အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမှာ ကျင်းပနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ညီလာခံကြီးမှာ တက်ရောက်နေကြတဲ့ ကိုယ်စားလှယ်တွေက ၁၉၉၅ ခုနှစ်မှာ WTO အဖွဲ့ကြီးကို စတင်တည်ထောင်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ကုန်သွယ်မှု သဘောတူညီချက်တစ်ခုကို ချမှတ်နိုင်ခဲ့ကြပါတယ်။
ဒီကနေ့ ညီလာခံပိတ်ပွဲအခမ်းအနားအတွင်း မိန့်ခွန်းစကား ပြောကြားရာမှာတော့ WTO ညွှန်ကြားရေးမှူးချုပ် Roberto Azevedo က - သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ WTO အဖွဲ့ကြီးက သဘောတူညီချက်ကို ဆောင်ကျဉ်းပေးနိုင်ခဲ့ပြီဖြစ်တဲ့အကြောင်း မျက်ရည်တွေ သုတ်ရင်းနဲ့ ပြောဆိုခဲ့ပါတယ်။
သဘောတူညီချက်မှာ အဓိကအားဖြင့် ထည့်သွင်းထားတကာကတော့ ရဲ့ အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုမိုလွယ်ကူအောင်နဲ့ ပွင့်လင်းမြင်သာမှုရှိလာအောင် လုပ်ခြင်းအားဖြင့် ကုန်သွယ်ရေးမှာ အဟန့်အတားဖြစ်နေတာတွေကို လျော့ပါးအောင် ရည်ရွယ်ထားတာပါ။ ဒီသဘောတူညီချက်ကိုတော့ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၉ နိုင်ငံက အစိုးရတွေ အားလုံးကနေ အတည်ပြု လက်ခံဖို့လည်း လိုအပ်ပါတယ်။
အစောပိုင်းမှာ တုန်းကတော့ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတာတွေ အဆုံးသတ်ရေးအတွက် အထောက်အကူ မဖြစ်တဲ့အတွက် လက်ခံမှာ မဟုတ်ဘူးဆိုပြီး ကျူးဘားနိုင်ငံကနေ ပြောဆိုခဲ့တာကြောင့် လေးရက်ကြာ ဆွေးနွေးပွဲအတွက် ခြိမ်းခြောက်မှုတခု ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဗီတိုအာဏာသုံး ပယ်ချမယ့် အစီအစဉ်ကို ကျူးဗားက စွန့်လွှတ်ခဲ့တာပါ။
အကဲခတ်တွေကတော့ သဘောတူညီချက်ဟာ ကမ္ဘာ့စီးပွားရေးအတွက် ခန့်မှန်းချေ ဒေါ်လာ ၁ ထရီလီယံလောက် ပိုမိုဝင်ရောက်လာနိုင်ပြီး WTO ရဲ့အနာဂတ်ကိုလည်း ထိန်းသိမ်းရာ ရောက်တယ်လို့ သုံးသပ်ကြပါတယ်။