သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမၻာတဝွမ္း ၂၀၂၃ ႏွစ္သစ္ကို ႀကိဳဆို


CHRISTMAS-SEASON/NEW YORK

ၾသစေၾတးလ်နဲ႔ နယူးဇီလန္ အပါအဝင္ ကမၻာံႏိုင္ငံတခ်ိဳ႕မွာ ၂၀၂၂ ႏွစ္ေဟာင္းကုန္လို႔ ႏွစ္သစ္ကို ကူးေျပာင္းသြားပါၿပီ။ ၾသစေၾတးလ်ႏိုင္ငံမွာေတာ့ ကိုဗစ္ ကန္႔သတ္ခ်က္ေတြ မ႐ွိဘဲ၊ ပထမဆုံးအႀကိမ္ လူစုလူေဝးနဲ႔ လြတ္လြတ္လပ္လပ္ ႀကိဳဆိုႏိုင္ခဲ့ၾကတာပါ။ ျမန္မာအပါအဝင္ အာ႐ွႏိုင္ငံ အေတာ္မ်ားမ်ားမွာ လည္း မၾကာခင္ အခ်ိန္ပိုင္းအတြင္း ႏွစ္သစ္ကို ကူးေျပာင္းေတာ့မွာပါ။

စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာေတာ့ ကုန္လြန္ေတာ့မယ့္ ၂၀၂၂ တႏွစ္တာကို အာဏာ႐ွင္လက္ေအာက္ ဖိႏွိပ္မႈေတြနဲ႔ အခက္အခဲေတြမ်ိဳးစုံၾကား ေက်ာ္ျဖတ္ေနၾကရၿပီး လာမယ့္ႏွစ္သစ္မွာေတာ့ ျပည္သူေတြရဲ႕ စြန္႔လႊတ္အနစ္နာခံမႈေတြကေန ၿငိမ္းခ်မ္းေရး အသီးအပြင့္ေတြ ခံစားရေအာင္ အားစိုက္ ႀကိဳးပမ္းသြားမယ္လို႔ ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕လယ္မွာ ႏွစ္သစ္ကူး ပြဲေတာ္က်င္းပဖို႔ စီစဥ္ေနတဲ့ Central ကုန္တိုက္ေ႐ွ႕မွာလည္း ျမန္မာျပည္သူေတြအတြက္ ႏွစ္သစ္ကူး ဆုေတာင္းစကားတခ်ဳိ ႔ကို LED မီးေတြနဲ႔ ထိုးျပထားပါတယ္။

၂၀၂၃ ႏွစ္သစ္ကူးေျပာင္းခ်ိန္ဟာ ကမၻာ့ႏိုင္ငံ အေတာ္မ်ားမ်ားမွာေတာ့ ကိုဗစ္အလြန္ကာလ ကန္႔သတ္ခ်က္ေတြမ႐ွိဘဲ လူစုလူေဝးနဲ႔ ပထမဆုံး အႀကိမ္ ႀကိဳဆိုႏိုင္တဲ့ ႏွစ္သစ္မို႔ အရင္ႏွစ္ေတြကထက္ အမ်ားႀကီး ပိုၿပီးစည္ကားေနပါတယ္။

ဂ်ပန္၊ ေတာင္ကိုရီးယား၊ ေဟာင္ေကာင္စတဲ့ အာ႐ွေဒသေတြမွာေတာ့ ႐ိုးရာဓေလ့ အခမ္းအနားေတြနဲ႔ ႏွစ္သစ္ကို ကူးေျပာင္းဖို႔ ျပင္ဆင္ေနၾကပါတယ္။

==== Unicode =====

သြစတြေးလျနဲ့ နယူးဇီလန် အပါအဝင် ကမ္ဘာံနိုင်ငံတချို့မှာ ၂၀၂၂ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို ကူးပြောင်းသွားပါပြီ။ သြစတြေးလျနိုင်ငံမှာတော့ ကိုဗစ် ကန့်သတ်ချက်တွေ မရှိဘဲ၊ ပထမဆုံးအကြိမ် လူစုလူဝေးနဲ့ လွတ်လွတ်လပ်လပ် ကြိုဆိုနိုင်ခဲ့ကြတာပါ။ မြန်မာအပါအဝင် အာရှနိုင်ငံ အတော်များများမှာ လည်း မကြာခင် အချိန်ပိုင်းအတွင်း နှစ်သစ်ကို ကူးပြောင်းတော့မှာပါ။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာတော့ ကုန်လွန်တော့မယ့် ၂၀၂၂ တနှစ်တာကို အာဏာရှင်လက်အောက် ဖိနှိပ်မှုတွေနဲ့ အခက်အခဲတွေမျိုးစုံကြား ကျော်ဖြတ်နေကြရပြီး လာမယ့်နှစ်သစ်မှာတော့ ပြည်သူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကနေ ငြိမ်းချမ်းရေး အသီးအပွင့်တွေ ခံစားရအောင် အားစိုက် ကြိုးပမ်းသွားမယ်လို့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ နှစ်သစ်ကူး ပွဲတော်ကျင်းပဖို့ စီစဉ်နေတဲ့ Central ကုန်တိုက်ရှေ့မှာလည်း မြန်မာပြည်သူတွေအတွက် နှစ်သစ်ကူး ဆုတောင်းစကားတချို့ကို LED မီးတွေနဲ့ ထိုးပြထားပါတယ်။

၂၀၂၃ နှစ်သစ်ကူးပြောင်းချိန်ဟာ ကမ္ဘာ့နိုင်ငံ အတော်များများမှာတော့ ကိုဗစ်အလွန်ကာလ ကန့်သတ်ချက်တွေမရှိဘဲ လူစုလူဝေးနဲ့ ပထမဆုံး အကြိမ် ကြိုဆိုနိုင်တဲ့ နှစ်သစ်မို့ အရင်နှစ်တွေကထက် အများကြီး ပိုပြီးစည်ကားနေပါတယ်။

ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်စတဲ့ အာရှဒေသတွေမှာတော့ ရိုးရာဓလေ့ အခမ်းအနားတွေနဲ့ နှစ်သစ်ကို ကူးပြောင်းဖို့ ပြင်ဆင်နေကြပါတယ်။

XS
SM
MD
LG