သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သမ္မတ ဘင်္ဂလားဒေ့ရှ်ခရီး


ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတဲ့ တရုတ်သမ္မတကို ဘင်္ဂလား ကြိုဆို (အောက်တိုဘာ ၁၄၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ကိုရောက်ရှိလာတဲ့ တရုတ်သမ္မတကို ဘင်္ဂလား ကြိုဆို (အောက်တိုဘာ ၁၄၊ ၂၀၁၆)

တရုတ်သမ္မတ ရှီ ကျင့်ပင် ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သောကြာနေ့က သွားရောက်လည်ပတ်ခဲ့ပြီး - လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံ လိုအပ်ချက်နဲ့ စွမ်းအင်ကဏ္ဍတွေမှာ တရုတ်နိုင်ငံရဲ့ ဒေါ်လာ သန်းထောင်ချီ ရင်းနှီးမြှုပ်နှံမယ့် သဘောတူညီချက်တွေကို နှစ်နိုင်ငံကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒါ့အပြင် အစွန်းရောက်ဝါဒ တိုက်ဖျက်ရေးနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကြိုးပမ်းချက်တွေနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေကိုလည်း လက်မှတ် ရေးထိုးခဲ့ကြတယ် လို့ အေပီသတင်းမှာ ဖော်ပြထားပါတယ်။

သမ္မတရှီကျင့်ပင်ရဲ့ အခုခရီးစဉ်ဟာဆိုရင် နှစ်ပေါင်း ၃၀ အတွင်း တရုတ်သမ္မတ တယောက် အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပထမဆုံးသွားရောက်တာလည်းဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ် မတိုင်ခင် ကြာသပတေးနေ့ကတော့ ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး - ၂၀၁၅ ခုနှစ်မှာ ကမ္ဘောဒီးယားနိုင်ငံကနေ တရုတ်နိုင်ငံအပေါ် တင်ကျန်တဲ့ အကြွေး ဒေါ်လာ သန်း ၉၀ ကို လျှော်ပေးခဲ့သလို၊ နောက်ထပ် ဒေါ်လာ ၁၅ သန်းကိုလည်း ကမ္ဘောဒီးယား ကာကွယ်ရေး ဝန်ကြီးဌာနကို ထောက်ပံ့ပေးမှာ ဖြစ်တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံချိန် ပြောကြားခဲ့တာပါ။ ၂၀၁၇ ခုနှစ်မှာ လက်ရှိ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၄.၄ ဘီလီယံ ကနေ ဒေါ်လာ ၅ ဘီလီယံအထိ တိုးချဲ့ဖို့ကိုလည်း နှစ်နိုင်ငံ သဘောတူညီခဲ့ကြတယ်လို့လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် ရဲ့ ပြောရေးဆိုခွင့်ရှိ သူက ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း ခေါင်းဆောင် ၂ ဦးကြားမှာ တောင်တရုတ်ပင်လယ်တွင်း ရေပိုင်နက် အငြင်းပွားမှု ပြဿနာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြသလား ဆိုတဲ့ သတင်းထောက်တွေ ရဲ့ အမေးကိုတော့ - သူက မဖြေဆိုခဲ့ပါဘူး။

တရုတ်သမ္မတ ဘင်္ဂလားဒေ့ရှ်ခရီး
please wait

No media source currently available

0:00 0:00:54 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG