သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ ဆင်းရဲမွဲတေမှု လျော့ကျ


ကမ္ဘာတဝန်း ဆင်းရဲမွဲတေမှု လျှော့ချရေးမှာ တိုးတက်မှု ရှိခဲ့ပေမဲ့ အရင်တုန်းကနဲ့စာရင် တိုးတက်မှု နှေးကွေးနေသေးတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောဆိုလိုက်ပါတယ်။

MDG လို့ အတိုကောက်ခေါ်တဲ့ ထောင်စုနှစ် ရည်မှန်းချက်များ ၂၀၁၀ ပြည့်နှစ် အစီရင်ခံစာကို ကုလသမဂ္ဂက ထုတ်ပြန်ချိန်မှာ မစ္စတာ ဘန်ကီမွန်းက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဘဏ္ဍာရေး အကျပ်အတည်း ကြုံနေကြရတဲ့ ကြားကပဲ ၂၀၁၅ ခုနှစ်မှာ ဆင်းရဲမွဲတေမှုနှုန်း ၁၅% လျှော့ချမယ်ဆိုတဲ့ ရည်မှန်းချက် လမ်းကြောင်းအတိုင်း ရပ်တည်နိုင်ခဲ့တယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက ရှိခဲ့တဲ့ ဆင်းရဲမွဲတေမှု စာရင်းဝင် လူဦးရေ ထက်ဝက်ဖြစ်တဲ့ သန်းပေါင်း ၉၂၀ သာ ကျန်ရှိတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆင်းရဲမွဲတေမှုနှုန်း သိသိသာသာ လျော့ကျသွားတာကတော့ အာရှနိုင်ငံတွေပါပဲလို့လည်း ဆိုပါတယ်။

အာဖရိက ဆာဟာရလွင်ပြင် တောင်ပိုင်း နိုင်ငံတွေမှာ အခြေခံပညာရေး သိသိသာသာ တိုးတက်လာတဲ့အကြောင်း၊ လက်တင် အမေရိကနဲ့ ကာရေဘီယံ ဒေသမှာတော့ ကလေးငယ်တွေ ကျန်းမာရေးနဲ့ ကျား၊ မ တန်းတူမှု တိုးတက်လာတာ တွေ့ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောဆိုပါတယ်။

XS
SM
MD
LG