရဲ့စစ်တမ်းမှာဖော်ပြထားတာဟာ သတိပြုစရာအချက် ဖြစ်ပါတယ်။

လာအိုလိုပဲ တရုတ်ကြွေမြီ နွံနစ်နေတဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၁၇ နိုင်ငံ ရှိတယ်လို့ Nikki Asia က ဆိုပါတယ်။

XS
SM
MD
LG