သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် အရေးယူဖို့ Yanghee Lee တိုက်တွန်း

ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကအပြန် မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)
ဘင်္ဂလားဒေ့ရှ် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကအပြန် မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ရဲ့ သတင်းစာရှင်းလင်းပွဲ။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉)

ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားစွဲဆိုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေကို သွားရောက်အပြီး ရိုက်တာ သတင်းဌာနနဲ့ ပြုလုပ်တဲ့ သီးသန့် တွေ့ဆုံ မေးမြန်းခန်း အတွင်း အဲဒီလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေကို သွားရောက်တွေ့ ဆုံခဲ့တဲ့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပတ်သက်လို့ သူရဲ့ အမြင် သဘောထားကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ၊ လူသားတွေအပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုနဲ့ မြန်မာနိုင်ငံအတွင်းက တခြား ဒေသတွေမှာ ဖြစ်ပေါ်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေအတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ တာဝန်ရှိပါတယ်။”

ဒါဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရားစွဲဆိုဖို့ Ms. Yanghee Lee အနေနဲ့ လူသိရှင်ကြား ပထမဆုံး အကြိမ် တရားဝင် ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေ ပြောဆိုထားတဲ့ အတိုင်း သတ်ဖြတ်မှုနဲ့ အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်ခဲ့ကြောင်း မနှစ်က သွားရောက် စုံစမ်းခဲ့တဲ့ ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးအဖွဲ့က ပြောဆိုထားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တခြား ဗိုလ်ချုပ်ကြီး ၅ ဦးတို့ နိုင်ငံတကာ ဥပဒေနဲ့အညီ အရေးယူဖို့အတွက် အကြံပြု တင်ပြထားပါတယ်။

မြန်မာစစ်တပ်ကတော့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ စွပ်စွဲ ပြောဆိုနေသလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခြင်း မရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

ဒုက္ခသည်တွေ နေရပ်မပြန်ခင် ပြစ်မှုကျူးလွန်ခဲ့သူတွေကို အပြစ်ပေး အရေးယူဖို့ လိုအပ်ကြောင်းလည်း Ms. Yanghee Lee က ပြောပါတယ်။

“ဒုက္ခသည်တွေကို ပြန်ပို့တဲ့အစီအစဉ် မစခင်မှာ ပြစ်မှု ကျူးလွန်ခဲ့သူတွေကို အပြစ်ပေး အရေးယူဖို့ လိုအပ်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ တာဝန်ရှိသူတွေကို အပြစ်ပေး အရေး ယူခြင်းမရှိဘဲ ဒုက္ခသည်တွေကို နေရပ် ပြန်ပို့ လိုက်မယ် ဆိုရင် မြန်မာနိုင်ငံ အတွင်းက ဆိုးရွားလှတဲ့ အခြေအနေတွေဟာ ပိုဆိုးလာတာ၊ ဒါမှမဟုတ် ကာလပိုရှည်ကြာတာမျိုး ဖြစ်နိုင်ပါတယ်။ ပြီးရင် အလားတူ ဖြစ်ရပ်တွေ နောက်တခါ ထပ်ဖြစ်လာနိုင်ပြန် ပါတယ်။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က နယ်စပ်လုံခြုံရေး ရဲကင်း စခန်း တွေ ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက် မြန်မာအစိုးရ တပ်ဖွဲ့တွေက နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့တာကြောင့် ရိုဟင်ဂျာ မွတ်ဆလင် ၇ သိန်းကျော် တဘက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ကြတယ်လို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံ တကာ အဖွဲ့အစည်းတွေက ခန့်မှန်း ပြောဆိုနေကြတာပါ။

မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ လွတ်လပ်စွာ ရေးသား ထုတ်ဖော် ပြောဆိုခွင့်တွေ ကန့်သတ်ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း Yanghee Lee က အခုလို ပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီအတွက် နေရာများ ရှိပါသေးရဲ့လားလို့ ကျမအနေနဲ့ စဉ်းစား စရာ ဖြစ်လာနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ဟာ အရင်တုန်းကထက်စာရင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် သာမှန်ပြည်သူတွေ အပြင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာ သမားတွေ အကြားမှာ ကိုယ့်ကိုယ်ကုယ် ဆင်ဆာဖြတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့အတွက် ဖြစ်ပါတယ်။”

သူရဲ့ ခရီးစဉ်အပြီး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၊ ဒါကာမြို့မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း မြန်မာ နိုင်ငံထဲမှာရှိနေတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးအောင် အစွန်းရောက် ဒေသခံတွေနဲ့ လုံခြုံရေး တွေက လုပ်နေတယ်လို့ မြန်မာနိုင်ငံ အထုူးကိုယ်စားလှယ် Yanghee Lee ကပြောပါတယ်။

မြန်မာနိုင်ငံ ပြည်ဝင်ခွင့်မရတာကြောင့် အိမ်နီးချင်း ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ၁၁ ရက်ကြာသွားရောက် လေ့လာခဲ့တဲ့ Yanghee Lee က သူ့ရဲ့ခရီးစဉ်မှာ တွေ့ရှိချက်တွေကို ဒီကနေ့ ဒါကာမြို့တော်မှာ သတင်းစာရှင်းပွဲ လုပ်ခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း စစ်ဆေးတာ၊ အချက်အလက် ရှာဖွေ စုဆောင်းတာတွေ ပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မနှစ် စက်တင်ဘာလမှာ ဆုံးဖြတ်ချက် ချခဲ့သလို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးကလည်း ရခိုင်ပဋိပက္ခအတွက် ပထမအဆင့် စုံစမ်း စစ်ဆေးမှုတွေ စတင်လုပ်ဆောင်ဖို့ လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အပေါ် အရေးယူဖို့ Yanghee Lee တိုက်တွန်း
please wait

No media source currently available

0:00 0:03:50 0:00
တိုက်ရိုက် လင့်ခ်
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူဖို့ Yanghee Lee တိုက်တွန်း
please wait

No media source currently available

0:00 0:03:22 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG