သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၂၀၂၂ ကမာၻ႔လူဦးေရ ၈ ဘီလီယံ ျဖစ္လာမည္ (ကုလသမဂၢ) 


အိႏၵိယႏုိင္ငံသားမ်ား

ကမၻာ့လူဦးေရဟာလာမယ့္ ႏုိ၀င္ဘာလ ၁၅ ရက္ေန႔မွာ သန္း ၈ ေထာင္ျပည့္မယ္လုိ႔ တြက္ခ်က္ထားေၾကာင္း ဇူလုိင္လ ၁၁ ရက္ေန႔မွာက်ေရာက္တဲ့ကမၻာ့လူဦးေရေန႔မွာ ကုလသမဂၢကထုတ္ျပန္တဲ႔ ၂၀၂၂ ခုႏွစ္လူဦးေရအစီရင္ခံစာထဲမွာေဖၚျပထားပါတယ္။ ၂၀၂၂ ခုႏွစ္မွာ လူဦးေရတုိးပြားမႈ သန္း ၈ ေထာင္ျပည့္တဲ့အမွတ္တရႏွစ္ျဖစ္ေပမယ့္၊ လူဦးေရတုိးပြားႏႈန္းဟာ ၁၉၅၀ ခုႏွစ္ကတည္းကစတင္ေႏွးေကြးလာခဲ့ၿပီး ၂၀၂၀ ခုႏွစ္မွာ လူဦးေရတုိးပြားႏႈန္းဟာ ၁ ရာခုိင္ႏႈန္းေအာက္မွာဘဲရွိတယ္လုိ႔ ကုလသမဂၢအတြင္းေရးမႈး ခ်ဳပ္ Antonio Guterres ကေျပာပါတယ္။

အိႏၵိယရဲ႔လူဦးေရဟာတရုတ္ကုိေက်ာ္တက္သြားမယ္လုိ႔အစီရင္ခံစာကဆုိပါတယ္။ လက္ရွိႏႈန္းထားအရ လာမယ့္ ၂၀၃၀ မွာကမၻာ့လူဦးေရဟာ ၈ ဒႆမ ၅ ဘီလီယံရွိမွာ ျဖစ္ၿပီး၊ လာမယ့္ ၂၀၈၀ ခုႏွစ္ကေန ၂၁၀၀ ခုႏွစ္အထိကမၻာ့လူဦးေရဟာ ၁၀ ဒႆမ၄ ဘီလီယံမွာတည္ေန မယ္လုိ႔လည္းေဖၚျပထားပါတယ္။
လာမယ့္ ၂၀၅၀ ခုႏွစ္မွာကမၻာ့လူဦးေရဟာ ၉ ဒႆမ ၇ ဘီလီယံကုိေရာက္ႏုိင္ၿပီး၊ တုိးပြားလာတဲ့လူဦးေရတ၀က္ေက်ာ္ဟာ အာဖရိကတုိက္ကလာႏုိင္တယ္လို႔ခန္႔မွန္း တြက္ခ်က္ထားပါတယ္။ လက္ရွိကမၻာ့လူဦးေရဟာ ၇ ဒႆမ ၉၄၂ ဘီလီယံရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ္ဘာ့လူဦးရေဟာလာမယ့် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ သန်း ၈ ထောင်ပြည့်မယ်လို့ တွက်ချက်ထားကြောင်း ဇူလိုင်လ ၁၁ ရက်နေ့မှာကျရောက်တဲ့ကမ္ဘာ့လူဦးရေနေ့မှာ ကုလသမဂ္ဂကထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်လူဦးရေအစီရင်ခံစာထဲမှာဖေါ်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ လူဦးရေတိုးပွားမှု သန်း ၈ ထောင်ပြည့်တဲ့အမှတ်တရနှစ်ဖြစ်ပေမယ့်၊ လူဦးရေတိုးပွားနှုန်းဟာ ၁၉၅၀ ခုနှစ်ကတည်းကစတင်နှေးကွေးလာခဲ့ပြီး ၂၀၂၀ ခုနှစ်မှာ လူဦးရေတိုးပွားနှုန်းဟာ ၁ ရာခိုင်နှုန်းအောက်မှာဘဲရှိတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှုး ချုပ် Antonio Guterres ကပြောပါတယ်။

အိန္ဒိယရဲ့လူဦးရေဟာတရုတ်ကိုကျော်တက်သွားမယ်လို့အစီရင်ခံစာကဆိုပါတယ်။ လက်ရှိနှုန်းထားအရ လာမယ့် ၂၀၃၀ မှာကမ္ဘာ့လူဦးရေဟာ ၈ ဒဿမ ၅ ဘီလီယံရှိမှာ ဖြစ်ပြီး၊ လာမယ့် ၂၀၈၀ ခုနှစ်ကနေ ၂၁၀၀ ခုနှစ်အထိကမ္ဘာ့လူဦးရေဟာ ၁၀ ဒဿမ၄ ဘီလီယံမှာတည်နေ မယ်လို့လည်းဖေါ်ပြထားပါတယ်။
လာမယ့် ၂၀၅၀ ခုနှစ်မှာကမ္ဘာ့လူဦးရေဟာ ၉ ဒဿမ ၇ ဘီလီယံကိုရောက်နိုင်ပြီး၊ တိုးပွားလာတဲ့လူဦးရေတဝက်ကျော်ဟာ အာဖရိကတိုက်ကလာနိုင်တယ်လို့ခန့်မှန်း တွက်ချက်ထားပါတယ်။ လက်ရှိကမ္ဘာ့လူဦးရေဟာ ၇ ဒဿမ ၉၄၂ ဘီလီယံရှိပါတယ်။

XS
SM
MD
LG