[[Zawgyi/Unicode]]
ေဆာ္ဒီအာေရးဗီးယား အိမ္ေရွ႕မင္းသား Mohammed bin Salman က တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ကို Riyadh ၿမိဳ႕မွာရွိတဲ့ Al-Yamamah နန္းေတာ္မွာ ဒီကေန႔ ဒီဇင္ဘာ ၈ ရက္ေန႔မွာ ႀကီးက်ယ္ခမ္းနားစြာ ႀကိဳဆိုခဲ့ပါတယ္။
သမၼတရွီဟာ အာရပ္ကမၻာမွာ အႀကီးမားဆုံး သံတမန္ဆက္ဆံေရး တိုးျမွင့္ဖို႔ရည္ရြယ္ခ်က္နဲ႔ ေဆာ္ဒီအာေရးဗီးယားကို မေန႔ ဗုဒၶဟူးေန႔က ေရာက္ရွိသြားတာျဖစ္သလို ေဆာ္ဒီဘက္ကလည္း အေနာက္ႏိုင္ငံေတြနဲ႔ အစဥ္တစိုက္ ဆက္ဆံလာရာက တျခား မဟာမိတ္အသစ္ေတြ တိုးခ်ဲ႕တည္ေဆာက္လာေနတာ ျဖစ္ပါတယ္။
ေဆာ္ဒီအာေရးဗီးယားရဲ႕ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအေပၚ အေမရိကန္က ေဝဖန္ေျပာဆိုေနတာနဲ႔ ႏိုဝင္ဘာအတြင္းက်င္းပခဲ့တဲ့ အေမရိကန္သမၼတသက္တမ္းဝက္အတြင္း က်င္းပတဲ့ လႊတ္ေတာ္ေရြးေကာက္ပြဲေတြမတိုင္ခင္ ေဆာ္ဒီက ေရနံထုတ္လုပ္မႈေတြ ေလွ်ာ့ခ်လိုက္တာေတြေၾကာင့္ အေမရိကန္နဲ႔ ေဆာ္ဒီၾကား ဆက္ဆံေရး မေျပမလည္ျဖစ္ေနခ်ိန္မွာ ကမၻာ့စီးပြားအင္အားအႀကီးဆုံး ႏိုင္ငံတခုျဖစ္တဲ့ တ႐ုတ္နဲ႔ ေဆာ္ဒီအာေရးဗီးယားတို႔ ေတြ႔ဆုံၾကတာပါ။
သမၼတရွီဟာ ေဒသတြင္းမွာ တ႐ုတ္တို႔ရဲ႕ ၾသဇာလႊမ္းမိုးမႈပိုရွိေစေရးအတြက္ အခုလို ေဆာ္ဒီအာေရးဗီးယားကို သြားတာျဖစ္ေပမယ့္ ဒီခရီးစဥ္ေၾကာင့္ အေရွ႕အလယ္ပိုင္းေဒသအေပၚ အေမရိကန္ကထားတဲ့သေဘာထား မူဝါဒေတြ ေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔ အေမရိကန္သမၼတ အိမ္ျဖဴေတာ္က ေျပာပါတယ္။
ကမၻာမွာ ေလာင္စာစြမ္းအင္ အမ်ားဆုံးဝယ္ယူသုံးစြဲေနတဲ့ တ႐ုတ္ႏိုင္ငံဟာ ပင္လယ္ေကြ႕ေဒသ ေရနံထုတ္လုပ္တဲ့ႏိုင္ငံေတြရဲ႕အႀကီးမားဆုံး ကုန္သြယ္ဘက္ႏိုင္ငံလည္း ျဖစ္ပါတယ္။
=============
[[Unicode]]
တရုတ်သမ္မတ Xi ဆော်ဒီအိမ်ရှေ့မင်းသားနဲ့တွေ့ဆုံ
ဆော်ဒီအာရေးဗီးယား အိမ်ရှေ့မင်းသား Mohammed bin Salman က တရုတ်သမ္မတ ရှီကျင့်ဖျင်ကို Riyadh မြို့မှာရှိတဲ့ Al-Yamamah နန်းတော်မှာ ဒီကနေ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ပါတယ်။
သမ္မတရှီဟာ အာရပ်ကမ္ဘာမှာ အကြီးမားဆုံး သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ရည်ရွယ်ချက်နဲ့ ဆော်ဒီအာရေးဗီးယားကို မနေ့ ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားတာဖြစ်သလို ဆော်ဒီဘက်ကလည်း အနောက်နိုင်ငံတွေနဲ့ အစဉ်တစိုက် ဆက်ဆံလာရာက တခြား မဟာမိတ်အသစ်တွေ တိုးချဲ့တည်ဆောက်လာနေတာ ဖြစ်ပါတယ်။
ဆော်ဒီအာရေးဗီးယားရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အမေရိကန်က ဝေဖန်ပြောဆိုနေတာနဲ့ နိုဝင်ဘာအတွင်းကျင်းပခဲ့တဲ့ အမေရိကန်သမ္မတသက်တမ်းဝက်အတွင်း ကျင်းပတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေမတိုင်ခင် ဆော်ဒီက ရေနံထုတ်လုပ်မှုတွေ လျှော့ချလိုက်တာတွေကြောင့် အမေရိကန်နဲ့ ဆော်ဒီကြား ဆက်ဆံရေး မပြေမလည်ဖြစ်နေချိန်မှာ ကမ္ဘာ့စီးပွားအင်အားအကြီးဆုံး နိုင်ငံတခုဖြစ်တဲ့ တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ တွေ့ဆုံကြတာပါ။
သမ္မတရှီဟာ ဒေသတွင်းမှာ တရုတ်တို့ရဲ့ သြဇာလွှမ်းမိုးမှုပိုရှိစေရေးအတွက် အခုလို ဆော်ဒီအာရေးဗီးယားကို သွားတာဖြစ်ပေမယ့် ဒီခရီးစဉ်ကြောင့် အရှေ့အလယ်ပိုင်းဒေသအပေါ် အမေရိကန်ကထားတဲ့သဘောထား မူဝါဒတွေ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။
ကမ္ဘာမှာ လောင်စာစွမ်းအင် အများဆုံးဝယ်ယူသုံးစွဲနေတဲ့ တရုတ်နိုင်ငံဟာ ပင်လယ်ကွေ့ဒေသ ရေနံထုတ်လုပ်တဲ့နိုင်ငံတွေရဲ့အကြီးမားဆုံး ကုန်သွယ်ဘက်နိုင်ငံလည်း ဖြစ်ပါတယ်။