သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေသဒဏ္က် ေက်ာင္းသား၇ဦး ကြပ္မ်က္စီရင္မႈမလုပ္ဖို႔ တိုက္တြန္းဆႏၵျပ


ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေက်ာင္းသား ၇ဦး

(Zawgyi/Unicode)

ေသဒဏ္ခ်မွတ္ခံထားရတဲ့ ေက်ာင္းသား ၇ဦးကို ကြပ္မ်က္စီရင္မႈမလုပ္ဖို႔ ႏိုင္ငံတကာမွာ ေတာင္းဆိုဆႏၵျပေနၾကသလိုပဲ၊ သူတို႔ရဲ႕ မိသားစုဝင္တခ်ိဳ႕ကလည္း သူတို႔ကို ကြပ္မ်က္မႈမလုပ္ႏိုင္ေအာင္ ကူညီၾကဖို႔ ႏိုင္ငံတကာကို ေမတၱာရပ္ခံေနတယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။ ထိုင္းႏိုင္ငံအပါအဝင္ ႏိုင္ငံတကာမွာ တတ္ႂကြလႈပ္ရွားသူေတြက သူတို႔ကို ကြပ္မ်က္စီရင္ျခင္းမလုပ္ဖို႔ ဆႏၵျပတာေတြရွိသလို၊ လူမႈကြန္ယက္ေတြေပၚမွာလည္း ေသဒဏ္က်ေက်ာင္းသားေတြကို သတ္ျဖတ္မႈမလုပ္ဖို႔ တိုက္တြန္းေနတာေတြ ေတြ႕ရပါတယ္။ ဒီ ေက်ာင္းသားေတြကို မၾကာခင္ရက္ပိုင္းအတြင္း စီရင္ကြပ္မ်က္မယ္ဆိုတဲ့ သတင္းေတြထြက္ေပၚေနတာပါ။ ေသဒဏ္ခ်မွတ္ခံရသူ ေက်ာင္းသားတဦးရဲ႕ အမည္မေဖာ္လိုတဲ့ မိသားစုဝင္တဦးကေတာ့ ဒီသတင္းေၾကာင့္ သူတို႔ ေၾကကြဲေနၾကရၿပီး၊ သူတို႔ကို ကူညီဖို႔ ႏိုင္ငံတကာကို ေမတၱာရပ္ခံလိုပါတယ္လို႔ ႐ိုက္တာသတင္းဌာနကို တယ္လီဖုန္းကတဆင့္ ေျဖၾကားထားပါတယ္။ ဖခင္တဦးကလည္ သူ႔သားကို ေသဒဏ္ခ်မွတ္တာဟာ မွ်တမႈမရွိဘူးလို႔ ႐ိုက္တာကိုေျပာပါတယ္။ သူ ေထာင္ထဲမွာရွိေနမယ္ဆိုတာ သိထားေပမယ့္၊ သူအသက္ရွင္လွ်က္ရွိေနေစခ်င္ပါတယ္လို႔လည္း အဲဒီ ဖခင္က ေျပာဆိုတဲ့အေၾကာင္း ႐ိုက္တာသတင္းက ေရးပါတယ္။ အသက္ ၂၅ႏွစ္ေတာင္မျပည့္ေသးတဲ့ ဒီေက်ာင္းသား ၇ ဦးကို စစ္တပ္အရာရွိေဟာင္းတဦးကို ပစ္ခတ္သတ္ျဖတ္မႈစြဲခ်က္နဲ႔ စစ္ခုံ႐ုံးကေန ႏိုဝင္ဘာ ၃၀ရက္ေန႔က ေသဒဏ္အသီးသီးျပစ္ဒဏ္ခ်မွတ္လိုက္တာပါ။ သူတို႔အပါအဝင္ဆိုရင္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ ေသဒဏ္အျပစ္ ခ်မွတ္ခံထားရသူ ၁၃၀ ေက်ာ္ရွိေနတယ္လို႔ ကုလသမဂၢက ထုတ္ျပန္ထားပါတယ္။ အခု ႏွစ္ ဇူလႈိင္လအတြင္းကေတာ့ ထင္ရွားတဲ့ဒီမိုကေရစီေရးလႈပ္ရွားသူ ကိုဂ်င္မီနဲ႔ ကိုေဇယ်ာေသာ္အပါအဝင္ ေလးဦးကို စစ္ေကာင္စီက ေသဒဏ္ကြပ္မ်က္ခဲ့တာေၾကင့္ ႏိုင္ငံတကာက စစ္ေကာင္စီကို ျပင္းျပင္းထန္ထန္ေဝဖန္ကန႔္ကြက္ခဲ့ၾကပါတယ္။ ျမန္မာစစ္ေကာင္စီဟာ ေသဒဏ္အျပစ္ေပးမႈကို အတိုက္အခံေတြကို ႏွိမ္နင္းတဲ့ ႏိုင္ငံေရးအတြက္အသုံးခ်ေနတယ္လို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက ေဝဖန္ခဲ့ၿပီး၊ ျမန္မာႏိုင္ငံမွာ ေသဒဏ္အျပစ္ေပးမႈကို လုံး၀ဖ်က္သိမ္းဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ အခု ေက်ာင္းသား ၇ ဦးကို မၾကာခင္ ေသဒဏ္ကြပ္မ်က္စီရင္မယ္ဆိုတဲ့ သတင္းေတြထြက္ေနတဲ့အေပၚမွာေတာ့ စစ္ေကာင္စီက တစုံတရာတုန႔္ျပန္ေျဖၾကားတာမ်ိဳးမရွိေသးပါဘူး။

