သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အသက်အကြီးဆုံးဖွားဖွား အသက် ၁၁၇ မှာ ကွယ်လွန်


ကမ္ဘာ့အသက်အရှည်ဆုံး ဂျပန်နိုင်ငံက ဖွားဖွား Misao Okawa ဟာ အသက် ၁၁၇ နှစ်အရွယ်မှာ ဧပြီလ ၁ ရက်နေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ၁၉ ရာစုနှစ်ကို မှီလိုက်တဲ့ သက်ကြီးရွယ်အိုတွေလည်း တဖြည်းဖြည်း နဲပါးလာနေပြီ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံ အိုစာကာမြို့က လူအိုရုံမှာ ဖွားသက်ရှည် Okawa ဟာ ဗုဒ္ဓဟူးနေ့ အစောပိုင်းက ကွယ်လွန်သွားတာ ဖြစ်ပါတယ်။ သူနေထိုင်ခဲ့ရတဲ့ သက်တမ်းဟာ အရမ်းတိုလွန်းတယ်လို့ ထင်ကြောင်း ဒေသခံ သတင်းစာတစောင်ကို သူ့ရဲ့ အသက် ၁၁၆ နှစ်ပြည့် မွေးနေ့မှာ ပြောကြားခဲ့တဲ့ အတွက် သူ့အနေနဲ့ အခုလောက်အထိ အသက်ရှည်ရှည် နေခဲ့ရတဲ့အပေါ် ကျေနပ်ပုံ မရခဲ့ဘူးလို့ ဆိုပါတယ်။

အခုဆိုရင် ကမ္ဘာပေါ်မှာ ၁၉၀၀ ပြည့်နှစ် မတိုင်ခင်က မွေးဖွားခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ (၄) ဦးသာ ကျန်တော့ကြောင်း အမေရိကန်အခြေစိုက် အိုခြင်းနဲ့ဆိုင်တဲ့ သုတေသနအဖွဲ့က ပြောပါတယ်။ လက်ရှိမှာ ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာ အသက် ၁၁၆ နှစ်အရွယ် အမေရိကန်နိုင်ငံ Arkansas ပြည်နယ်က Gertrude Weaver ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီမတိုင်ခင်က ကမ္ဘာ့အသက်အရှည်ဆုံး ပုဂ္ဂိုလ်ဟာလည်း ဂျပန်နိုင်ငံကဖြစ်ပြီး လက်ရှိ အသက်အရှည်ဆုံး Okawa အခုလို ကွယ်လွန်သွားခြင်းဟာ ဂျပန်နိုင်ငံသားတွေ အသက်ရှည်စွာ နေထိုင်နိုင်ခြင်းကို မီးမောင်းထိုးပြလိုက်သလို ဖြစ်ပြီး နောက်ထပ် ၁၅ နှစ်ကြာတဲ့အခါ ဂျပန်နိုင်ငံမှာ အသက် ၁၀၀ ကျော်အထိ နေရတဲ့သူ အရေအတွက် လက်ရှိထက် (၃) ဆ တိုးဖို့ အလားအလာရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။

၂၀၅၀ ခုနှစ်မှာ ဂျပန်နိုင်ငံရဲ့ အသက် ၁၀၀ ကျော် အရေအတွက်ဟာ ၇၀၀,၀၀၀ သိန်းအထိ ရှိလာမှာဖြစ်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ လူဦးရေအရ နဲပေမဲ့လည်း အသက် ရာကျော် အရေအတွက် ဒုတိယအများဆုံးဖြစ်တဲ့ အမေရိကန်ထက် အသက်ရာကျော် အရေအတွက် အဆပေါင်များစွာ များနေတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG