သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံထုတ်တဲ့ ထိပ်တန်း ၄ နိုင်ငံ ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်


ကမ္ဘာ့ရေနံဈေးကွက်မှာ ရေနံစိမ်းတွေ အလျှံပယ်ဖြစ်နေပြီး ဈေးတွေလည်း ၇၀% အထိ ကျဆင်းခဲ့တာကြောင့် ကမ္ဘာ့ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံပေါင်း ၄ နိုင်ငံက ရေနံထုတ်လုပ်မှု ရပ်တန့်ထားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ရုရှားနဲ့ အိုပက်အဖွဲ့ဝင် ၃ နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား၊ ဗင်နီဇွဲလား၊ ကာတာနိုင်ငံတို့က ရေနံဝန်ကြီးတွေ ကာတာနိုင်ငံမြို့တော် Doha မှာ တံခါးပိတ် တွေ့ဆုံ ဆွေးနွေးအပြီး အဲဒီလို ဆုံးဖြတ်ချက် ချလိုက်ကြတာ ဖြစ်ပါတယ်။ သူတို့ ၄ နိုင်ငံရဲ့ ရေနံထုတ်လုပ်မှုကို လုံလောက်မှုရှိတယ်လို့ ယူဆထားတဲ့ ဇန်နဝါရီလတုန်းက အဆင့်ရောက်အောင် လျှော့ချသွားမယ်လို့ ဆော်ဒီရေနံဝန်ကြီး Ali al-Naimi က ပြောပါတယ်။

သူတို့ရဲ့ သဘောတူညီချက်ဟာ တခြား ရေနံအများအပြား ထုတ်လုပ်တဲ့ နိုင်ငံကြီးတွေက သူတို့ရဲ့ ထုတ်လုပ်မှုကို ကန့်သတ်မလား ဆိုတဲ့အပေါ်မှာ ဒီသဘောတူညီက မူတည်တယ်လို့ Ali က ပြောပါတယ်။

အီရန်နဲ့ အီရတ်နိုင်ငံတို့နဲ့ ဒီကိစ္စအတွက် ဆွေးနွေးမှုတွေကို တီဟီရန်မြို့မှာ ဗုဒ္ဓဟူးနေ့မှာ ဆွေးနွေးကြဖို့အတွက် စီစဉ်ထားတယ်လို့ ဆိုပါတယ်။ အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကြောင့် အနောက်အုပ်စုနိုင်ငံတွေက အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်ထားတာကို မကြာသေးခင်က ပြန်လည် ရုပ်သိမ်းပေးခဲ့တာကြောင့် ရေနံထုတ်လုပ်မှု လျှော့ချမယ့်အစီအစဉ်ကို အီရန်ဘက်က သဘောတူချင်မှ တူမှာဖြစ်ပါတယ်။

XS
SM
MD
LG