သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Yagi မုန်တိုင်းကြောင့် ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့မြန်မာ ထိခိုက်သက်ရောက်


မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနဲ့လာအိုနိုင်ငံတွေရိုက်ခတ်သွားတဲ့ Yagi မုန်တိုင်းကြောင့် နေပြည်တော်ဒေသ၊ ပျဥ်းမနားမြို့က ရေဘေးသင့်သူများ။ (စက်တင်ဘာ ၁၃၊ ၂၀၂၄)
မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနဲ့လာအိုနိုင်ငံတွေရိုက်ခတ်သွားတဲ့ Yagi မုန်တိုင်းကြောင့် နေပြည်တော်ဒေသ၊ ပျဥ်းမနားမြို့က ရေဘေးသင့်သူများ။ (စက်တင်ဘာ ၁၃၊ ၂၀၂၄)

Yagi တိုင်ဖွန်းမုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်ခဲ့လို့ ဗီယက်နမ်၊ လာအို၊ ထိုင်းနဲ့ မြန်မာနိုင်ငံတွေမှာ ရေကြီးပြီး ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ ဗီယက်နာမ်နိုင်ငံမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အရှိန်မြှင့်ဆောင်ရွက်နေပြီး ကျောင်းတွေပိတ်ထားရသလို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

ရေကြီးလို့ ဗီယက်နမ်မှာ အိုးအိမ် တသိန်းခွဲကျော်ပျက်စီးပြီး လူ နှစ်ထောင်နီးပါး ထိခိုက်ဒဏ်ရရခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး ဒေသတွေအပြင် ရှမ်း၊ မွန်၊ ကရင်၊ ကရင်၊ ကယား တိုင်းရင်းသားလူမျိုးစုဒေသတွေမှာ မိုးသည်းထန်လို့ အတော်လေး ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ပါတယ်။ နိုင်ငံတဝှမ်းလုံးမှာ သေဆုံးသူ ၁၁၃ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ်ရာရခဲ့သူ ၁၄ ဦး ရှိခဲ့ပြီး ပျောက်ဆုံးနေသူများကို ကြိုးစား ရှာဖွေလျက်ရှိတယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ပါတယ်။

လာအိုနိုင်ငံမှာတော့ ခရိုင် ၁၄ ခုမှာ ရေကြီးရေလျှံဖြစ်ပြီး၊ လူပေါင်း ငါးသောင်းဝန်းကျင်ကို ထိခိုက်သက်ရောက်မှုရှိတယ်လို့ သိရပါတယ်။ လမ်းတွေ၊ လူနေအိမ်တွေ စိုက်ပျိုးမြေတွေ ဆေးရုံဆေးခန်း ကျောင်းနဲ့ လျှပ်စစ်ဓါတ်အားပေးဌာနတွေအပါအဝင် အရေးပါတဲ့လူမှုအဆောက်အဦးတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံတွင်း ခရိုင်တချို့မှာရေကြီးရေလျှံတာတွေကြောင့်အာဏာပိုင်တွေက အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG