သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

တ႐ုတ္ Xiaomi ဖုန္းကုမၸဏီပိုင္ ေဒၚလာ ၇၂၅ သန္း အိႏၵိယအစိုးရ သိမ္းပိုက္


Xiaomi Logo.

(Zawgyi / Unicode)

အိႏၵိယႏိုင္ငံရဲ႕ ႏိုုင္ငံျခားေငြလဲလွယ္ေရး ဥပေဒကို ခ်ဳိးေဖာက္ၿပီး ႏိုင္ငံျခားကို တရားမဝင္ ေငြေၾကးလႊဲေျပာင္းမႈေတြ လုပ္ေဆာင္မႈနဲ႔ တ႐ုတ္ႏိုင္ငံအေျခစိုက္ Xiaomi တယ္လီဖုန္းကုမၸဏီထံက အေမရိကန္ေဒၚလာ ၇၂၅ သန္းကို သိမ္းဆည္းလိုက္တယ္လို႔ အိႏၵိယအာဏာပိုင္ေတြက စေနေန႔မွာ ေျပာပါတယ္။

အဲဒီေငြေတြကို Xiaomi ကုမၸဏီရဲ႕ ေဒသဆိုင္ရာ ႐ုံးခြဲကေန သိမ္းဆည္းလိုက္တာလို႔ အိႏၵိယအစိုးရ ေငြေၾကးဆိုင္ရာ စုံစမ္းစစ္ေဆးေရးဌာနက Twitter လူမႈကြန္ရက္ကေန ေျပာၾကားလိုက္တာပါ။

Xiaomi ကုမၸဏီအေနနဲ႔ တရားမဝင္ ေငြေၾကးလႊဲေျပာင္းမႈေတြ လုပ္ေဆာင္ေနတယ္ ဆုိတဲ့အေပၚ အိႏၵိယ အာဏာပိုင္ေတြဘက္က ေဖေဖာ္ဝါရီလအတြင္း စုံစမ္း စစ္ေဆးမႈေတြ စတင္လုပ္ေဆာင္ခဲ့တယ္လို႔ အိႏၵိယ သတင္းမီဒီယာေတြမွာ ေရးပါတယ္။

ႏိုင္ငံျခားအေျခစိုက္ ေနရာ ၃ ခုကို မူပိုင္ခြင့္အျဖစ္နဲ႔ ကုမၸဏီက အဲဒီ ေဒၚလာ ၇၂၅ သန္းကို ပို႔ေပးခဲ့တယ္လို႔ အိႏၵိယ PTI သတင္းမွာ ေဖာ္ျပပါတယ္။

အာဏာပိုင္ေတြအေနနဲ႔ ကုမၸဏီရဲ႕ ဒုတိယအႀကီးအကဲတဦးျဖစ္သူ Manu Kumar Jain ကို ေဒသဆိုင္ရာ ႐ုံးခြဲတခုမွာ ၿပီးခဲ့တဲ့လတုန္းက စစ္ေဆး ေမးျမန္းမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း PTI မွာ ေဖာ္ျပပါတယ္။

ကုမၸဏီအေနနဲ႔ ဥပေဒေတြအတိုင္း လိုက္နာ ေဆာင္ရြက္ေနၿပီး အဲဒီ မူပိုင္ခြင့္ေတြဟာလည္း မွန္ကန္ၿပီး တရားဝင္ေပးခဲ့ျခင္းျဖစ္ေၾကာင္း Xiaomi ကုမၸဏီက ေျပာပါတယ္။ ဒါဟာ Xiaomi အိႏၵိယဌာနခြဲ မူလကတည္းက ရရွိထားတဲ့ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ျဖစ္ေၾကာင္း ကုမၸဏီက ထုတ္ျပန္တဲ့ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

တ႐ုတ္နဲ႔ အိႏၵိယ ႏွစ္ႏိုင္ငံ နယ္စပ္ေဒသမွာ တင္းမာမႈေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ တ႐ုတ္ႏိုင္ငံထုတ္ တယ္လီဖုန္း Application ၁၀၀ ေက်ာ္ကို လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္က အိႏၵိယႏိုင္ငံအတြင္း သုံးစြဲခြင့္ အိႏၵိယ အာဏာပိုင္ေတြက ပိတ္ပင္ထားခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္၊ ဇြန္လအတြင္း အိႏၵိယနဲ႔ တ႐ုတ္စစ္သားေတြ နယ္စပ္ေဒသမွာ တုတ္ေတြနဲ႔႐ိုက္၊ ခဲေတြနဲ႔ပစ္ေပါက္ၿပီး လက္သီးထိုး ရန္ျဖစ္ခဲ့ၾကတာမွာ အိႏၵ္ိယစစ္သား အေယာက္ ၂၀ ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

တရုတ် Xiaomi ဖုန်းကုမ္ပဏီပိုင် ဒေါ်လာ ၇၂၅ သန်း အိန္ဒိယအစိုးရ သိမ်းပိုက်

အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်ရေး ဥပဒေကို ချိုးဖောက်ပြီး နိုင်ငံခြားကို တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ဆောင်မှုနဲ့ တရုတ်နိုင်ငံအခြေစိုက် Xiaomi တယ်လီဖုန်းကုမ္ပဏီထံက အမေရိကန်ဒေါ်လာ ၇၂၅ သန်းကို သိမ်းဆည်းလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက စနေနေ့မှာ ပြောပါတယ်။

အဲဒီငွေတွေကို Xiaomi ကုမ္ပဏီရဲ့ ဒေသဆိုင်ရာ ရုံးခွဲကနေ သိမ်းဆည်းလိုက်တာလို့ အိန္ဒိယအစိုးရ ငွေကြေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးဌာနက Twitter လူမှုကွန်ရက်ကနေ ပြောကြားလိုက်တာပါ။

Xiaomi ကုမ္ပဏီအနေနဲ့ တရားမဝင် ငွေကြေးလွှဲပြောင်းမှုတွေ လုပ်ဆောင်နေတယ် ဆိုတဲ့အပေါ် အိန္ဒိယ အာဏာပိုင်တွေဘက်က ဖေဖော်ဝါရီလအတွင်း စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးပါတယ်။

နိုင်ငံခြားအခြေစိုက် နေရာ ၃ ခုကို မူပိုင်ခွင့်အဖြစ်နဲ့ ကုမ္ပဏီက အဲဒီ ဒေါ်လာ ၇၂၅ သန်းကို ပို့ပေးခဲ့တယ်လို့ အိန္ဒိယ PTI သတင်းမှာ ဖော်ပြပါတယ်။

အာဏာပိုင်တွေအနေနဲ့ ကုမ္ပဏီရဲ့ ဒုတိယအကြီးအကဲတဦးဖြစ်သူ Manu Kumar Jain ကို ဒေသဆိုင်ရာ ရုံးခွဲတခုမှာ ပြီးခဲ့တဲ့လတုန်းက စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း PTI မှာ ဖော်ပြပါတယ်။

ကုမ္ပဏီအနေနဲ့ ဥပဒေတွေအတိုင်း လိုက်နာ ဆောင်ရွက်နေပြီး အဲဒီ မူပိုင်ခွင့်တွေဟာလည်း မှန်ကန်ပြီး တရားဝင်ပေးခဲ့ခြင်းဖြစ်ကြောင်း Xiaomi ကုမ္ပဏီက ပြောပါတယ်။ ဒါဟာ Xiaomi အိန္ဒိယဌာနခွဲ မူလကတည်းက ရရှိထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် တရုတ်နိုင်ငံထုတ် တယ်လီဖုန်း Application ၁၀၀ ကျော်ကို လွန်ခဲ့တဲ့ ၂ နှစ်ကျော်က အိန္ဒိယနိုင်ငံအတွင်း သုံးစွဲခွင့် အိန္ဒိယ အာဏာပိုင်တွေက ပိတ်ပင်ထားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ ဇွန်လအတွင်း အိန္ဒိယနဲ့ တရုတ်စစ်သားတွေ နယ်စပ်ဒေသမှာ တုတ်တွေနဲ့ရိုက်၊ ခဲတွေနဲ့ပစ်ပေါက်ပြီး လက်သီးထိုး ရန်ဖြစ်ခဲ့ကြတာမှာ အိန္ဒိယစစ်သား အယောက် ၂၀ သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG