သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့လူဦးရေ သန်း ၈ ထောင်ရှိ (ကုလသမဂ္ဂ)


World Population 8 Billion
World Population 8 Billion

ကမ္ဘာ့လူဦးရေဟာ သန်း(၈)ထောင်ပြည့်သွားပြီလို့ ကုလသမဂ္ဂက အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

" နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ကမ္ဘာ့လူဦးရေဟာ သန်း ၈ ထောင်ပြည့်ပြီး၊ ကျော်လွန်သွားနိုင်ပါတယ်။" လို့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် Maria-Francesca Spatolisano က အင်္ဂါနေ့ နယူးယောက်ရုံးချုပ် သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။

လူဦးရေ တိုးပွားမှု အများဆုံးဒေသဟာ ဖ့ွံဖြိုးစ အာဖရိကနိုင်ငံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီထဲက နိုင်ဂျီးရီးယားနိုင်ငံဟာ လက်ရှိမှာ လူဦးရေ (၂၁၈)သန်းကျော် ရှိရာကနေ (၃၇၅)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့လူဦးရေ အများဆုံး အိန္ဒိယ၊ တရုတ်နဲ့ အမေရိကန်ပြီးရင် နိုင်ဂျီးရီးယားက စတုတ္ထမြောက် လူဦးရေအများဆုံးနိုင်ငံ ဖြစ်လာတော့မှာပါ။ ဆာဟာရ ရပ်ဝန်းဒေသထဲမှာ နိုင်ဂျီးရီးယားပြီးရင် ကွန်ဂို၊ အီသီယိုပီးယား၊ တန်ဇမ်းနီးယားနိုင်ငံတွေဟာလည်း လူဦးရေ တိုးပွားနှုန်း များနေပါတယ်။ အဲဒီဒေသတွေမှာ ၂၀၂၂ နဲ့ ၂၀၅၀ ကြား လူဦးရေတိုးပွားမှု ၂ ဆ ရှိလာမယ်လို့ ခန့်မှန်းထား ပါတယ်။ ကုလသမဂ္ဂ စစ်တမ်းတွေအရ ဆာဟာရ ရပ်ဝန်းဒေသမှာ လူဦးရေတိုးပွားမှုနှုန်း တနှစ်ကို ၂.၅% ရှိပြီး ဒါဟာ တကမ္ဘာလုံး ပျှမ်းမျှမွေးဖွားနှုန်းထက် ၃ ဆကျော်များနေပါတယ်။ အာဖရိက အမျိုးသမီးတဦးဟာ ပျှမ်းမျှအားဖြင့် ကလေး (၄)ယောက်ကနေ (၅) ယောက်အထိ မွေဖွားနေပြီး ကမ္ဘာပေါ်က ပျှမ်းမျှမွေးဖွားနှုန်း (၂.၃)ထက်စာရင် ၂ ဆလောက်များပါတယ်။ လူဦးရေ တိုးပွားမှုနှုန်း များနေတဲ့ အခြားနိုင်ငံတွေကတော့ အီဂျစ်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတွေ ဖြစ်ပြီး၊ ရှေ့လာမယ့်နှစ်မှာ အိန္ဒိယက တရုတ်နိုင်ငံထက် လူဦးရေ ပိုများလာမယ်လို့လည်း ခန့်မှန်းထားပါတယ်။

၂၀၃၀ ပြည့်နှစ်ရောက်ရင် ကမ္ဘာ့လူဦးရေ သန်း(၈၅၀၀) လောက် ရှိလာမှာဖြစ်ပြီး၊ ၂၀၅၀ ပြည့် ရောက်ရင်တော့ သန်း (၉၇၀၀)အထိ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၁၀၀ ပြည့်နှစ်ဆိုရင် ကမ္ဘာ့လူဦးရေ သန်း(၁ သောင်းကျော်) ရှိလာမှာ ဖြစ်ပါတယ်။ ခုလို လူဦးရေ တိုးပွားတာနဲ့အမျှ တဖက်မှာလည်း လူသားတွေရဲ့ အခြေခံလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ စိန်ခေါ်မှုတွေလည်း ရှိလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode

ကမ်ဘာ့လူဦးရဟော သနျး(၈)ထောငျပွည့ျသှားပွီလို့ ကုလသမဂ်ဂက အငျ်ဂါနေ့မှာ ကွညောလိုကျပါတယျ။




XS
SM
MD
LG