သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားရေးအခြေခံ မူဝါဒ တရုတ်သမ္မတ Xi Jinping ချပြ


တရုတ်နိုင်ငံမှာကျင်းပနေတဲ့နှစ်ပတ်လည် ပြည်သူ့ကွန်ဂရက် ပြီးဆုံးတဲ့ အင်္ဂါနေ့မှာ သမ္မတ Xi Jinping က အမျိုးသားရေးဆန်တဲ့သဘောမျိုး အပိတ်မိန့်ခွန်းမှာထည့်သွင်း ပြောဆိုသွားပါတယ်။

"ဆိုရှယ်လစ်စနစ်ကသာ တရုတ်နိုင်ငံကို ကယ်တင်နိုင်တယ်ဆိုတာ သမိုင်းက သက်သေပြလိုက်ပြီဖြစ်သလို ဒီအတိုင်းလည်း ဆက်ပြီး သက်သေပြသွားဦးမှာပါ။ ဒါ့အပြင် တရုတ်တို့ရဲ့ သွင်ပြင်လက္ခဏာပါတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဆိုရှယ်လစ်ဝါဒ ကို ဆက်လက်ကိုင်စွဲသွားမှသာ အောင်မြင်ကြီးမြတ်တဲ့ တိုင်းပြည်တခုဖြစ်လာမှာပါ" ဆိုပြီး သမ္မတ ရှိကျင့်ဖျင်က ပြောဆိုသွားတာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အောင်မြင်ရေးအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်ရောက်နေပြီလို့ ကိုယ်စားလှယ်ပေါင်း ၃ ထောင်နီးပါး တက်ရောက်လာတဲ့တရုတ် ပြည်သူ့ကွန်ဂရက်မှာ သမ္မတရှီက ပြောဆိုသွားတာပါ။ တိုင်ဝမ်ကျွန်းအနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထားသည့်တိုင်အောင် တရုတ်ပြည်မကြီးကနေ သီးခြားခွဲထွက်ဖို့ ဘယ်လို ကြိုးပမ်းမှုမျိုးကိုမဆို ကျဆုံးခဲ့တာဖြစ်တယ်လို့လည်း သမ္မတ ရှီကပြောဆိုသွားပါတယ်။ ဒီညီလာခံ မပြီးဆုံးခင်မှာပဲ သမ္မတနဲ့ ဒုသမ္မတို့ရဲ့ သက်တမ်းကို ပယ်ဖျက်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ချက်ကြောင့် သမ္မတ ရီှိအနေနဲ့ ရာသက်ပန် သမ္မတတာဝန် ထမ်းဆောင်နိုင်တော့မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG