သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီးလောင်မှုကြောင့် ရန်ကုန် ကန်တော်ကြီး Palace Hotel ၇၀ % ပျက်စီး


ရန်ကုန် ကန်တော်ကြီး Palace Hotel မီး (Photo by Htet Aung Khant/VOA-Burmese, Oct 18, 2017)
ရန်ကုန် ကန်တော်ကြီး Palace Hotel မီး (Photo by Htet Aung Khant/VOA-Burmese, Oct 18, 2017)

ရန်ကုန်မြို့၊ ကန်တော်ကြီး Palace ဟိုတယ်လ် ကြာသပတေးနေ့ မနက် သုံးနာရီခွဲလောက်က စတင်မီးလောင်သွားခဲ့ပြီး မနက် ၆ နာရီခွဲလောက်မှာ မီးကိုထိန်းသိမ်းနိုင်လိုက်ပြီဖြစ်ပါတယ်။ ဟိုတယ်ရဲ့ ငါးလွှာက စတင်လောင်ကျွမ်းတယ်လို့ မြေပြင်အခြေအနေအရ သိရကြောင်း ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက်က ပြောပါတယ်။ ဟိုတယ်လ်တခုလုံး ၇၀ % လောင်ကျွမ်းသွားခဲ့ပြီး မီးသတ်သမားတချို့နဲ့ ဟိုတယ်လ်က ဧည့်သည်တချို့လည်း ဒဏ်ရာရရှိသွားပေမယ့် အသေအပျောက်မရှိဘူးလို့ ဆိုပါတယ်။ ဒီမီးကို လောင်ကျွမ်းမှုအဆင့် (၄) လို့ သတ်မှတ်ထားကြောင်း မီးသတ်ဦးစီးဌာနကို ကိုးကားပြီး ပြောပါတယ်။

မီးလောင်ကျွမ်းစဉ်အတွင်း ရန်ကုန်တိုင်းအတွင်းက မီးသတ်ကားအများအပြား လာရောက်ဝိုင်းဝန်း ငြိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန် ကန်တော်ကြီး Palace Hotel မီး (Photo by Htet Aung Khant/VOA-Burmese, Oct 18, 2017)
ရန်ကုန် ကန်တော်ကြီး Palace Hotel မီး (Photo by Htet Aung Khant/VOA-Burmese, Oct 18, 2017)

please wait

No media source currently available

0:00 0:10:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG