သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

၄၄လမ္းျဖစ္စဥ္ စစ္ေကာင္စီေၾကညာခ်က္ ႏွစ္ဦးေသဆုံး သုံးဦးဒဏ္ရာရ


ျမန္မာလုံၿခဳံေရးတပ္ဖြဲ႔၀င္တခ်ိဳ ႔

(Zawgyi/ Unicode)

ရန္ကုန္၊ ၄၄ လမ္းမွာ မေန႔ အဂၤါေန႔က စစ္တပ္နဲ႔ရဲက ပစ္ခတ္ဖမ္းဆီးမႈအတြင္း တိုက္ေပၚကေန ခုန္ခ်ခဲ့တဲ့ အမ်ိဳးသားတဦးနဲ႔ အမ်ိဳးသမီးတဦး ေသဆုံးၿပီး အမ်ိဳးသားသုံးဦး ဒဏ္ရာရခဲ့ၿပီးေတာ့ အမ်ိဳးသားႏွစ္ဦးနဲ႔ အမ်ိဳးသမီးတဦးကို ဖမ္းမိခဲ့တယ္လို႔ စစ္ေကာင္စီက ဒီေန႔ သတင္းထုတ္ျပန္ပါတယ္။
ေဖာက္ခြဲဖ်က္ဆီးေရးလုပ္ရပ္ေတြမွာ အသုံးျပဳတဲ့ပစၥည္းေတြ ရွိတယ္ဆိုတဲ့သတင္းေၾကာင့္ သြားစစ္ေဆးတာလို႔ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားသလို လက္လုပ္ဗုံး၊ ယမ္းေပ်ာ့၊ ေဗ်ာက္အိုး စတာေတြကို မိခဲ့တယ္လို႔လည္း ေဖာ္ျပထားပါတယ္။
စစ္ေကာင္စီထုတ္ျပန္ခ်က္မွာပါတဲ့ အခ်က္အလက္ေတြနဲ႔ပတ္သက္ၿပီး သီးျခားအတည္မျပဳႏိုင္ေသးသလို ျဖစ္စဥ္နဲ႔ပတ္သက္တဲ့ အေသးစိတ္သတင္းေတြကလည္း ေရာေထြးေနပါတယ္။ စစ္တပ္နဲ႔ရဲက ပစ္ခတ္ၿပီး ဝင္ဖမ္းဖို႔ ႀကိဳးစားခဲ့ခ်ိန္ လူငယ္ေတြက တိုက္ေခါင္းမိုးေပၚကေန ထြက္ေျပးၾကတာမွာ လူငယ္တဦး ေသနတ္က်ည္ ထိမွန္ခဲ့ၿပီးေတာ့ က်န္တဲ့လူငယ္ေတြက ေခါင္မိုးေပၚကေန ေအာက္ကို ခုန္ခ်ခဲ့တာလုိ႔ ျပည္တြင္းကလာတဲ့သတင္းေတြမွာ ေဖာ္ျပၾကပါတယ္။
ေသဆံုးသူႏွစ္ဦးရဲ႕ ႐ုပ္အေလာင္းေတြကို သၿဂိဳဟ္ဖို႔ မိသားစုဝင္ေတြဆီ ျပန္ေပးတယ္ဆိုတဲ့ သတင္းေတြ မရသလို ဘယ္လို သၿဂိဳဟ္လိုက္တယ္ဆိုတာကိုလည္း ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။ စစ္ေကာင္စီထုတ္ျပန္ခ်က္မွာ ဓာတ္ပံုနဲ႔ ထည့္သြင္းေဖာ္ျပထားတဲ့ ဖမ္းဆီးထားသူ သံုးဦးဟာ လူငယ္ေတြျဖစ္ၾကတာကိုေတာ့ ေတြ႔ရပါတယ္။
ဒီျဖစ္ရပ္နဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာ မိသားစုဝင္ေတြကို ဆက္သြယ္ေမးျမန္းဖို႔ ဗီြအိုေအက ႀကိဳးစားခဲ့ေပမယ့္လည္း စစ္ေကာင္စီက ဖိအားေပး ၿခိမ္းေျခာက္လာမွာကို စိုးရိမ္တာေၾကာင့္ တိမ္းေရွာင္ေနရတဲ့ မိသားစုဝင္ေတြရွိသလို ေျဖဆိုဖို႔ ျငင္းဆန္သူေတြလည္းရွိပါတယ္။
စစ္တပ္က အာဏာသိမ္းခဲ့ခ်ိန္ကတည္းကဆိုရင္ စစ္တပ္နဲ႔ရဲက ပစ္ခတ္ ၿဖိဳခြဲ ဖမ္းဆီးမႈေတြေၾကာင့္ ေသဆံုးသူ ၉၆၀ ေက်ာ္ရွိၿပီျဖစ္ၿပီး အဖမ္းခံထားရသူ ၅၅၅၀ ထက္မနည္းရွိၿပီလို႔ ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ (AAPP) က ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရန်ကုန်၊ ၄၄ လမ်းမှာ မနေ့ အင်္ဂါနေ့က စစ်တပ်နဲ့ရဲက ပစ်ခတ်ဖမ်းဆီးမှုအတွင်း တိုက်ပေါ်ကနေ ခုန်ချခဲ့တဲ့ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးပြီး အမျိုးသားသုံးဦး ဒဏ်ရာရခဲ့ပြီးတော့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ဖောက်ခွဲဖျက်ဆီးရေးလုပ်ရပ်တွေမှာ အသုံးပြုတဲ့ပစ္စည်းတွေ ရှိတယ်ဆိုတဲ့သတင်းကြောင့် သွားစစ်ဆေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဖော်ပြထားသလို လက်လုပ်ဗုံး၊ ယမ်းပျော့၊ ဗျောက်အိုး စတာတွေကို မိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်ကောင်စီထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးသလို ဖြစ်စဉ်နဲ့ပတ်သက်တဲ့ အသေးစိတ်သတင်းတွေကလည်း ရောထွေးနေပါတယ်။ စစ်တပ်နဲ့ရဲက ပစ်ခတ်ပြီး ဝင်ဖမ်းဖို့ ကြိုးစားခဲ့ချိန် လူငယ်တွေက တိုက်ခေါင်းမိုးပေါ်ကနေ ထွက်ပြေးကြတာမှာ လူငယ်တဦး သေနတ်ကျည် ထိမှန်ခဲ့ပြီးတော့ ကျန်တဲ့လူငယ်တွေက ခေါင်မိုးပေါ်ကနေ အောက်ကို ခုန်ချခဲ့တာလို့ ပြည်တွင်းကလာတဲ့သတင်းတွေမှာ ဖော်ပြကြပါတယ်။
သေဆုံးသူနှစ်ဦးရဲ့ ရုပ်အလောင်းတွေကို သဂြိုဟ်ဖို့ မိသားစုဝင်တွေဆီ ပြန်ပေးတယ်ဆိုတဲ့ သတင်းတွေ မရသလို ဘယ်လို သဂြိုဟ်လိုက်တယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စစ်ကောင်စီထုတ်ပြန်ချက်မှာ ဓာတ်ပုံနဲ့ ထည့်သွင်းဖော်ပြထားတဲ့ ဖမ်းဆီးထားသူ သုံးဦးဟာ လူငယ်တွေဖြစ်ကြတာကိုတော့ တွေ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သက်ဆိုင်ရာ မိသားစုဝင်တွေကို ဆက်သွယ်မေးမြန်းဖို့ ဗွီအိုအေက ကြိုးစားခဲ့ပေမယ့်လည်း စစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်လာမှာကို စိုးရိမ်တာကြောင့် တိမ်းရှောင်နေရတဲ့ မိသားစုဝင်တွေရှိသလို ဖြေဆိုဖို့ ငြင်းဆန်သူတွေလည်းရှိပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့ချိန်ကတည်းကဆိုရင် စစ်တပ်နဲ့ရဲက ပစ်ခတ် ဖြိုခွဲ ဖမ်းဆီးမှုတွေကြောင့် သေဆုံးသူ ၉၆၀ ကျော်ရှိပြီဖြစ်ပြီး အဖမ်းခံထားရသူ ၅၅၅၀ ထက်မနည်းရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) က ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG