သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ေျမေအာက္ေရ မခမ္းေျခာက္ေစဖို႔


ရန္ကုန္ ေျမေအာက္ေရ အေျချပေျမပုံ ( ရန်ကုန် မြေအောက်ရေ အခြေပြမြေပုံ )

ရန္ကုန္ၿမိဳ႕ေနလူေပါင္း ၆ သန္းေက်ာ္ထဲမွာ ေျမေအာက္ေရကို သံုးစြဲေနသူက ထက္ဝက္ေလာက္ ရွိပါတယ္။ ၿမိဳ႕ခ်ဲ႕တာေတြနဲ႔အတူ လူဦးေရကလည္း တိုးလာေနတာေၾကာင့္ ေရရွည္အတြက္ ရန္ကုန္ၿမိဳ႕ရဲ့ ေျမေအာက္ေရ အေျခအေနကို သိရေအာင္ ျမန္မာႏုိင္ငံ ေရအရင္းအျမစ္ ေကာ္မတီ NWRC ရဲ့ ေျမေအာက္ေရဆိုင္ရာ အႀကံေပး ဦးျမင့္သိန္းကို ေမးျမန္းၿပီး တင္ျပေပးမွာပါ။

ရန္ကုန္ေျမေအာက္ေရ မခမ္းေျခာက္ေစဖို႔
please wait

No media source currently available

0:00 0:07:25 0:00
တိုက္႐ိုက္ လင့္ခ္



ဦးျမင့္သိန္း။ ။ “ရန္ကုန္ၿမိဳ႕မွာ ၂၀၁၄ သန္းေကာင္စာရင္း ေကာက္တဲ့အေနအထားအရ ဆိုရင္ လူဦးေရ ၅ သန္းေက်ာ္ရွိတယ္။ ၃၃ ၿမိဳဳ႕နယ္ စည္ပင္သာယာရဲ့ အုပ္ခ်ဳပ္မႈ ေအာက္မွာေပါ့။ အခုဆိုရင္ေတာ့ ၆ သန္းေက်ာ္ ေလာက္ ျဖစ္သြားၿပီေပါ့။ အဲဒီမွာ လူဦးေရ ၅၀ % တဝက္ေလာက္က ေျမေအာက္ေရကို မွီခိုၿပီးေတာ့ ေသာက္သံုးေရ အတြက္ အားထားေနၾကရတယ္။ စည္ပင္ေရ လက္လွမ္းမမွီတာ အမ်ားဆံုးက က်ေနာ္တို႔ ၿမိဳ႕ထဲ မဟုတ္တဲ့ ၿမိဳ႕ျပင္နဲ႔ တိုးခ်ဲ႕ၿမိဳ႕သစ္ေတြ၊ ၿမိဳ႕နယ္ေတြ ေတာ္ေတာ္မ်ားမ်ားက ေျမေအာက္ေရကို အားထားရတယ္။ စက္ရံု အလုပ္ရံုေတြ ဆိုရင္ ရာႏႈန္းျပည့္ ေျမေအာင္ေရကို အားထားၿပီးေတာ့ သံုးစြဲေနၾကတယ္ေပါ့။

ေမး။ ။“အဲဒီေတာ့ ဒီေျမေအာက္ေရက လံုလံုေလာက္ေလာက္ေရာ ရွိပါသလားဆရာ။”

ဦးျမင့္သိန္း။ ။ “လံုလံုေလာက္ေလာက္ ရွိမရွိကို က်ေနာ္ သိသေလာက္ေတာ့ ဌာနဆို္င္ရာေတြ၊ တရားဝင္ ဘယ္သူမွ တြက္ခ်က္မထားဘူးဆိုတာ က်ေနာ္ ေသခ်ာ ေျပာရဲတယ္။ က်ေနာ္ကေတာ့ ဝါသနာပါလို႔ နဲနဲပါးပါး တြက္ခ်က္ထားတာ ရွိတယ္ဗ်။ ေျမေအာက္ေရကိုက ရန္ကုန္ၿမိဳ႕က ဘယ္တုန္းကတည္းက စသံုးသလဲ ဆိုေတာ့ ျမန္မာဘုရင္ေတြ လက္ထက္ ၁၈၄၂ ခုႏွစ္ ေလာက္ကတည္းက သံုးတယ္။ အဲဒီေလာက္ကတည္းက စသံုးလာတယ္။ အဂၤလိပ္ ကိုလိုနီ လက္ေအာက္ က်ေတာ့လည္း ဆက္သံုးတယ္။ သူတို႔က ဥပေဒေတြ ဘာေတြ ျပဌာန္း ၿပီးေတာ့ စံနစ္တက်နဲ႔ ေရဘယ္ေလာက္ ထြက္ရင္ ဘယ္ေလာက္ ထုတ္မယ္၊ အဲဒီလိုမ်ိဳး မွတ္တမ္း မွတ္ရာေတြနဲ႔ ရယ္၊ စည္းမ်ဥ္းစည္းကမ္း ေတြနဲ႔ထုတ္သံုးလာတယ္ ေပါ့ေလ။ အဲ - အဲဒီလို သံုးလာတာ ေတြက ဒီအေရးအခင္း ၿပီးတဲ့ ေနာက္ပိုင္းမွာ အဲဒီလို စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ လုိင္စင္ေတြနဲ႔ယူၿပီးေတာ့ ထုတ္သံုးလာတာ မရွိေတာ့ဘူးဗ်။

