သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်လေယာဉ်လမ်းချော်လို့ ရန်ကုန်လေဆိပ်ယာယီပိတ်ထား


တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8) (သတင်းဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် (Y-8) (သတင်းဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ စစ်လေယာဉ် တစင်း လမ်းချော်သွားတဲ့အတွက် ပြည်ပနိုင်ငံတွေကနေလာတဲ့ လေယာဉ်တွေ ဆင်းမရပဲ လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ သိရပါတယ်။ ရန်ကုန်နိုင်ငံတကာလေဆိပ်အာဏာပိုင်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာတော့ ည ၁၁ နာရီအထိ လေယာဉ်ပြေးလမ်းတွေကို ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။

တရုတ်နိုင်ငံလုပ် Y-8-200F အမျိုးအစား စစ်လေယာဉ်ဟာ ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ဒီမနက်ပိုင်း အင်ဂျင်တလုံးချို့ယွင်းပြီး လမ်းချော်ခဲ့တာဖြစ်ပါတယ်။ လူ ထိခိုက်တာတွေမရှိပေမယ့်လို့၊ လေဆိပ်ကို ယာယီပိတ်ထားလိုက်ရပါတယ်။ နိုင်ငံတကာက ဝင်ရောက်မယ့် လေကြောင်းခရီးစဉ်တွေ လမ်းကြောင်းပြောင်းပြီး အချို့ အိမ်နီးချင်း ထိုင်းနိုင်ငံ ဘန်ကောက်လေဆိပ်ကို ဆင်းသက်ခဲ့ရပါတယ်။ ပြည်တွင်းလေယာဉ်တွေကတော့ မန္တလေးလေဆိပ်ကို ဆင်းသက်ခဲ့ရတယ်လို့သိရပါတယ်။ လမ်းချော်နေတဲ့ စစ်လေယာဉ်ကို မဖယ်နိုင်သေးခင်အထိ လေဆိပ်ကို လေယာဉ်တွေ ဆင်းနိုင်ဦးမှာမဟုတ်ဘူးလို့ မြန်မာလေကြောင်းထိမ်းသိမ်းရေးဌာနက ဒုတိယညွန်ကြားရေးမှုး ဦးရဲထွဋ်အောင် ပြောဆိုတာကို ရိုက်တာသတင်းက ကိုးကားရေးသားပါတယ်။

ပြီးခဲ့တဲ့လတုန်းကလည်း မြန်မာလေကြောင်းလေယာဉ် တစင်းဟာ ရှေ့ဘီးချမရပဲ အရေးပေါ်ဆင်းသက်ခဲ့ရတဲ့အခြေအနေ ကြုံခဲ့ရပါတယ်။ အခု ဘီးချော်တဲ့ Y-8 အမျိုးအစား စစ်လေယာဉ်တစင်း ၂၀၁၇ ခုနှစ်ဇွန်လတုန်းက မြန်မာနိုင်ငံ တောင်ဘက်ခြမ်းမှာ ပျက်ကျခဲ့လို့ လူ ၁၂၂ ဦး သေဆုံးခဲ့ဖူးပါတယ်။

XS
SM
MD
LG