သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟစ်ဟော့ အဆိုတော် သမ္မတဝင်ရွေးမည်

ဟစ်ဟော့အဆိုတော့ Wyclef Jean
ဟစ်ဟော့အဆိုတော့ Wyclef Jean

ဟေတီနိုင်ငံဖွား ကမ္ဘာကျော် Hip Hop အဆိုတော် Wyclef Jean ဟာ နိုဝင်ဘာလမှာကျင်းပမယ့် ဟေတီ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ တရားဝင် အမည်စာရင်း တင်သွင်းလိုက်ပါပြီ။

သူ သမ္မတရွေးကောက်ပွဲ ဝင်ဖို့အတွက် တိုင်းပြည်လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ ဟေတီလူငယ်တွေက ဝိုင်းစည်းရုံးခဲ့ကြတာလို့ အသက် ၄၀ ရှိပြီဖြစ်တဲ့ ဝိုင်းကလက်ဖ်က စီအဲန်အဲန် ရုပ်မြင်သံကြား သတင်းဌာနကို ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

ဝိုင်းကလက်ဖ် ဂျင်း ဟေတီနိုင်ငံမြို့တော် Port-au-Prince ကို ကြာသပတေးနေ့က ရောက်သွားပြီး ရွေးကောက်ပွဲကော်မရှင်မှာ အမည်စာရင်း သွားပေးတော့ သူ့ကိုထောက်ခံသူတွေက ဝိုင်းဝန်း ကြိုဆိုခဲ့ကြပါတယ်။ ဝိုင်းကလက်ဖ်နဲ့အတူ ဇနီးနဲ့ သမီးတို့လည်း လိုက်ပါသွားခဲ့ကြပါတယ်။

တကယ်လို့ ရွေးကောက်ပွဲကော်မရှင်က သူ့လျှောက်လွှာကို လက်ခံခဲ့ရင် နောက်တကြိမ် ပြန်အရွေးခံခွင့်မရှိတော့တဲ့ လက်ရှိသမ္မတ Rene Preval ရဲ့နေရာအတွက် ဝိုင်းကလက်ဖ် အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရမှာပါ။ ဇန်နဝါရီလက ငလျင်လုပ်ခဲ့ပြီးနောက်ပိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် မလုပ်နိုင်တဲ့အတွက် သမ္မတ Rene Preval ကို ဝိုင်းဝန်း ဝေဖန်ခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG