သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အငတ်ဘေး အန္တရာယ် စိုးရိမ်နေရဆဲ


ကမ္ဘာ့အငတ်ဘေး အန္တရာယ် စိုးရိမ်နေရဆဲ
ကမ္ဘာ့အငတ်ဘေး အန္တရာယ် စိုးရိမ်နေရဆဲ

ကမ္ဘာတဝန်း ဆင်းရဲမွဲတေနေသူတွေရဲ့ အခြေအနေဟာ ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း တိုးတက်မှု ရှိလာခဲ့ပေမဲ့ ဒီပြဿနာဟာ စိုးရိမ်စရာ အခြေအနေမှာ ရှိနေဆဲ ဖြစ်တယ်လို့ အစီရင်ခံစာသစ် တခုထဲမှာ ဖော်ပြပါတယ်။

နိုင်ငံပေါင်း ၂၅ နိုင်ငံက ငတ်မွတ်မှု အဆင့်ဟာ ကြောက်စရာကောင်းတဲ့အဆင့် ဒါမှမဟုတ် ဒီ့ထက်ဆိုးတဲ့ အဆင့်မှာ ရှိနေတယ်လို့ နိုင်ငံတကာ စားနပ်ရိက္ခာ မူဝါဒ လေ့လာရေး သိပ္ပံက တနင်္လာနေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

အဆိုးဆုံးနိုင်ငံတွေဟာ ဆဟာရ သဲကန္တာရတောင်ပိုင်း နိုင်ငံတွေ၊ အာရှတောင်ပိုင်း နိုင်ငံတွေ ဖြစ်ကြတယ်လို့ ပြောပါတယ်။

အာရှတိုက်တောင်ပိုင်း နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ လူမှုရေးနဲ့ ပညာရေး အဆင့်အတန်းက ငတ်မွတ်မှု တိုက်ဖျက်ရေးမှာ အဟန့်အတား ဖြစ်နေရတယ်လို့ အစီရင်ခံစာ ပြုစုသူတွေက ပြောပါတယ်။

အာဖရိကတိုက်မှာတော့ ထိထိရောက်ရောက် မအုပ်ချုပ်နိုင်တဲ့ အစိုးရတွေက တိုးတက်အောင် မလုပ်ပေးတာ၊ ပဋိပက္ခ ဖြစ်နေတာနဲ့ HIV/AIDS ရောဂါဖြစ်နှုန်း မြင့်မားနေတာတွေကြောင့် ငတ်မွတ်ခေါင်းပါးတဲ့ အခြေအနေ ဆိုးနေတာလို့ ပြောပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေကို အဓိကထားပြီး အစာရေစာ ထောက်ပံ့သင့်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အာဟာရ ချို့တဲ့မှုကြောင့် ကလေးငယ်တွေရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း တိုးတက်မှုတွေကို ထိခိုက်စေပါတယ်။ ဒီ့အတွက်လည်း မျိုးဆက်သစ်တွေ အနေနဲ့ ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနိုင်ဖို့ အခက်အခဲ ရှိနေရပါတယ်။

XS
SM
MD
LG