သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ၅ ရက်မြောက်နေ့ 


ဆွစ်ဇာလန်အသင်းက Breel Embolo ရှေ့နဲ့ ကင်မရွန်နိုင်ငံအသင်းတို့ အုပ်စု G ပွဲစဉ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၂)
ဆွစ်ဇာလန်အသင်းက Breel Embolo ရှေ့နဲ့ ကင်မရွန်နိုင်ငံအသင်းတို့ အုပ်စု G ပွဲစဉ်။ (နိုဝင်ဘာ ၂၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာဖလား ဘောလုံးပွဲမှာ ဒီကနေ့ ဥရုဂွေးနဲ့ တောင်ကိုရီးယားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာမှာ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဘဲ သရေပွဲဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဒီကနေ့ အုပ်စုပွဲတွေမှာတော့ ဆွစ်ဇာလန်နဲ့ ကင်မရွန်တို့ကစားကြရာမှာ ဆွစ်ဇာလန်က ၁ ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့ပါတယ်။

မနေ့ကစားခဲ့တဲ့ပွဲတွေမှာတော့ မော်ရကိုနဲ့ ခရိုအေးရှတို့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဂျာမနီနဲ့ဂျပန်ပွဲမှာတော့ ဂျပန်က ၂ ဂိုး ၁ ဂိုးနဲ့ ဂျာမနီကို အနိုင်ရခဲ့ပါတယ်။ စပိန်နဲ့ ကော်စတာရီကာပွဲမှာ စပိန်က ၇ ဂိုးသွင်းပြီးအပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံနဲ့ ကနေဒါပွဲမှာတော့ ဘယ်လဂျီယံက ၁ ဂိုး၊ ဂိုးမရှိနဲ့ကနေဒါကိုအနိုင်ရခဲ့ပါတယ်။

မြန်မာစံတော်ချိန် ဒီကနေ့ည ၁၀ နာရီခွဲမှာ ပေါ်တူဂီနဲ့ဂါနာတို့ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး ဒီကနေ့ ည ၁ နာရီခွဲမှာတော့ ဘရာဇီးလ်နဲ့ဆားဗီးယားတို့ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အမေရိကန်အသင်းကတော့ မနက်ဖြန် သောကြာနေ့ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ အင်္ဂလန်အသင်းနဲ့ကစားရမှာဖြစ်ပါတယ်။ အမေရိကန်အသင်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့ပွဲမှာWales နိုင်ငံအသင်းနဲ့ကစားခဲ့ပြီး ၁ ဂိုး ၁ ဂိုးနဲ့ သရေကျခဲ့ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပွဲကို ၄ နှစ်တကြိမ်ကျင်းပလေ့ရှိပြီး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကတော့ ပြင်သစ်နိုင်ငံ အသင်းက ချန်ပီယံဆုကိုဆွတ်ခူးခဲ့ပါတယ်။ လက်ရှိချန်ပီယံ ပြင်သစ်အသင်းဟာ လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ဒိန်းမတ်အသင်းနဲ့ကစားမှာဖြစ်ပြီး ပြင်သစ်ရဲ့ဒုတိယပွဲစဉ်ကတော့ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တူနီးရှားနိုင်ငံနဲ့ကစားရမှာဖြစ်ပါတယ်။

ဒီနှစ်ကမ္ဘာ့ဖလားဘောလုံးပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အထိ ကာတာနိုင်ငံမှာကျင်းပတာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသနဲ့ မွတ်ဆလင်ကမ္ဘာမှာပထမဆုံးကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲဖြစ်ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားဘောလုံးပွဲကိုတော့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေမှာ ပူးတွဲကျင်းပမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၅ ရက်မြောက်နေ့ .mp3
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

=======================

[[Unicode]]

ကမ်ဘာ့ဖလား ၅ ရကျမွောကျနေ့






XS
SM
MD
LG