သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆင်းရဲနွမ်းပါးမှု ကမ္ဘာ့ဘဏ် တွက်ချက် သုတေသီတွေဝေဖန်


World Bank ဥက္ကဋ္ဌJim Yong Kim "End Poverty 2030" အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးစဉ်။ (ဧပြီ ၁၀၊ ၂၀၁၄)။
World Bank ဥက္ကဋ္ဌJim Yong Kim "End Poverty 2030" အစီအစဉ်နဲ့ပတ်သက်ပြီး ဆွေးနွေးစဉ်။ (ဧပြီ ၁၀၊ ၂၀၁၄)။
ကမ္ဘာတလွှားမှာ တနေ့ကို အမေရိကန်ငွေ တဒေါ်လာ၊ တမတ်နဲ့ ရှင်သန်နေထိုင်ရသူက ကမ္ဘာ့လူဦးရေသုံးပုံတပုံ လောက်ရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်မှုဟာ သိပ်နည်းနေတယ်လို့ ကမ္ဘာ့ ဆင်းရဲတွင်းနက်မှု ဆိုင်ရာ သူတေသန လုပ်နေသူတွေက ပြောကြားလိုက်ပါတယ်။

ကမ္ဘာတလွှား ဆင်းရဲတွင်းနက်မှု လျှော့ချရေးဆိုင်ရာ နည်းဗျူဟာတွေကို တွက်ချက်ရာမှာ ကမ္ဘာ့ဘဏ်ရဲ့ ကိန်းဂဏန်းတွေကို အဓိကယူပြီး တွက်ချက်နေကြတာဖြစ်ပါတယ်။ အခုလို တနေ့တဒေါ်လာဝင်ငွေကို ဆင်းရဲမှု အဆင့်အတန်းအတွက် အသုံးချတွက်ချက်တာဟာ လူသားတွေရဲ့ အခြေခံလိုအပ်ချက်အများအပြားကို ထည့်မတွက်တဲ့အတွက် သဘာဝသိပ်မကျဘူးလို့ ဆိုပါတယ်။

Bristol တက္ကသိုလ်က သုတေသန ပညာရှင်တွေဟာ ကျေးလက်ဒေသ ကျယ်ပြောတဲ့ ပစိဖိတ်ကျွန်းနိုင်ငံ Vanuatu မှာ နေထိုင်သူတွေရဲ့ နေစရာအိမ်၊ တကိုယ်ရေသန့်ရှင်းရေး၊ ရေသုံးစွဲမှု၊ အဟာရ၊ ကျန်းမာရေးနဲ့ ပညာရေး အခြေနေတွေကို လေ့လာဆန်းစစ်ကြပါတယ်။ ဒီအခါမှာ ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ ဆင်းရဲတွင်းနက်မှု သတ်မှတ်တဲ့ စံဟာ သိပ်လျော့ရဲနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ လေ့လာချက်တွေအရ အဲဒီနိုင်ငံမှာ ရှိတဲ့ ကလေးအားလုံးရဲ့ ၅ % ဟာ ကမ္ဘာ့ဘဏ်က သတ်မှတ်တဲ့ ဆင်းရဲတွင်းနက်သူ စာရင်းဝင်နေပေမယ့် နိုင်ငံအလိုက် စားနပ်ရိက္ခာနဲ့ အခြေခံလိုအပ်ချက် စံအရကြည့်ရင် ဆင်းရဲတွင်းနက်သူက ၁၇ % ရှိနေတယ်လို့ ဆိုပါတယ်။

တကယ့်ဆင်းရဲတွင်းနက်သူ အဖြစ် သတ်မှတ်တဲ့ လူ့အခြေခံလိုအပ်ချက် ၂မျိုးနဲ့ အထက် ပြည့်စုံမှု မရှိသူကတော့ Vanuatu က ကလေး တွေရဲ့ ၁၆ % ရှိနေတယ်လို့ Journal of Sociology စာစောင်မှာ သူတို့ရဲ့ တွေ့ရှိချက်ကို ဖေါ်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ ထောင်စုနှစ် ဖွံ့ဖြိုးမှု ပန်းတိုင် အောင်မြင်ရေးအတွက် ဒီ တဒေါ်လာ၊ တမတ် စံနှုံးနဲ့ နိုင်ငံတိုင်းရဲ့ တိုးတက်မှုကို တိုင်းတာနေတာပါ။ ဒီစီမံကိန်းအရ လာမယ့် ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့ ငတ်မွတ်မှုနဲ့ ဆင်းရဲတွင်းနက်မှုကို ထက်ဝက်လျှော့ချဖို့ လုပ်ဆောင်နေတာမို့ အခုတွေ့ရှိချက်ဟာ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။
XS
SM
MD
LG