သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း အစုရှယ်ယာဈေး ဆက်လက်ကျဆင်း

ကမ္ဘာတဝန်း အစုရှယ်ယာဈေး ဆက်လက်ကျဆင်း
ကမ္ဘာတဝန်း အစုရှယ်ယာဈေး ဆက်လက်ကျဆင်း

ကမ္ဘာတဝန်း အစုရှယ်ယာဈေးနှုန်းတွေ ကြာသပတေးနေ့မှာ ထိုးကျသွားခဲ့ပြီးတဲ့နောက် သောကြာနေ့မှာတော့ အမေရိကန် အစုရှယ်ယာဈေးကွက်မှာ အနည်းငယ် ပြန်တက်ခဲ့ပါတယ်။ ဥရောပတိုက်ရဲ့ ကြွေးမြီအကျပ်အတည်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးတိုးတက်မှုနှုန်း အလားအလာမကောင်းတာတွေအပေါ် စိုးရိမ်မှုတွေကနေ အစုရှယ်ယာဈေးနှုန်းတွေ ကျဆင်းခဲ့ရတာပါ။

အမေရိကန်က အဓိက အစုရှယ်ယာအညွှန်းကိန်းဖြစ်တဲ့ Dow Jones ဟာ ၆၃ မှတ်ပြန်တက်ပြီး ၁၁,၄၄၆ နဲ့ ဈေးပိတ်ခဲ့ပါတယ်။ S & P 500 အညွှန်းကိန်းက အပြောင်းအလဲမရှိသလောက် ၁,၂၀၀ နဲ့ ဈေးပိတ်ခဲ့ပြီး NASDAQ အညွှန်းကိန်းကတော့ ၂၃ မှတ် လျော့ပြီး ၂,၅၃၄ နဲ့ ဈေးပိတ်ခဲ့ပါတယ်။

ဥရောပ အစုရှယ်ယာဈေးကွက်ကတော့ သိသိသာသာကြီးကို အကျဈေးတွေနဲ့ ပိတ်သွားခဲ့ပါတယ်။

အာရှတိုက်မှာဆိုရင် တိုကျိုမြို့က Nikkei အညွှန်းကိန်းဟာ ၃၅၉ မှတ်ကျပြီး ၉,၃၀၀၊ ဟောင်ကောင်က Hang Seng အညွှန်းကိန်းဟာ ၉၃၉ မှတ်ကျပြီး ၂၀,၉၄၆ တို့နဲ့ အသီးသီး ဈေးပိတ်ခဲ့ပါတယ်။

ရွှေဈေးက တအောင်စကို ၁,၆၆၁ ဒဿမ ၃၅ ဒေါ်လာနဲ့ ၁၅ ဒေါ်လာနီးပါးတက်သွားခဲ့ပါတယ်။

အမေရိကန်ဒေါ်လာကတော့ ယူရိုငွေ၊ ဂျပန်ယန်း နှစ်ခုစလုံးနဲ့ လဲလှယ်တာမှာ ဈေးကျခဲ့ပါတယ်။

This item is part of
XS
SM
MD
LG