သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီ အမေရိကန်နဲ့ အယ်လ်ဂျီးရီးယားတို့ ဒုတိယအဆင့်တက်


ကမ္ဘာ့ဖလား ဘောလုံးပွဲ အားပေးသူများ (ဇွန် ၂၆၊ ၂၀၁၄)
ကမ္ဘာ့ဖလား ဘောလုံးပွဲ အားပေးသူများ (ဇွန် ၂၆၊ ၂၀၁၄)

ဘရာဇီးနိုင်ငံမှာ ကျင်းပနေတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲမှာတော့ ဂျာမနီ ၊ အမေရိကန် နဲ့ အယ်လ်ဂျီရီးယားအသင်းတို့ ဒုတိယအဆင့် ရှုံးထွက်ပွဲတွေကို တက်သွားကြပါပြီ။ Recife မြို့မှာ ကစားတဲ့ ဂျာမနီ နဲ့ အမေရိကန်အသင်းတို့ ကစားခဲ့ကြတာမှာ ဂျာမနီက အမေရိကန်ကို ၁ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဂျာမနီ အတွက် တလုံးတည်းသော အနိုင်ဂိုးကို ရှေ့တန်းလူ မူလာက ဒုတိယပိုင်း ၅၅ မိနစ်မှာ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါဟာ မူလာအတွက်တော့ အခုနှစ်ကမ္ဘာ့ဖလားမှာ ၄ ဂိုး မြောက်ဖြစ်တဲ့အတွက် သူဟာ မက်ဆီ၊ နေမားတို့ နဲ့ သွင်းဂိုးတူသွားခဲ့ပါတယ်။ မြို့တော် Brasilia မှာ ကစားတဲ့ တဘက်က အုပ်စု G ပွဲစဉ်မှာတော့ ပေါ်တူဂီက ဂါနာကို ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

ဂါနာနောက်တန်းလူ Boye ကိုယ့်ဂိုးကိုယ်သွင်းတာကို အဆာမိုအာဂျန်က ပြန်ချေခဲ့လို့ ၁ ဂိုးစီ သရေဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် အနိုင်ဂိုးကို ရိုနာလ်ဒိုက မိနစ် ၈၀ မှာသွင်းခဲ့တာပါ။ ဒီပွဲမှာ ရိုနာလ်ဒို အပိုင်ဂိုးသွင်းခွင့်တွေကို ဂါနာဂိုးသမားလက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ဒါကြောင့် ဒီအုပ်စုမှာ ဂျာမနီက ၇ မှတ် နဲ့ အုပ်စု ပထမ၊ အမေရိကန် နဲ့ ပေါ်တူဂီတို့ ၄ မှတ်စီ တူပေမယ့် ၊ အမေရိကန်က ဂိုးကွာခြားချက် နဲ့ အုပ်စု ဒုတိယရပြီး ဒုတိယအဆင့်ကို တက်သွားပါတယ်။

မြန်မာစံတော်ချိန်မနက် ၂ နာရီခွဲမှာ ကစားခဲ့တဲ့ အုပ်စု H က ပွဲတွေမှာတော့ ဘယ်လ်ဂျီယမ်က တောင်ကိုရီးယားကို ဗာတော်န်ဂန်သွင်းတဲ့ဂိုးနဲ့ ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားပါတယ်။ ရုရှား နဲ့ အယ်လ်ဂျီးရီးယားတို့ပွဲမှာတော့ ရုရှားက ၁ ဂိုး အရင်သွင်းပြီးမှ ဂိုးပြန်ပေးလိုက်ရတာကြောင့် ၁ ဂိုးစီ သရေနဲ့ အယ်လ်ဂျီးရီးယားက ၄ မှတ် နဲ့ ဒုတိယအဆင့် တက်ပြီး ရုရှားပြုတ်သွားပါတယ်။

XS
SM
MD
LG