သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

သမၼတရွီက်င့္ဖ်င္ကို တ႐ုတ္ကြန္ျမဴနစ္ပါတီေခါင္းေဆာင္အျဖစ္ တတိယအႀကိမ္ေျမာက္ ေ႐ြးခ်ယ္


သမၼတ ရွီက်င့္ဖ်င္ႏွင့္ တ႐ုတ္ကြန္ျမဴနစ္ပါတီ ေပၚလစ္ျဗဴ႐ိုအဖြဲ႔၀င္အသစ္မ်ား။

လက္ရွိ တ႐ုတ္သမၼတ Xi Jinping ဟာ တ႐ုတ္ကြန္ျမဴနစ္ပါတီရဲ႕ ေခါင္းေဆာင္အျဖစ္ တတိယသက္တမ္း ဆက္လက္ထမ္းေဆာင္မွာ ျဖစ္ၿပီး၊ သူ႔ မူဝါဒ ေထာက္ခံသူေတြက ေပၚလစ္ဗ်ဴ႐ိုအဖြဲ႔ဝင္ေတြ ျဖစ္လာၾကပါတယ္။

ပါတီညီလာခံက သူ႔ကို ေနာက္ ၅ ႏွစ္ သက္တမ္းအတြက္ အေထြေထြအတြင္းေရးမႉးခ်ဳပ္အျဖစ္ တနဂၤေႏြေန႔က တင္ေျမႇာက္လိုက္တာပါ။ ကမာၻႀကီးက တ႐ုတ္ျပည္ကို လိုအပ္ပါတယ္လို႔ ရွီက်င့္ဖင္က သူ႔မိန႔္ခြန္းမွာ ဆိုပါတယ္။ ျပဳျပင္ေျပာင္းလဲေရးနဲ႔ အဖြင့္မူဝါဒေတြကို အႏွစ္ ၄၀ ေက်ာ္ အလံမလွဲ အားထုတ္ခဲ့ၿပီးတဲ့ေနာက္ လ်င္လ်င္ျမန္ျမန္ စီးပြါးေရး ဖြံ႕ၿဖိဳးတိုးတက္ေအာင္နဲ႔ ေရရွည္အားျဖင့္ လူမႈတည္ၿငိမ္ေအာင္ ကြၽန္ေတာ္တို႔ ဖန္တီးႏိုင္ခဲ့ၾကတယ္လို႔ သူက ေျပာပါတယ္။

အသက္ ၆၉ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ရွီက်င့္ဖင္ဟာ ဗဟိုစစ္ေကာ္မရွင္ရဲ႕ ဥကၠဌအျဖစ္လည္း ဆက္လက္တာဝန္ယူသြားႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ သူ႔ရဲ႕ ႏိုင္ငံေရး မဟာမိတ္ေတြကလည္း ေပၚလစ္ဗ်ဴ႐ိုမွာ ပါလာၾကပါတယ္။ ေပၚလစ္ဗ်ဴ႐ိုရဲ႕ အၿမဲတမ္းေကာ္မီတီဟာ တ႐ုတ္ျပည္ရဲ႕ အေရးအရာအားလုံးကို အဆုံးအျဖတ္ေပးမယ့္ ေနရာျဖစ္ၿပီး၊ ရွိက်င့္ဖ်င္အပါအဝင္ ခုနစ္ေယာက္ ရွိပါတယ္။ ဗဟိုေကာ္မီတီဝင္ ၂၀၀ ဝန္းက်င္ကို ညီလာခံ က စေနေန႔က ေ႐ြးခ်ယ္ခဲ့ၿပီး၊ သူတို႔က ေပၚလစ္ဗ်ဴ႐ို အၿမဲတမ္းအဖြဲ႔ဝင္ ၇ ေယာက္ အပါအဝင္ အဖြဲ႔ဝင္ ၂၄ ေယာက္ကို တနဂၤေႏြေန႔က ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အၿမဲတမ္းအဖြဲ႔ဝင္ ၆ ေယာက္လုံးကို ရွီက်င့္ဖ်င္ရဲ႕ လူေတြအျဖစ္ သုံးသပ္သူေတြက ရႈျမင္ၾကပါတယ္။

ေပၚလစ္ဗ်ဴ႐ိုမွာ ဒုတိယေခါင္းေဆာင္ ျဖစ္လာသူကေတာ့၊ ရွန္ဟိုင္းပါတီေခါင္းေဆာင္ လီခ်င္း ျဖစ္ပါတယ္။ ေနာက္ႏွစ္မွာ လီခဲ့ခ်န္ အနားယူသြားတဲ့အခါ၊ ဝန္ႀကီးခ်ဳပ္တာဝန္ကို သူ ထမ္းေဆာင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ထားၾကပါတယ္။ ေမာ္စီတုန္း ေခတ္ၿပီးကတည္းကဆိုရင္၊ ကြန္ျမဴနစ္ပါတီရဲ႕ ထိပ္ဆုံးေနရာေတြမွာ ရွိက်င့္ဖ်င္ဟာ အာဏာကို ခိုင္မာေအာင္ တည္ေဆာက္လိုက္ႏိုင္ေၾကာင္း အသစ္ေ႐ြးခ်ယ္လိုက္တဲ့ အၿမဲတမ္း ေပၚလစ္ဗ်ဴ႐ိုက ျပသေနပါတယ္လို႔ Eurasia အုပ္စုရဲ႕ တ႐ုတ္ေရးရာ အႀကီးတန္း သုံးသပ္သူ Neil Thomas က ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

=== Unicode ======

လက်ရှိ တရုတ်သမ္မတ Xi Jinping ဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ ခေါင်းဆောင်အဖြစ် တတိယသက်တမ်း ဆက်လက်ထမ်းဆောင်မှာ ဖြစ်ပြီး၊ သူ့ မူဝါဒ ထောက်ခံသူတွေက ပေါ်လစ်ဗျူရိုအဖွဲ့ဝင်တွေ ဖြစ်လာကြပါတယ်။

ပါတီညီလာခံက သူ့ကို နောက် ၅ နှစ် သက်တမ်းအတွက် အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တနင်္ဂနွေနေ့က တင်မြှောက်လိုက်တာပါ။ ကမ္ဘာကြီးက တရုတ်ပြည်ကို လိုအပ်ပါတယ်လို့ ရှီကျင့်ဖင်က သူ့မိန့်ခွန်းမှာ ဆိုပါတယ်။ ပြုပြင်ပြောင်းလဲရေးနဲ့ အဖွင့်မူဝါဒတွေကို အနှစ် ၄၀ ကျော် အလံမလှဲ အားထုတ်ခဲ့ပြီးတဲ့နောက် လျင်လျင်မြန်မြန် စီးပွါးရေး ဖွံ့ဖြိုးတိုးတက်အောင်နဲ့ ရေရှည်အားဖြင့် လူမှုတည်ငြိမ်အောင် ကျွန်တော်တို့ ဖန်တီးနိုင်ခဲ့ကြတယ်လို့ သူက ပြောပါတယ်။

အသက် ၆၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရှီကျင့်ဖင်ဟာ ဗဟိုစစ်ကော်မရှင်ရဲ့ ဥက္ကဌအဖြစ်လည်း ဆက်လက်တာဝန်ယူသွားနိုင်တော့မှာ ဖြစ်ပါတယ်။ သူ့ရဲ့ နိုင်ငံရေး မဟာမိတ်တွေကလည်း ပေါ်လစ်ဗျူရိုမှာ ပါလာကြပါတယ်။ ပေါ်လစ်ဗျူရိုရဲ့ အမြဲတမ်းကော်မီတီဟာ တရုတ်ပြည်ရဲ့ အရေးအရာအားလုံးကို အဆုံးအဖြတ်ပေးမယ့် နေရာဖြစ်ပြီး၊ ရှိကျင့်ဖျင်အပါအဝင် ခုနစ်ယောက် ရှိပါတယ်။ ဗဟိုကော်မီတီဝင် ၂၀၀ ဝန်းကျင်ကို ညီလာခံ က စနေနေ့က ရွေးချယ်ခဲ့ပြီး၊ သူတို့က ပေါ်လစ်ဗျူရို အမြဲတမ်းအဖွဲ့ဝင် ၇ ယောက် အပါအဝင် အဖွဲ့ဝင် ၂၄ ယောက်ကို တနင်္ဂနွေနေ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အမြဲတမ်းအဖွဲ့ဝင် ၆ ယောက်လုံးကို ရှီကျင့်ဖျင်ရဲ့ လူတွေအဖြစ် သုံးသပ်သူတွေက ရှုမြင်ကြပါတယ်။

ပေါ်လစ်ဗျူရိုမှာ ဒုတိယခေါင်းဆောင် ဖြစ်လာသူကတော့၊ ရှန်ဟိုင်းပါတီခေါင်းဆောင် လီချင်း ဖြစ်ပါတယ်။ နောက်နှစ်မှာ လီခဲ့ချန် အနားယူသွားတဲ့အခါ၊ ဝန်ကြီးချုပ်တာဝန်ကို သူ ထမ်းဆောင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ မော်စီတုန်း ခေတ်ပြီးကတည်းကဆိုရင်၊ ကွန်မြူနစ်ပါတီရဲ့ ထိပ်ဆုံးနေရာတွေမှာ ရှိကျင့်ဖျင်ဟာ အာဏာကို ခိုင်မာအောင် တည်ဆောက်လိုက်နိုင်ကြောင်း အသစ်ရွေးချယ်လိုက်တဲ့ အမြဲတမ်း ပေါ်လစ်ဗျူရိုက ပြသနေပါတယ်လို့ Eurasia အုပ်စုရဲ့ တရုတ်ရေးရာ အကြီးတန်း သုံးသပ်သူ Neil Thomas က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

XS
SM
MD
LG