သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ဥရောပဆက်သွယ်မည့် ကမ္ဘာ့အကျယ်ဆုံး ကြိုးတံတား


ဆောက်လုပ်ပြီးစီးချိန်မှာတွေ့ရမယ့် ကမ္ဘာ့အကျယ်ဆုံးတံတားရဲ့ ကွန်ပြူတာဒီဇိုင်းပုံစံနဲ့ Yavuz Sultan Selim တံတားဒီဇိုင်း။
ဆောက်လုပ်ပြီးစီးချိန်မှာတွေ့ရမယ့် ကမ္ဘာ့အကျယ်ဆုံးတံတားရဲ့ ကွန်ပြူတာဒီဇိုင်းပုံစံနဲ့ Yavuz Sultan Selim တံတားဒီဇိုင်း။

ကမ္ဘာပေါ်မှာ အကျယ်ဆုံးဖြစ်တဲ့ ကြိုးတံတားအသစ်တစင်းကို တူရကီနိုင်ငံ၊ Bosphorus ရေလက်ကြားမှာ တည်ဆောက်နေပါတယ်။ အဲဒီတံတားဟာ ဥရောပနဲ့ အာရှအကြား နောက်ထပ် ဆက်သွယ်ရေးလမ်းကြောင်းတခု ဖြစ်လာမှာပါ။

အစ္စတန်ဘူလ်မြို့တော်က Yavuz Sultan Selim တံတားကို ထောင်ပေါင်းများစွာသော အလုပ်သမားတွေနဲ့ အင်ဂျင်နီယာတွေ ၂၄ နာရီပတ်လည် တည်ဆောက်နေကြတာပါ။

တံတားဟာ မီတာ ၆၀ နီးပါးကျယ်ပြီး ကားလမ်း ၈ လမ်းနဲ့ ရထားလမ်းနှစ်လမ်း ပါပါတယ်။ အရှည် နှစ် ကီလိုမီတာကျော်ရှိပြီး ရေမျက်နှာပြင်အထက် ၁.၅ ကီလိုမီတာလောက်မှာ ရှိပါတယ်။ ဒါဟာ ရထားလမ်းစနစ်ပါတဲ့ ကမ္ဘာ့အရှည်ဆုံး ကြိုးတံတားဖြစ်ပါလိမ့်မယ်။

၂၀၁၃ ခုနှစ်မှာစတင်တဲ့ ဒီစီမံကိန်းဟာ ခန့်မှန်းခြေ ဒေါ်လာ ၃ ဘီလီယံ ကုန်ကျမယ်လို့ သတင်းတွေမှာဖော်ပြပါတယ်။ Bosphorus ရေလက်ကြားမှာ တတိယမြောက်ဖြစ်တဲ့ ဒီတံတားမှာပါတဲ့ လျှောက်လမ်းကျဉ်းကလေး တည်ဆောက်တာ ဇူလိုင်လ ၂၆ ရက်နေ့မှာ ပြီးပါတယ်။ တံတားကို ထောက်ကူထားတဲ့ တိုင်ကြီးနှစ်တိုင်ကြားက အဓိက ကေဘယ်လ်ကြိုးကို တည်ဆောက်တာမှာ ဒီလျှောက်လမ်းကို အသုံးပြုမှာပါ။

ဥရောပဘက်ခြမ်း Garipce ရွာမှာရှိတဲ့ တိုင်ကြီးရဲ့အမြင့်က ၃၂၂ မီတာရှိပြီး အာရှဘက်ခြမ်း Poyrazkoy ခရိုင်မှာရှိတဲ့ တိုင်ကြီးက ၃၁၈ မီတာမြင့်ပါတယ်။ အခုဆိုရင် အလုပ်သမားတွေနဲ့ အင်ဂျင်နီယာတွေဟာ တံတားကို လမ်းလျှောက်ပြီး ဖြတ်သွားနိုင်ကြပြီလို့ သတင်းတွေကဖော်ပြပါတယ်။

XS
SM
MD
LG