(unicode)

သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ဦးကို ကွပ်မျက်စီရင်မှုမလုပ်ဖို့ နိုင်ငံတကာမှာ တောင်းဆိုဆန္ဒပြနေကြသလိုပဲ၊ သူတို့ရဲ့ မိသားစုဝင်တချို့ကလည်း သူတို့ကို ကွပ်မျက်မှုမလုပ်နိုင်အောင် ကူညီကြဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံနေတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံအပါအဝင် နိုင်ငံတကာမှာ တတ်ကြွလှုပ်ရှားသူတွေက သူတို့ကို ကွပ်မျက်စီရင်ခြင်းမလုပ်ဖို့ ဆန္ဒပြတာတွေရှိသလို၊ လူမှုကွန်ယက်တွေပေါ်မှာလည်း သေဒဏ်ကျကျောင်းသားတွေကို သတ်ဖြတ်မှုမလုပ်ဖို့ တိုက်တွန်းနေတာတွေ တွေ့ရပါတယ်။ ဒီ ကျောင်းသားတွေကို မကြာခင်ရက်ပိုင်းအတွင်း စီရင်ကွပ်မျက်မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ။ သေဒဏ်ချမှတ်ခံရသူ ကျောင်းသားတဦးရဲ့ အမည်မဖော်လိုတဲ့ မိသားစုဝင်တဦးကတော့ ဒီသတင်းကြောင့် သူတို့ ကြေကွဲနေကြရပြီး၊ သူတို့ကို ကူညီဖို့ နိုင်ငံတကာကို မေတ္တာရပ်ခံလိုပါတယ်လို့ ရိုက်တာသတင်းဌာနကို တယ်လီဖုန်းကတဆင့် ဖြေကြားထားပါတယ်။ ဖခင်တဦးကလည် သူ့သားကို သေဒဏ်ချမှတ်တာဟာ မျှတမှုမရှိဘူးလို့ ရိုက်တာကိုပြောပါတယ်။ သူ ထောင်ထဲမှာရှိနေမယ်ဆိုတာ သိထားပေမယ့်၊ သူအသက်ရှင်လျှက်ရှိနေစေချင်ပါတယ်လို့လည်း အဲဒီ ဖခင်က ပြောဆိုတဲ့အကြောင်း ရိုက်တာသတင်းက ရေးပါတယ်။ အသက် ၂၅နှစ်တောင်မပြည့်သေးတဲ့ ဒီကျောင်းသား ၇ ဦးကို စစ်တပ်အရာရှိဟောင်းတဦးကို ပစ်ခတ်သတ်ဖြတ်မှုစွဲချက်နဲ့ စစ်ခုံရုံးကနေ နိုဝင်ဘာ ၃၀ရက်နေ့က သေဒဏ်အသီးသီးပြစ်ဒဏ်ချမှတ်လိုက်တာပါ။ သူတို့အပါအဝင်ဆိုရင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် သေဒဏ်အပြစ် ချမှတ်ခံထားရသူ ၁၃၀ ကျော်ရှိနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ အခု နှစ် ဇူလှိုင်လအတွင်းကတော့ ထင်ရှားတဲ့ဒီမိုကရေစီရေးလှုပ်ရှားသူ ကိုဂျင်မီနဲ့ ကိုဇေယျာသော်အပါအဝင် လေးဦးကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ခဲ့တာကြေင့် နိုင်ငံတကာက စစ်ကောင်စီကို ပြင်းပြင်းထန်ထန်ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ မြန်မာစစ်ကောင်စီဟာ သေဒဏ်အပြစ်ပေးမှုကို အတိုက်အခံတွေကို နှိမ်နင်းတဲ့ နိုင်ငံရေးအတွက်အသုံးချနေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပြီး၊ မြန်မာနိုင်ငံမှာ သေဒဏ်အပြစ်ပေးမှုကို လုံး၀ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ အခု ကျောင်းသား ၇ ဦးကို မကြာခင် သေဒဏ်ကွပ်မျက်စီရင်မယ်ဆိုတဲ့ သတင်းတွေထွက်နေတဲ့အပေါ်မှာတော့ စစ်ကောင်စီက တစုံတရာတုန့်ပြန်ဖြေကြားတာမျိုးမရှိသေးပါဘူး။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG