သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ-အမေရိကန် သရေဖြစ်ရုံ ကစားကြမည်လော


USA နဲ့ Germany World Cup။
USA နဲ့ Germany World Cup။

ဘရာဇီးလ်နိုင်ငံမှာ ကျင်းနေတဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ဒီကနေ့ နောက်ဆုံး ၈ သင်း ဒုတိယအဆင့်တက်ဖို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ဒီ ၈ သင်းထဲက တချို့အသင်းတွေအတွက် ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ဖို့ အခွင့်အလမ်း နည်းပေမဲ့လည်း မျှော်လင့်ချက် ကတော့ ရှိနေပါသေးတယ်။


ဒီကနေ့အဖွင့်ပွဲကတော့ အုပ်စု G က အမေရိကန်နဲ့ ဂျာမနီတို့ပွဲပါ။ ဒီပွဲ သရေကျရင် နှစ်သင်းစလုံး နောက်တဆင့်တက်မှာ ဖြစ်သလို တသင်းသင်းက ရှုံးတယ်ဆိုရင်တောင်မှ ဒီအုပ်စုကပဲ နောက်တပွဲဖြစ်တဲ့ ဂါနာနဲ့ ပေါ်တူဂီတို့ပွဲ သရေကျတယ်ဆိုရင် လည်း အမေရိကန်နဲ့ ဂျာမနီ နောက်တဆင့်တက်မှာပါပဲ။
ဂါနာနဲ့ ပေါ်တူဂီတို့အတွက်ကတော့ နောက်တဆင့်တက်ရေး အကောင်းဆုံး အခွင့်အလမ်း ရဖို့ဆိုရင် ဂျာမနီက အမေရိကန်ကို အနိုင်ကန်ဖို့လိုပါတယ်။ အဲဒါတောင်မှပဲ ပေါ်တူဂီအသင်းဟာ ဂါနာကို ဂိုးများများနဲ့ အပြတ်နိုင်မှ အမေရိကန်နဲ့ အမှတ်တူ ဂိုးအသာ နဲ့တက်နိုင်မှာပါ။


အုပ်စု H မှာတော့ ဘယ်လ်ဂျီယမ်အသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ သရေကျရင်ကိုပဲ နောက်တဆင့်တက်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားအတွက်ကတော့ ပေါ်တူဂီလိုပဲ ဂိုးများများနဲ့ အပြတ်နိုင်ပါမှ မျှော်လင့်ချက်ရှိနိုင်မှာပါ။ ဒီအုပ်စုက နောက်တပွဲ ဖြစ်တဲ့ အယ်လ်ဂျီးရီးယားနဲ့ ရုရှားတို့ပွဲမှာတော့ လက်ရှိမှာ အုပ်စုဒုတိယ အယ်လ်ဂျီးရီးယား အနိုင်ရရင် နောက်တဆင့် တက်မှာ ဖြစ်ပေမယ့် သရေ ဒါမှမဟုတ် ရှုံးတယ်ဆိုရင်တော့ တောင်ကိုရီးယားအသင်းအတွက် လမ်းပွင့်သွားနိုင်ပါတယ်။ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွေကိုတော့ ဇွန်လ ၂၈ ရက် စနေနေ့မှာ စပြီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

XS
SM
MD
LG