သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ ငြိမ်းချမ်းတဲ့ နိုင်ငံများ အညွှန်းကိန်းမှာ မြန်မာ အဆင့် ၁၃၂

ကမ္ဘာ့ ငြိမ်းချမ်းတဲ့ နိုင်ငံများ အညွှန်းကိန်းမှာ မြန်မာ အဆင့် ၁၃၂
ကမ္ဘာ့ ငြိမ်းချမ်းတဲ့ နိုင်ငံများ အညွှန်းကိန်းမှာ မြန်မာ အဆင့် ၁၃၂

ဘယ်အစိုးရနဲ့မှ မပတ်သက်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတရပ်က နိုင်ငံတွေရဲ့ ၂၀၁၀ ငြိမ်းချမ်းရေး အညွှန်းကိန်း စာရင်းကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ Institute of Economics and Peace အဖွဲ့က ကမ္ဘာ့နိုင်ငံ အသီးသီးမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို လေ့လာပြီး အခုလို ထုတ်ပြန်ခဲ့တာပါ။

ကမ္ဘာမှာ အငြိမ်းချမ်းဆုံး တိုင်းပြည်က နယူးဇီလန်ဖြစ်ပြီး အီရတ်က မငြိမ်းချမ်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ အာရှမှာ အငြိမ်းချမ်းဆုံးက ဂျပန်ဖြစ်ပြီး ကမ္ဘာမှာလည်း တတိယ အငြိမ်းချမ်းဆုံးတိုင်းပြည် ဖြစ်ပါတယ်။

မြန်မာနိုင်ငံကတော့ ၁၄၉ နိုင်ငံအနက် အဆင့် ၁၃၂ မှာ ရှိပါတယ်။ မြောက်ကိုရီးယားကတော့ အဆင့် ၁၃၉ ဖြစ်ပါတယ်။ တရုတ်၊ သီရိလင်္ကာ၊ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ပါကစ္စတန် နိုင်ငံတွေမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေကြောင့် အာရှဒေသ ငြိမ်းချမ်းရေး အခြေအနေက ၄ နှစ်အတွင်းမှာ ၃.၅% ကျသွားတယ်လို့ ကမ္ဘာ့ငြိမ်းချမ်းရေး အညွှန်းကိန်း GPI တိုင်းတာသူတွေက ဆိုပါတယ်။

ငြိမ်းချမ်းရေးကို တိုင်းတာတဲ့အခါ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းပြည်ပ အကြောင်းအချက်တွေနဲ့ တိုင်းတာတာပါ။ အကြမ်းဖက်မှုတွေ ရှိသလား၊ စစ်တပ် အသုံးစရိတ်က ဘယ်လောက်လဲ၊ အိမ်နီးချင်း တိုင်းပြည်တွေနဲ့ ဆက်ဆံရေး ဘယ်လိုရှိသလဲ၊ လူ့အခွင့်အရေးကို လေးစားတဲ့ အဆင့်က ဘယ်လောက်လဲ စတဲ့ အချက်တွေ အပါအဝင် အကြောင်းအချက် တော်တော်များများကို ကြည့်ရှု အကဲဖြတ်ပါတယ်။

This item is part of
XS
SM
MD
LG