[[Zawgyi/Unicode]]
ကာတာႏိုင္ငံမွာက်င္းပေနတဲ့ ကမာၻ႔ဖလားေဘာလံုးပြဲေတြမွာ ဒီေန႔ ေသာၾကာေန႔ ကစားၿပီးသေလာက္ ပဲြစဥ္ေတြထဲက အုပ္စု A ထဲမွာပါတဲ့ အိမ္ရွင္ Qatar နဲ႔ Senegal ႏိုင္ငံအသင္းတို႔ပြဲမွာ Senegal အသင္းက ၃ ဂိုး Qatar အသင္းက ၁ ဂိုးနဲ႔ ပြဲၿပီးသြားပါတယ္။
အေစာပိုင္းက ကစားခဲ့တဲ့ အုပ္စု B က အီရန္နဲ႔ Wales အသင္းပြဲမွာေတာ့ အီရန္အသင္း ၂ ဂိုးနဲ႔ ႏိုင္သြားပါတယ္။ အီရန္အသင္းက ပဲြၿပီးခါနီးသြင္းတဲ့ဂိုးေတြနဲ႔ ၂ ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရသြားခဲ့တာပါ။
ဒီပဲြမွာ Wales အသင္းရဲ႕ဂိုးသမား Wayne Hennessey ပယ္နယ္တီဧရိယာအျပင္ထြက္ၿပီး ေဘာလုံးကိုဖ်က္တာမွာ ကစားပုံၾကမ္းတဲ့အတြက္ ပဲြခ်ိန္ ၈၆ မိနစ္မွာအနီကတ္နဲ႔ အထုတ္ခံခဲ့ရပါတယ္။ ဒါေၾကာင့္ Wales အသင္းက ၁၀ ေယာက္နဲ႔ကစားခဲ့ရၿပီး အီရန္အတြက္ အႏိုင္ဂိုးေတြကိုေတာ့ ဒဏ္ရာရ အခ်ိန္ပို ၉၇ မိနစ္ နဲ႔ ၉၉ မိနစ္ေတြမွာ ၂ ဂိုး ဆက္သြင္းသြားခဲ့လို႔ အီရန္က ၂ ဂိုး ဂိုးမရွိနဲ႔ႏိုင္ၿပီး အခုဆိုရင္ အုပ္စု B မွာ ဒုတိယေနရာကို ေရာက္သြားၿပီျဖစ္ပါတယ္။
ျမန္မာစံေတာ္ခ်ိန္ ည ၁၀ နာရီခဲြမွာေတာ့ အုပ္စု A က နယ္သာလန္နဲ႔ အီေကြေဒါတို႔ကစားၾကမွာျဖစ္ၿပီး ည ၁ နာရီခဲြမွာေတာ့ အုပ္စု B က အဂၤလန္နဲ႔ အေမရိကန္တို႔ ကစားၾကမွာျဖစ္ပါတယ္။
=============
[[Unicode]]
ကမ္ဘာ့ဖလား ၆ ရက်မြောက်နေ့
ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာ ဒီနေ့ သောကြာနေ့ ကစားပြီးသလောက် ပွဲစဉ်တွေထဲက အုပ်စု A ထဲမှာပါတဲ့ အိမ်ရှင် Qatar နဲ့ Senegal နိုင်ငံအသင်းတို့ပွဲမှာ Senegal အသင်းက ၃ ဂိုး Qatar အသင်းက ၁ ဂိုးနဲ့ ပွဲပြီးသွားပါတယ်။
အစောပိုင်းက ကစားခဲ့တဲ့ အုပ်စု B က အီရန်နဲ့ Wales အသင်းပွဲမှာတော့ အီရန်အသင်း ၂ ဂိုးနဲ့ နိုင်သွားပါတယ်။ အီရန်အသင်းက ပွဲပြီးခါနီးသွင်းတဲ့ဂိုးတွေနဲ့ ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့တာပါ။
ဒီပွဲမှာ Wales အသင်းရဲ့ဂိုးသမား Wayne Hennessey ပယ်နယ်တီဧရိယာအပြင်ထွက်ပြီး ဘောလုံးကိုဖျက်တာမှာ ကစားပုံကြမ်းတဲ့အတွက် ပွဲချိန် ၈၆ မိနစ်မှာအနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ ဒါကြောင့် Wales အသင်းက ၁၀ ယောက်နဲ့ကစားခဲ့ရပြီး အီရန်အတွက် အနိုင်ဂိုးတွေကိုတော့ ဒဏ်ရာရ အချိန်ပို ၉၇ မိနစ် နဲ့ ၉၉ မိနစ်တွေမှာ ၂ ဂိုး ဆက်သွင်းသွားခဲ့လို့ အီရန်က ၂ ဂိုး ဂိုးမရှိနဲ့နိုင်ပြီး အခုဆိုရင် အုပ်စု B မှာ ဒုတိယနေရာကို ရောက်သွားပြီဖြစ်ပါတယ်။
မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာတော့ အုပ်စု A က နယ်သာလန်နဲ့ အီကွေဒေါတို့ကစားကြမှာဖြစ်ပြီး ည ၁ နာရီခွဲမှာတော့ အုပ်စု B က အင်္ဂလန်နဲ့ အမေရိကန်တို့ ကစားကြမှာဖြစ်ပါတယ်။