သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်ဖိုးဖိုးကျောင်းဆရာ


အသက် ၁၁၁ နှစ်ရှိပြီဖြစ်တဲ့ ဂျပန်နိုင်ငံက အငြိမ်းစား ပညာရေး ဝန်ထမ်းဟောင်းကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိလူသားအဖြစ် အသိအမှတ်ပြုလိုက်ပါတယ်။ ဒီကနေ့ဗုဒ္ဒဟူးနေ့မှာ Guinness ကမ္ဘာ့မှတ်တမ်းဝင် အသိအမှတ်ပြုလွှာကို Sakari Momoi ဟာ လက်ခံရရှိပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက အသက် ၁၁၁ နှစ်နဲ့ ၁၆၄ ရက်မှာ ကွယ်လွန်ခဲ့သူ နယူးယောက်မြို့က Alexander Imich နေရာကို ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ်နဲ့ ဆက်ခံခဲ့တာပါ။ နောက်ထပ် ကမ္ဘာ့အသက်အကြီးဆုံး လူသားတဦးဖြစ်တဲ့ Misao Okawa ဟာဆိုရင်လည်း ဂျပန်နိုင်ငံ အိုဆာကာမြို့က ဖြစ်ပါတယ်။ ၁၉၀၃ ခုနှစ် ဖေဖေါ်ဝါရီလ ၅ ရက်နေ့မှာ Momoi ကို ဖူကူရှီးမား ဒေသမှာ မွေးဖွားခဲ့ပြီး သူဟာ ကျောင်းဆရာတဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် တိုကျိုမြို့မြောက်ပိုင်း Saitamaမြို့က အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းအုပ်အဖြစ် နောက်ဆုံး အငြိမ်းစားယူချိန်ထိ လုပ်ကိုင်ခဲ့ပါတယ်။

တရုတ်ကဗျာ အများစုကို ကြိုက်နှစ်သက်သူတဦးဖြစ်တဲ့ Momoi မှာ သားသမီး ၅ ဦးရှိပြီး ခုအခါ တိုကျိုမြို့က သက်ကြီးစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်နေပါတယ်။

XS
SM
MD
LG