သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကမာၻ႔ဖလား ကြာတားပြဲေတြ ဒီေန႔စတင္ 


Croatia အသင္းရဲ႕နံပါတ္ ၁၀ Luka Modric ဒိုဟာကြင္းထဲမွာ ေလ့က်င့္ေနစဥ္။ (ဒီဇင္ဘာ ၈၊ ၂၀၂၂)

[[Zawgyi/Unicode]]

ကာတာႏိုင္ငံမွာက်င္းပေနတဲ့ ကမာၻ႕ဖလားပြဲေဘာလံုး ကြာတာဖိုင္နယ္ပြဲေတြ ဒီေန႔ မၾကာခင္အခ်ိန္မွာ စတင္ေတာ့မွာျဖစ္ပါတယ္။ ျမန္မာစံေတာ္ခ်ိန္ ၉ နာရီခဲြမွာ Brazil အသင္းနဲ႔ Croatia အသင္းတို႔ ကန္ၾကမွာျဖစ္ပါတယ္။

ကမာၻ႔ဖလား ၅ ႀကိမ္ ရထားတဲ့ Brazil အသင္းအေနနဲ႔ ၆ ႀကိမ္ေျမာက္ဖလားရႏိုင္ဖို႔ ျပင္ဆင္ထားတယ္လို႔ ေျပာပါတယ္။ ၂၀၁၈ ကမာၻ႔ဖလားပြဲတုန္းက ဖိုင္နယ္ေရာက္ခဲ့တဲ့ Croatia အသင္းဘက္ကလည္း ဆီမီးဖိုင္နယ္တက္ႏိုင္ဖို႔ အႀကိတ္အနယ္ ကန္မယ္လို႔ ခန္႔မွန္းရပါတယ္။ Brazil နဲ႔ Croatia အသင္းတို႔ အရင္ ၄ ႀကိမ္ကစားခဲ့ဖူးၿပီး Brazil အသင္းဘက္က တခါမွ မ႐ႈံးခဲ့ဖူးပါဘူး။

ျမန္မာစံေတာ္ခ်ိန္ စေနေန႔မနက္ ၁ နာရီခြဲက်ရင္ေတာ့ Argentina နဲ႔ Netherlands အသင္းတို႔ ကစားၾကမွာျဖစ္ပါတယ္။ ေဘာလံုးအေက်ာ္အေမာ္ Lionel Messi ဦးေဆာင္တဲ့ Argentina အသင္းက ကမာၻ႔ဖလား ၂ ႀကိမ္ရထားဖူးေပမဲ့ ကမာၻ႔ဖလား တႀကိမ္မွမရဘူးေသးတဲ့ Netherlands အသင္းကလည္း ဒီတခါ ဖလားရေအာင္ ႀကိဳးစားၾကမွာျဖစ္ပါတယ္။

Argentina နဲ႔ Netherlands တို႔ အရင္ ကမာၻ႔ဖလားပြဲေတြမွာ ၆ ႀကိမ္ၾကံဳခဲ့ဖူးပါတယ္။ ကာတာႏိုင္ငံမွာ ခုလို ကမာၻ႔ဖလားပြဲေတြ က်င္းပေနတ့ဲတခ်ိန္တည္းမွာ ေဘာလံုးကြင္းေတြ၊ ဟိုတယ္ေတြေဆာက္တဲ့ ေရႊ႕ေျပာင္းေဆာက္လုပ္ေရးလုပ္သားေတြ လူ႔အခြင့္အေရးခ်ဳိးေဖာက္ခံရမႈေတြကလည္း သတင္းေတြမွာ လႊမ္းမိုးေနပါတယ္။ Saudi Arabia အသင္းတည္းခိုတဲ့ အပန္းေျဖေနရာမွာအလုပ္လုပ္ေနတဲ့ ဖိလစ္ပိုင္ အလုပ္သမားတေယာက္ ကမာၻ႔ဖလားပြဲက်င္းပေနခ်ိန္မွာ ေသဆံုးခဲ့တာနဲ႔ပတ္သက္လို႔ ကာတာအာဏာပိုင္ေတြ စံုစမ္းစစ္ေဆးေနပါတယ္။

ကာတာအစိုးရတာဝန္ရွိသူတေယာက္က ေသဆံုးသူ မိသားစုအတြက္ စိတ္မေကာင္းစကားဆိုေပမဲ့ ေသဆံုးျခင္းဟာ သဘာဝတရားျဖစ္တယ္လို႔ ၾကာသပေတးေန႔က ေျပာၾကားခဲ့တ့ဲအတြက္ အလုပ္သမားေတြ ေသဆံုးမႈကို ေပါ့ေပါ့တန္တန္ သေဘာထားတယ္ဆိုၿပီး ေဝဖန္ခံေနရပါတယ္။

ကမာၻ႔ဖလား ကြာတားပြဲေတြ ဒီေန႔စတင္ .mp3
please wait

No media source currently available

0:00 0:01:20 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ကမ္ဘာ့ဖလား ကွာတားပွဲတွေ ဒီနေ့စတင်

ကာတာနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့ဖလားပွဲဘောလုံး ကွာတာဖိုင်နယ်ပွဲတွေ ဒီနေ့ မကြာခင်အချိန်မှာ စတင်တော့မှာဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ Brazil အသင်းနဲ့ Croatia အသင်းတို့ ကန်ကြမှာဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ၅ ကြိမ် ရထားတဲ့ Brazil အသင်းအနေနဲ့ ၆ ကြိမ်မြောက်ဖလားရနိုင်ဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားပွဲတုန်းက ဖိုင်နယ်ရောက်ခဲ့တဲ့ Croatia အသင်းဘက်ကလည်း ဆီမီးဖိုင်နယ်တက်နိုင်ဖို့ အကြိတ်အနယ် ကန်မယ်လို့ ခန့်မှန်းရပါတယ်။ Brazil နဲ့ Croatia အသင်းတို့ အရင် ၄ ကြိမ်ကစားခဲ့ဖူးပြီး Brazil အသင်းဘက်က တခါမှ မရှုံးခဲ့ဖူးပါဘူး။

မြန်မာစံတော်ချိန် စနေနေ့မနက် ၁ နာရီခွဲကျရင်တော့ Argentina နဲ့ Netherlands အသင်းတို့ ကစားကြမှာဖြစ်ပါတယ်။ ဘောလုံးအကျော်အမော် Lionel Messi ဦးဆောင်တဲ့ Argentina အသင်းက ကမ္ဘာ့ဖလား ၂ ကြိမ်ရထားဖူးပေမဲ့ ကမ္ဘာ့ဖလား တကြိမ်မှမရဘူးသေးတဲ့ Netherlands အသင်းကလည်း ဒီတခါ ဖလားရအောင် ကြိုးစားကြမှာဖြစ်ပါတယ်။

Argentina နဲ့ Netherlands တို့ အရင် ကမ္ဘာ့ဖလားပွဲတွေမှာ ၆ ကြိမ်ကြုံခဲ့ဖူးပါတယ်။ ကာတာနိုင်ငံမှာ ခုလို ကမ္ဘာ့ဖလားပွဲတွေ ကျင်းပနေတဲ့တချိန်တည်းမှာ ဘောလုံးကွင်းတွေ၊ ဟိုတယ်တွေဆောက်တဲ့ ရွှေ့ပြောင်းဆောက်လုပ်ရေးလုပ်သားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကလည်း သတင်းတွေမှာ လွှမ်းမိုးနေပါတယ်။ Saudi Arabia အသင်းတည်းခိုတဲ့ အပန်းဖြေနေရာမှာအလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် အလုပ်သမားတယောက် ကမ္ဘာ့ဖလားပွဲကျင်းပနေချိန်မှာ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ ကာတာအာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေပါတယ်။

ကာတာအစိုးရတာဝန်ရှိသူတယောက်က သေဆုံးသူ မိသားစုအတွက် စိတ်မကောင်းစကားဆိုပေမဲ့ သေဆုံးခြင်းဟာ သဘာဝတရားဖြစ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့တဲ့အတွက် အလုပ်သမားတွေ သေဆုံးမှုကို ပေါ့ပေါ့တန်တန် သဘောထားတယ်ဆိုပြီး ဝေဖန်ခံနေရပါတယ်။

XS
SM
MD
LG