သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေး ဦးဝဏ္ဏမောင်လွင်ကို မဖိတ် (ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန)


စစ်ကောင်စီခေါင်းခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲမှယာ)
စစ်ကောင်စီခေါင်းခေါင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် (ဝဲမှယာ)

[[Zawgyi/Unicode]]

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ အခုလလယ်ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့စည်းဝေးပွဲမှာ မြန်မာစစ်အုပ်ချုပ်ရေးအဖွဲ့ကို ဖိတ်ကြားမှာမဟုတ်ဘူးလို့ ကမ္ဘောဒီးယားနိုင်ငံက ပြောကြားလိုက်ပါတယ်။

အာဆီယံမူဘောင် (၅) ချက်ကို အကောင်အထည်ဖော်ဆောင်မှုမှာ တိုးတက်မှုအနည်းငယ်သာတွေ့ရတဲ့အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား စစ်ကောင်စီကိုဖိတ်ကြားဖို့ အားလုံးရဲ့သဘောတူညီချက်ကို မရနိုင်တာကြောင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲကို မြန်မာစစ်ကောင်စီ တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရ Chum Sounry က ဗွီအိုအေ ခမာဌာနကို ဒီကနေ့ ပြောပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးကိုကိုယ်စားမပြုတဲ့ ဝန်ထမ်းကိုယ်စားလှယ်ကိုသာ စေလွှတ်ပေးဖို့ တောင်းဆိုထားတယ်လို့ Chum Sounry က ပြောပါတယ်။

ဖနွမ်းပင်မြို့မှာ ဖေဖေါ်ဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာကျင်းပမယ့် ဒီ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲဟာ အာဆီယံအဖွဲ့အတွင်း အရေးပါတဲ့စည်းဝေးပွဲတခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့လဆန်းပိုင်းတုန်းက ဝန်ကြီးချုပ်ဟွန်ဆမ် မြန်မာနိုင်ငံကိုသွားရောက်ပြီး စစ်ကောင်စီအကြီးအကဲနဲ့ နေပြည်တော် မှာ တွေ့ဆုံခဲ့တာအပေါ် အင်ဒိုနီးရှား၊ မေလးရှားနဲ့ စက်ာပူ စတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြင်းထန်စွာ ကန့်ကွက်မှုတွေ ထွက်ပေါ်လာအပြီးမှာ အခုလို မြန်မာစစ်ကောင်စီကိုမဖိတ်ဖို့ ကမ္ဘောဒီးယားအစိုးရရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

#ဦးဝဏ္ဏမောင်လွင် #အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး #စစ်ကောင်စီ #ကမ္ဘောဒီးယား #ဗွီအိုအေ #MilitaryCoup #ASEAN #WunnaMaungLwin #VOA
==========

[[Zawgyi/Unicode]]







==========

XS
SM
MD
LG