ဘာလို႔တုန္း ဆိုေတာ့ အဲဒီ ၿဗိတိသွ်က ၁၉၃၀ ခုႏွစ္မွာ ေျမေအာက္ေရ ဥပေဒ ျပဌာန္းၿပီးေတာ့ သံုးစြဲလာတဲ့ ဟာက အေရးအခင္း မတိုင္ခင္ အိုးအိမ္ဦးစီးဌာနကေန ဦးေဆာင္ၿပီးေတာ့ ရန္ကုန္ၿမိဳ႕မွာ ေရတြင္းတူးမယ္ ဆိုရင္ သူ႔ဆီမွာ လိုင္စင္ေလွ်ာက္၊ ၿပီးေတာ့ တူးခြင့္ေပး၊ သံုးစြဲခြင့္ေပး၊ ဘယ္ေလာက္ထြက္တယ္၊ ဘယ္ေလာက္ မွတ္တမ္းေတြ ရွိတယ္၊ ေရက ဘယ္ေလာက္ရွိတယ္၊ ေရဂါလံ ဘယ္ေလာက္ထြက္တယ္၊ ဘယ္ေလာက္ ထုတ္မယ္၊ အဲဒီလိုေတြ ရွိခဲ့တယ္ဗ်။ အဲဒါေတြက ၁၈၈၈ ေနာက္ပိုင္း ၉၀ခု ၊ ဒီလို လႈိင္သာယာ၊ ေရႊျပည္သာ၊ ဒဂံု ၿမိဳ႕သစ္ေတြ ေပၚလာၿပီးတဲ့ေနာက္ မရွိေတာ့ဘူး။ မရွိေတာ့ ေျမေအာက္ေရ အေနအထားက ဘာျဖစ္သလဲ ဆိုေတာ့၊ လူဦးေရမ်ားလာတာနဲ႔ အမွ်၊ တူးတဲ့ တြင္းအေရအတြက္ ေတြက မ်ားလာတယ္။ ေျမေအာက္ေရ သိုေလွာင္မႈ ပမာဏက ဘယ္ေလာက္ရွိတယ္ ဆိုတာကို ဒီဘက္ပိုင္းမွာ ဘယ္သူမွ မၾကည့္ၾကေတာ့ဘူး။

ေမး။ ။“ဆရာသုေတသနလုပ္ထားတဲ့ ပမာဏကေရာ ဘယ္ေလာက္ရွိပါသလဲဆရာ။”

ဦးျမင့္သိန္း။ ။“က်ေနာ္ အလုပ္မထြက္ခင္ ၁၉၉၀- ၉၁ ေလာက္က က်ေနာ္ မဟာရန္ကုန္ကို water well data monitoring and researching (ေရတြင္းေတြအတြက္ ေစာင့္ၾကည့္ တိုင္းထြာၿပီး အခ်က္အလက္ ေကာက္ယူတာနဲ႔ သုေတသန) တခု သုေတသနေလး လုပ္ခဲ့တယ္ေပါ့။ အဲဒီတုန္းက ရန္ကုန္ၿမိဳ႕မွာ တြင္းေပါင္း သံုးေထာင္ေက်ာ္ပဲ ရွိတယ္၊ မွတ္တမ္းမွတ္ရာေတြ ျပည့္ျပည့္ဝဝ ရတယ္၊ အဲဒီေနာက္ပို္င္းမွာ မရွိေတာ့ဘူး။ အဲဒီအခ်ိန္တုန္းက က်ေနာ္တြက္ထား သေလာက္ကေတာ့ ၁၉၉၀ - ၉၅ မတိုင္ခင္တုန္းက ေျမေအာက္ ေရစိမ့္ႏႈန္းက ေရစီးဆင္းႏႈန္းေတြက အေတာ္ေကာင္းတယ္ဗ်၊ ၁၆.၇ လက္မ - တႏွစ္ကို ေျမေအာက္ထဲကို မိုးေရက စိမ့္ဝင္တဲ့ႏႈန္း- အဲဒီေလာက္အထိ ရွိခဲ့တယ္။ အဲဒါေတြက ဘာလုပ္တုန္း ဆိုေတာ့ ေျမေအာက္ေရကို ျဖည့္တင္းတဲ့ recharge area ေပါ့၊ ဒီ recharge area ေရျပန္ျဖည့္ေပးႏိုင္တဲ့ ဧရိယာက ဘယ္ေနရာေတြမွာ ရွိသတုန္း ဆိုေတာ့၊ အခု မဂၤလာဒံုနား တဝိုက္ကေနၿပီးေတာ့ ေျမာက္ဘက္ကို ေထာက္ၾကန္႔တို႔ ဘာတို႔ေလာက္အထိ အဲဒီေနရာေတြက open space ကြင္းျပင္ေနရာႀကီး ေပါ့ဗ်ာ။ မိုးေရေတြ စိမ့္ဝင္တဲ့ေနရာေတြ အမ်ားႀကီးရတယ္။ အခု အဲဒီေနရာေတြဟာ ၿမိဳ႕သစ္ေတြ တိုးခ်ဲ႕တယ္၊ ၿမိဳ႕ျပရပ္ဝန္းေတြ ဖြံ႔ၿဖိဳးလာတာနဲ႔အမွ် စက္ရံုအလုပ္ရံု၊ လူေနအိမ္ေတြနဲ႔ ဖံုးလႊမ္းသြားေတာ့ ပညာရပ္ဆိုင္ရာ hydrogeology ဇလဘူမိေဗဒအရ ေျပာရင္ ဘာျဖစ္လာသလဲ ဆိုေတာ့ အဲဒီေနရာေတြက impervious layers - မိုးေရ စိမ့္မဝင္ႏုိင္ေတာ့တဲ့ ေနရာေတြ ျဖစ္သြားတယ္။ အဲဒီေတာ့ ေျမႀကီးထဲကို မိုးေရ စိမ့္ဝင္တဲ့ႏႈန္းက နဲလာတယ္။

အဲဒီလို နဲလာတာကိုလည္း က်ေနာ္ တြက္ၾကည့္ဘူးလုိက္တယ္ဗ်။ ခန္႔မွန္းေပါ့ေလ။ ၁၉၉၅- ၂၀၀၀ ခုႏွစ္ ေနာက္ပိုင္းမွာ ၁၅ ေက်ာ္ေက်ာ္ ေလာက္ပဲ ရွိေတာ့မယ္လို႔ က်ေနာ္ခန္႔မွန္းတယ္၊ တႏွစ္ကိုေပါ့ေလ။ ပ်မ္းမွ် ေရစိမ့္ႏႈန္းက ဒါေပမယ့္လို႔ တြင္းအေရအတြက္ မ်ားလာတယ္။ မ်ားလာေတာ့ ဘယ္မွာ သိသာသလဲ ဆိုရင္၊ က်ေနာ္တို႔ water level ေျမေအာက္ေရ လယ္ဘယ္ေတြ က်တယ္။ အနီးစပ္ဆံုး ေျပာရရင္ က်ေနာ္တုိ႔ ျပည္လမ္းက အရင္တုန္းက ပညာေရးတကၠသိုလ္ဝင္းထဲက တေကာင္းေဆာင္တို႔ ဘာတို႔ ရွိတဲ့ေနရာ မွတ္မိလိုက္မွာပါ လိပ္ခံုးႀကီး ရွိတဲ့နားကေလ။ အဲဒီနားက တြင္းေတြ ဆိုရင္ က်ေနာ္တုိ႔ တကၠသိုလ္ ေဆာက္ကတည္းက တြင္းေတြ၊ က်ေနာ္ ခုန ၉၀- ၉၁ မွာ က်ေနာ္ သုေတသနနဲ႔ စစ္တမ္း ေကာက္တုန္းက အဲဒီက တြင္းေတြရဲ့ ေရထြက္ေတြက ၃ - ၄ ေသာင္း ရွိတယ္။ ေျမေအာက္ေရ level က ေပ ၂၀ ဝန္းက်င္မွာပဲ ရွိတယ္။ အဲဒီတြင္းေတြ နားမွာပဲ ၿပီးခဲ့တဲ့ ၂၀၁၅ ဝန္းက်င္ေလာက္က ေရတြင္းတူးေတာ့ အဲဒီမွာ တြင္းႀကီးပဲ- ၁၂ လက္မ ကို တူးေတာ့ အဲဒီမွာ ေရ level က ဘယ္ေလာက္ျဖစ္သြားသလဲ ဆိုေတာ့ ေပ ၄၀ ျဖစ္သြားတယ္။ ေပ ၂၀ ကေန ေပ ၄၀ ဆိုေတာ့ ၁၀၀ % က်သြားတာေပါ့ေနာ္။

က်ေနာ္တုိ႔ ရန္ကုန္ၿမိဳ႕မွာ ေရထြက္ႏႈန္းေကာင္းတဲ့ အလံုတို႔၊ ၾကည့္ျမင္တုိင္တို႔ စမ္းေခ်ာင္းတို႔လည္း အဲဒီလိုပဲဗ်။ ေပ ၁၀ ေပ - ၁၅ ေပ ရွိတဲ့ တြင္းေတြက အစိတ္ သံုးဆယ္ ျဖစ္သြားတယ္။ ေျမေအာက္ေရ level ေတြ က်ကုန္တယ္။”

ေမး။ ။“ဒီ ေျမေအာက္ေရ level မက်တဲ့တြင္းေတြက်ေတာ့ေရာဆရာ”

ဦးျမင့္သိန္း။ ။“အဲဒီတြင္းေတြက ေရငံေတြ ဝင္လာတာကို။ ဥပမာ က်ေနာ္တုိ႔ ၾကည့္ျမင္တုိင္ ေအာက္လမ္းမႀကီးရဲ့ အေနာက္ဖက္ျခမ္း၊ အလံု၊ အဲဒီနားက တြင္းေတြ ဆိုရင္ ေရ level ေတာ့ မက်ဘူး။ ဘာလို႔မက်လည္း။ ေရငံဝင္လာေတာ့ ေရငံက ျပန္ျဖည့္သြားတယ္။ ေရခ်ိဳက မျဖည့္ႏိုင္ေတာ့ဘူး။ ဘာလို႔ မျဖည့္ႏိုင္လည္း ဆိုေတာ့ ခုနေျပာတဲ့ ေျမေအာက္ေရကို ျဖည့္တင္းတဲ့ မိုးေရက ခုန ရန္ကုန္ၿမိဳ႕ရဲ့ ေျမာက္ဖက္ျခမ္းက်ေနာ္ ေျပာတဲ့ ေနရာေတြက အေဆာက္အဦးေတြနဲ႔ ဖံုးလႊမ္းသြားတယ္။ ေျမေအာက္ေရစိမ့္ႏႈန္း ရပ္ဝန္းက နဲသြားတယ္။ အဲဒီေတာ့ ရန္ကုန္ျမစ္ေတြ၊ ဒီေရ အတက္အက်ရွိတဲ့ ျမစ္ေတြ၊ ေခ်ာင္းေတြနားမွာ ရွိတဲ့ ရပ္ကြက္ေတြ၊ က်ေနာ္တုိ႔ ဒဂံု ဆိပ္ကမ္းတို႔၊ အလံုတို႔၊ monkey point တို႔၊ ၾကည့္ျမင္တုိင္တို႔ အဲဒီေနရာေတြမွာ ဘာျဖစ္သလဲ။ ေရငံ တိုးတယ္။ ေရႊျပည္သာတို႔ ဘာတုိ႔ ဆိုရင္ အေနာက္ဖက္ ျခမ္းဆို ေရငံေတြ တုိးလာတယ္။ အဲဒီလိုမ်ိဳးေတြ ျဖစ္လာတာက သက္ေသ တခုပဲ ေပါ့။ လံုေလာက္မႈ အေနအထား နဲလာၿပီ ဆိုတာကို အခု ဒီ ေရငံတိုးဝင္တာေတြ၊ ေရ level က်တာေတြက အေျဖေပးေနတယ္။

ေမး။ ။“ဒါဆို ေျမေအာက္ေရကို ဘယ္ေလာက္အထိ ရေနႏိုင္ပါလဲဆရာ”

ဦးျမင့္သိန္း။ ။“ဒီေျမေအာက္ေရကိုေတာ့ ထုတ္လို႔ေတာ့ ရေနအံုးမွာပဲဗ်။ က်ေနာ္ ခန္႔မွန္းတာေတာ့ ၂၀၃၀ - ၄- ၅ဆယ္ေလာက္။ အဲဒီေနာက္ပိုင္း ၂၀၃၀ ေနာက္ပိုင္း ၂၀၄၀ ေလာက္ ဆိုရင္ေတာ့ ရာသီဥတုကလည္း ေဖါက္ျပန္တာနဲ႔အမွ် အရည္အေသြး က်သြားမယ္။ ေျမေအာက္ေရကေတာ့ ရမယ္၊ မရဘူး မဟုတ္ဖူး။ အရည္အေသြးက်သြားမယ္။ ေသာက္သံုးလို႔ မရတဲ့ အေနအထား မ်ိဳးေတြ နဲလာမယ္။ ဘာလို႔ ေျမေအာက္ေရ ရႏိုင္မယ္လို႔ က်ေနာ္ ေျပာသလဲ ဆိုေတာ့ ေရခ်ိဳဝင္တဲ့ ရပ္ဝန္း မရွိေတာ့ ေရငံက ဝင္လာတယ္။ ေျမေအာက္ေရက ေရခ်ိဳက ေရငံေပၚမွာ မူတည္တယ္ဗ်။ ေရခ်ိဳရဲ့ density သိပ္သည္းဆက ၁ ရွိတယ္။ ေရငံရဲ့ သိပ္သည္းဆက ၁.၀၂ ပဲ ရွိတယ္။ အဲဒီေတာ့ floating ျဖစ္တယ္။ အေပၚမွာ ေပၚတယ္။ အဲဒီမွာမွ ေရခ်ိဳရဲ့ ေရထုက ပါးၿပီးေတာ့ ေရငံကို မဖိႏိုင္ဘူး ဆိုရင္ ေရငံက ေအာက္ကေန ေဖါက္ၿပီး ထြက္သြားမယ္။ ေရခ်ိဳေနရာကို ေရငံကေရာၿပီးေတာ့ အဲဒီမွာ က်ေနာ္တုိ႔ အရပ္ အေခၚက်ေတာ့ တြင္းပ်က္သြားတယ္လို႔ ေခၚတာေပါ့။ ေရတြင္းက ေရမခ်ိဳေတာ့ဘူး။ ေရမေကာင္းေတာ့ဘူး။ ငံသြားၿပီ။ အဲဒီလိုေခၚတာ ေပါ့ဗ်ာ။

ဇလဘူမိေဗဒ ပညာရွင္ ဦးျမင့္သိန္းပါ။

( UNICODE )

ရန်ကုန်မြို့နေလူပေါင်း ၆ သန်းကျော်ထဲမှာ မြေအောက်ရေကို သုံးစွဲနေသူက ထက်ဝက်လောက် ရှိပါတယ်။ မြို့ချဲ့တာတွေနဲ့အတူ လူဦးရေကလည်း တိုးလာနေတာကြောင့် ရေရှည်အတွက် ရန်ကုန်မြို့ရဲ့ မြေအောက်ရေ အခြေအနေကို သိရအောင် မြန်မာနိုင်ငံ ရေအရင်းအမြစ် ကော်မတီ NWRC ရဲ့ မြေအောက်ရေဆိုင်ရာ အကြံပေး ဦးမြင့်သိန်းကို မေးမြန်းပြီး တင်ပြပေးမှာပါ။

ဦးမြင့်သိန်း။ ။ “ရန်ကုန်မြို့မှာ ၂၀၁၄ သန်းကောင်စာရင်း ကောက်တဲ့အနေအထားအရ ဆိုရင် လူဦးရေ ၅ သန်းကျော်ရှိတယ်။ ၃၃ မြိုု့နယ် စည်ပင်သာယာရဲ့ အုပ်ချုပ်မှု အောက်မှာပေါ့။ အခုဆိုရင်တော့ ၆ သန်းကျော် လောက် ဖြစ်သွားပြီပေါ့။ အဲဒီမှာ လူဦးရေ ၅၀ % တဝက်လောက်က မြေအောက်ရေကို မှီခိုပြီးတော့ သောက်သုံးရေ အတွက် အားထားနေကြရတယ်။ စည်ပင်ရေ လက်လှမ်းမမှီတာ အများဆုံးက ကျနော်တို့ မြို့ထဲ မဟုတ်တဲ့ မြို့ပြင်နဲ့ တိုးချဲ့မြို့သစ်တွေ၊ မြို့နယ်တွေ တော်တော်များများက မြေအောက်ရေကို အားထားရတယ်။ စက်ရုံ အလုပ်ရုံတွေ ဆိုရင် ရာနှုန်းပြည့် မြေအောင်ရေကို အားထားပြီးတော့ သုံးစွဲနေကြတယ်ပေါ့။

မေး။ ။“အဲဒီတော့ ဒီမြေအောက်ရေက လုံလုံလောက်လောက်ရော ရှိပါသလားဆရာ။”

ဦးမြင့်သိန်း။ ။ “လုံလုံလောက်လောက် ရှိမရှိကို ကျနော် သိသလောက်တော့ ဌာနဆို်င်ရာတွေ၊ တရားဝင် ဘယ်သူမှ တွက်ချက်မထားဘူးဆိုတာ ကျနော် သေချာ ပြောရဲတယ်။ ကျနော်ကတော့ ဝါသနာပါလို့ နဲနဲပါးပါး တွက်ချက်ထားတာ ရှိတယ်ဗျ။ မြေအောက်ရေကိုက ရန်ကုန်မြို့က ဘယ်တုန်းကတည်းက စသုံးသလဲ ဆိုတော့ မြန်မာဘုရင်တွေ လက်ထက် ၁၈၄၂ ခုနှစ် လောက်ကတည်းက သုံးတယ်။ အဲဒီလောက်ကတည်းက စသုံးလာတယ်။ အင်္ဂလိပ် ကိုလိုနီ လက်အောက် ကျတော့လည်း ဆက်သုံးတယ်။ သူတို့က ဥပဒေတွေ ဘာတွေ ပြဌာန်း ပြီးတော့ စံနစ်တကျနဲ့ ရေဘယ်လောက် ထွက်ရင် ဘယ်လောက် ထုတ်မယ်၊ အဲဒီလိုမျိုး မှတ်တမ်း မှတ်ရာတွေနဲ့ ရယ်၊ စည်းမျဉ်းစည်းကမ်း တွေနဲ့ထုတ်သုံးလာတယ် ပေါ့လေ။ အဲ - အဲဒီလို သုံးလာတာ တွေက ဒီအရေးအခင်း ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီလို စည်းမျဉ်းစည်းကမ်းတွေနဲ့ လိုင်စင်တွေနဲ့ယူပြီးတော့ ထုတ်သုံးလာတာ မရှိတော့ဘူးဗျ။

ဘာလို့တုန်း ဆိုတော့ အဲဒီ ဗြိတိသျှက ၁၉၃၀ ခုနှစ်မှာ မြေအောက်ရေ ဥပဒေ ပြဌာန်းပြီးတော့ သုံးစွဲလာတဲ့ ဟာက အရေးအခင်း မတိုင်ခင် အိုးအိမ်ဦးစီးဌာနကနေ ဦးဆောင်ပြီးတော့ ရန်ကုန်မြို့မှာ ရေတွင်းတူးမယ် ဆိုရင် သူ့ဆီမှာ လိုင်စင်လျှောက်၊ ပြီးတော့ တူးခွင့်ပေး၊ သုံးစွဲခွင့်ပေး၊ ဘယ်လောက်ထွက်တယ်၊ ဘယ်လောက် မှတ်တမ်းတွေ ရှိတယ်၊ ရေက ဘယ်လောက်ရှိတယ်၊ ရေဂါလံ ဘယ်လောက်ထွက်တယ်၊ ဘယ်လောက် ထုတ်မယ်၊ အဲဒီလိုတွေ ရှိခဲ့တယ်ဗျ။ အဲဒါတွေက ၁၈၈၈ နောက်ပိုင်း ၉ဝခု ၊ ဒီလို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံ မြို့သစ်တွေ ပေါ်လာပြီးတဲ့နောက် မရှိတော့ဘူး။ မရှိတော့ မြေအောက်ရေ အနေအထားက ဘာဖြစ်သလဲ ဆိုတော့၊ လူဦးရေများလာတာနဲ့ အမျှ၊ တူးတဲ့ တွင်းအရေအတွက် တွေက များလာတယ်။ မြေအောက်ရေ သိုလှောင်မှု ပမာဏက ဘယ်လောက်ရှိတယ် ဆိုတာကို ဒီဘက်ပိုင်းမှာ ဘယ်သူမှ မကြည့်ကြတော့ဘူး။

မေး။ ။“ဆရာသုတေသနလုပ်ထားတဲ့ ပမာဏကရော ဘယ်လောက်ရှိပါသလဲဆရာ။”

ဦးမြင့်သိန်း။ ။“ကျနော် အလုပ်မထွက်ခင် ၁၉၉၀- ၉၁ လောက်က ကျနော် မဟာရန်ကုန်ကို water well data monitoring and researching (ရေတွင်းတွေအတွက် စောင့်ကြည့် တိုင်းထွာပြီး အချက်အလက် ကောက်ယူတာနဲ့ သုတေသန) တခု သုတေသနလေး လုပ်ခဲ့တယ်ပေါ့။ အဲဒီတုန်းက ရန်ကုန်မြို့မှာ တွင်းပေါင်း သုံးထောင်ကျော်ပဲ ရှိတယ်၊ မှတ်တမ်းမှတ်ရာတွေ ပြည့်ပြည့်ဝဝ ရတယ်၊ အဲဒီနောက်ပို်င်းမှာ မရှိတော့ဘူး။ အဲဒီအချိန်တုန်းက ကျနော်တွက်ထား သလောက်ကတော့ ၁၉၉၀ - ၉၅ မတိုင်ခင်တုန်းက မြေအောက် ရေစိမ့်နှုန်းက ရေစီးဆင်းနှုန်းတွေက အတော်ကောင်းတယ်ဗျ၊ ၁၆.၇ လက်မ - တနှစ်ကို မြေအောက်ထဲကို မိုးရေက စိမ့်ဝင်တဲ့နှုန်း- အဲဒီလောက်အထိ ရှိခဲ့တယ်။ အဲဒါတွေက ဘာလုပ်တုန်း ဆိုတော့ မြေအောက်ရေကို ဖြည့်တင်းတဲ့ recharge area ပေါ့၊ ဒီ recharge area ရေပြန်ဖြည့်ပေးနိုင်တဲ့ ဧရိယာက ဘယ်နေရာတွေမှာ ရှိသတုန်း ဆိုတော့၊ အခု မင်္ဂလာဒုံနား တဝိုက်ကနေပြီးတော့ မြောက်ဘက်ကို ထောက်ကြန့်တို့ ဘာတို့လောက်အထိ အဲဒီနေရာတွေက open space ကွင်းပြင်နေရာကြီး ပေါ့ဗျာ။ မိုးရေတွေ စိမ့်ဝင်တဲ့နေရာတွေ အများကြီးရတယ်။ အခု အဲဒီနေရာတွေဟာ မြို့သစ်တွေ တိုးချဲ့တယ်၊ မြို့ပြရပ်ဝန်းတွေ ဖွံ့ဖြိုးလာတာနဲ့အမျှ စက်ရုံအလုပ်ရုံ၊ လူနေအိမ်တွေနဲ့ ဖုံးလွှမ်းသွားတော့ ပညာရပ်ဆိုင်ရာ hydrogeology ဇလဘူမိဗေဒအရ ပြောရင် ဘာဖြစ်လာသလဲ ဆိုတော့ အဲဒီနေရာတွေက impervious layers - မိုးရေ စိမ့်မဝင်နိုင်တော့တဲ့ နေရာတွေ ဖြစ်သွားတယ်။ အဲဒီတော့ မြေကြီးထဲကို မိုးရေ စိမ့်ဝင်တဲ့နှုန်းက နဲလာတယ်။

အဲဒီလို နဲလာတာကိုလည်း ကျနော် တွက်ကြည့်ဘူးလိုက်တယ်ဗျ။ ခန့်မှန်းပေါ့လေ။ ၁၉၉၅- ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ ၁၅ ကျော်ကျော် လောက်ပဲ ရှိတော့မယ်လို့ ကျနော်ခန့်မှန်းတယ်၊ တနှစ်ကိုပေါ့လေ။ ပျမ်းမျှ ရေစိမ့်နှုန်းက ဒါပေမယ့်လို့ တွင်းအရေအတွက် များလာတယ်။ များလာတော့ ဘယ်မှာ သိသာသလဲ ဆိုရင်၊ ကျနော်တို့ water level မြေအောက်ရေ လယ်ဘယ်တွေ ကျတယ်။ အနီးစပ်ဆုံး ပြောရရင် ကျနော်တို့ ပြည်လမ်းက အရင်တုန်းက ပညာရေးတက္ကသိုလ်ဝင်းထဲက တကောင်းဆောင်တို့ ဘာတို့ ရှိတဲ့နေရာ မှတ်မိလိုက်မှာပါ လိပ်ခုံးကြီး ရှိတဲ့နားကလေ။ အဲဒီနားက တွင်းတွေ ဆိုရင် ကျနော်တို့ တက္ကသိုလ် ဆောက်ကတည်းက တွင်းတွေ၊ ကျနော် ခုန ၉၀- ၉၁ မှာ ကျနော် သုတေသနနဲ့ စစ်တမ်း ကောက်တုန်းက အဲဒီက တွင်းတွေရဲ့ ရေထွက်တွေက ၃ - ၄ သောင်း ရှိတယ်။ မြေအောက်ရေ level က ပေ ၂၀ ဝန်းကျင်မှာပဲ ရှိတယ်။ အဲဒီတွင်းတွေ နားမှာပဲ ပြီးခဲ့တဲ့ ၂၀၁၅ ဝန်းကျင်လောက်က ရေတွင်းတူးတော့ အဲဒီမှာ တွင်းကြီးပဲ- ၁၂ လက်မ ကို တူးတော့ အဲဒီမှာ ရေ level က ဘယ်လောက်ဖြစ်သွားသလဲ ဆိုတော့ ပေ ၄၀ ဖြစ်သွားတယ်။ ပေ ၂၀ ကနေ ပေ ၄၀ ဆိုတော့ ၁၀၀ % ကျသွားတာပေါ့နော်။

ကျနော်တို့ ရန်ကုန်မြို့မှာ ရေထွက်နှုန်းကောင်းတဲ့ အလုံတို့၊ ကြည့်မြင်တိုင်တို့ စမ်းချောင်းတို့လည်း အဲဒီလိုပဲဗျ။ ပေ ၁၀ ပေ - ၁၅ ပေ ရှိတဲ့ တွင်းတွေက အစိတ် သုံးဆယ် ဖြစ်သွားတယ်။ မြေအောက်ရေ level တွေ ကျကုန်တယ်။”

မေး။ ။“ဒီ မြေအောက်ရေ level မကျတဲ့တွင်းတွေကျတော့ရောဆရာ”

ဦးမြင့်သိန်း။ ။“အဲဒီတွင်းတွေက ရေငံတွေ ဝင်လာတာကို။ ဥပမာ ကျနော်တို့ ကြည့်မြင်တိုင် အောက်လမ်းမကြီးရဲ့ အနောက်ဖက်ခြမ်း၊ အလုံ၊ အဲဒီနားက တွင်းတွေ ဆိုရင် ရေ level တော့ မကျဘူး။ ဘာလို့မကျလည်း။ ရေငံဝင်လာတော့ ရေငံက ပြန်ဖြည့်သွားတယ်။ ရေချိုက မဖြည့်နိုင်တော့ဘူး။ ဘာလို့ မဖြည့်နိုင်လည်း ဆိုတော့ ခုနပြောတဲ့ မြေအောက်ရေကို ဖြည့်တင်းတဲ့ မိုးရေက ခုန ရန်ကုန်မြို့ရဲ့ မြောက်ဖက်ခြမ်းကျနော် ပြောတဲ့ နေရာတွေက အဆောက်အဦးတွေနဲ့ ဖုံးလွှမ်းသွားတယ်။ မြေအောက်ရေစိမ့်နှုန်း ရပ်ဝန်းက နဲသွားတယ်။ အဲဒီတော့ ရန်ကုန်မြစ်တွေ၊ ဒီရေ အတက်အကျရှိတဲ့ မြစ်တွေ၊ ချောင်းတွေနားမှာ ရှိတဲ့ ရပ်ကွက်တွေ၊ ကျနော်တို့ ဒဂုံ ဆိပ်ကမ်းတို့၊ အလုံတို့၊ monkey point တို့၊ ကြည့်မြင်တိုင်တို့ အဲဒီနေရာတွေမှာ ဘာဖြစ်သလဲ။ ရေငံ တိုးတယ်။ ရွှေပြည်သာတို့ ဘာတို့ ဆိုရင် အနောက်ဖက် ခြမ်းဆို ရေငံတွေ တိုးလာတယ်။ အဲဒီလိုမျိုးတွေ ဖြစ်လာတာက သက်သေ တခုပဲ ပေါ့။ လုံလောက်မှု အနေအထား နဲလာပြီ ဆိုတာကို အခု ဒီ ရေငံတိုးဝင်တာတွေ၊ ရေ level ကျတာတွေက အဖြေပေးနေတယ်။

မေး။ ။“ဒါဆို မြေအောက်ရေကို ဘယ်လောက်အထိ ရနေနိုင်ပါလဲဆရာ”

ဦးမြင့်သိန်း။ ။“ဒီမြေအောက်ရေကိုတော့ ထုတ်လို့တော့ ရနေအုံးမှာပဲဗျ။ ကျနော် ခန့်မှန်းတာတော့ ၂၀၃၀ - ၄- ၅ဆယ်လောက်။ အဲဒီနောက်ပိုင်း ၂၀၃၀ နောက်ပိုင်း ၂၀၄၀ လောက် ဆိုရင်တော့ ရာသီဥတုကလည်း ဖေါက်ပြန်တာနဲ့အမျှ အရည်အသွေး ကျသွားမယ်။ မြေအောက်ရေကတော့ ရမယ်၊ မရဘူး မဟုတ်ဖူး။ အရည်အသွေးကျသွားမယ်။ သောက်သုံးလို့ မရတဲ့ အနေအထား မျိုးတွေ နဲလာမယ်။ ဘာလို့ မြေအောက်ရေ ရနိုင်မယ်လို့ ကျနော် ပြောသလဲ ဆိုတော့ ရေချိုဝင်တဲ့ ရပ်ဝန်း မရှိတော့ ရေငံက ဝင်လာတယ်။ မြေအောက်ရေက ရေချိုက ရေငံပေါ်မှာ မူတည်တယ်ဗျ။ ရေချိုရဲ့ density သိပ်သည်းဆက ၁ ရှိတယ်။ ရေငံရဲ့ သိပ်သည်းဆက ၁.၀၂ ပဲ ရှိတယ်။ အဲဒီတော့ floating ဖြစ်တယ်။ အပေါ်မှာ ပေါ်တယ်။ အဲဒီမှာမှ ရေချိုရဲ့ ရေထုက ပါးပြီးတော့ ရေငံကို မဖိနိုင်ဘူး ဆိုရင် ရေငံက အောက်ကနေ ဖေါက်ပြီး ထွက်သွားမယ်။ ရေချိုနေရာကို ရေငံကရောပြီးတော့ အဲဒီမှာ ကျနော်တို့ အရပ် အခေါ်ကျတော့ တွင်းပျက်သွားတယ်လို့ ခေါ်တာပေါ့။ ရေတွင်းက ရေမချိုတော့ဘူး။ ရေမကောင်းတော့ဘူး။ ငံသွားပြီ။ အဲဒီလိုခေါ်တာ ပေါ့ဗျာ။

ဇလဘူမိဗေဒ ပညာရှင် ဦးမြင့်သိန်းပါ။

XS
SM
MD
LG