သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရန္ကုန္မႏၲေလးေနရာတခ်ိဳ႕ ဗုံးေပါက္ကြဲမႈျဖစ္


မႏၱေလးက စစ္ဘက္ဆုိင္ရာ စစ္ေဆးေရးဂိတ္တခု ျမင္ကြင္း။ (ယခင္ပံုေဟာင္း)

[[Zawgyi/Unicode]]

ရန္ကုန္နဲ႔ မႏၲေလးေနရာတခ်ိဳ႕မွာ ဒီကေန႔ ဗုံးေပါက္ကြဲမႈျဖစ္စဥ္ေတြ ရွိခဲ့ပါတယ္။ စစ္အာဏာသိမ္းမႈဆန႔္က်င္ဆႏၵျပသူေတြ အၾကမ္းဖက္ႏွိပ္ကြပ္ခံရၿပီးတဲ့ေနာက္ လက္နက္ကိုင္ခုခံမႈေတြ၊ ဗုံးခြဲတိုက္ခိုက္မႈေတြဟာ ၿမိဳ႕ႀကီးေတြအပါအဝင္ ျမန္မာႏိုင္ငံေနရာအႏွံအျပားမွာ ဒီေန႔အထိ ဆက္ရွိေနပါတယ္။ ဒီအေၾကာင္း ရန္ကုန္ကေပးပို႔တဲ့သတင္းကို နန္းေလာဝ္က တင္ျပေပးထားပါတယ္။

မႏၲေလၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္က ေက်ာက္ဝိုင္းအတြင္း ဒီဇင္ဘာ ၂၉ ရက္ ဒီေန႔ မနက္ ၅ နာရီေလာက္မွာ ေပါက္ကြဲမႈတခုျဖစ္ခဲ့တယ္လို႔ အနီးအနား ေနထိုင္သူတဦးက ေျပာပါတယ္။

“ကြဲတာက ၅ နာရီ ၁၀ မိနစ္ကြက္တိခင္ဗ်။ ေက်ာက္ဝိုင္းအေနာက္ဘက္က အဲ့နားေလးလို႔ ေျပာတယ္။ အထိအခိုက္ေတာ့ မရွိဘူးတဲ့။ သူက သတိေပးတဲ့ ပုံစံမ်ိဳးပါ အျပင္းစားႀကီးမဟုတ္ဘူး။ အသံဗုံးပုံ စီမ်ိဳးခြဲတာဗ်။ ပ်က္စီးဆုံးရႈံးမႈ မေတြ႔ဘူးဗ်။ ဘာမွႀကီးႀကီးမားမား ပ်က္စီးတာ မၾကားလည္း မၾကားဘူး။ က်ေနာ္တို႔လည္း အဲ့ေက်ာက္ဝိုင္းဘက္က မနက္က သြားၾကည့္ေတာ့ ဘာမွပ်က္စီးတာလည္း မရွိဘူး။ လုံၿခဳံးေရးတင္းၾကပ္တာ မရွိဘူးဗ်။ ဘာမွမရွိဘူး။ မနက္က က်ေနာ္တို႔ ပုံမွန္အတိုင္းပဲ ေက်ာက္ဝိုင္းသြားေတာ့ ဒီတိုင္းပဲ လုပ္ေနၾကတာပဲ။ ဘာအေစာင့္အေရွာက္ေတြ အေစာင့္ေတြ ဘာေတြလည္း မရွိဘူး။”

ေပါက္ကြဲမႈေၾကာင့္ လူအထိအခိုက္ အပ်က္အစီး မရွိဘူးလို႔ ေျပာပါတယ္။ ဒီေက်ာက္ဝိုင္းမွာ ဗုံးေပါက္ကြဲမႈ ျဖစ္ပြားတာ ၄ ႀကိမ္ထက္မနည္း ရွိသြားၿပီးလို႔လည္း ေျပာပါတယ္။

ဒီကေန႔ မနက္အေစာပိုင္းကပဲ ရန္ကုန္ အင္းစိန္ၿမိဳ႕နယ္ ေအာက္မဂၤလာဒုံလမ္းမေပၚရွိ ႐ြာမရဲစခန္းမွာ ေပါက္ကြဲမႈတခုျဖစ္တယ္လို႔ အနီးအနား ေနထိုင္သူတဦးက ေျပာပါတယ္။

“မနက္ကေတာ့ အဲ့လို အိပ္ယာႏိုးခါနီးမွာ အသံေတာ့ ၾကားလိုက္တယ္၊ ဘုံး…ဆိုၿပီ အသံအက်ယ္ႀကီး ၾကားလိုက္တာ အဲ့တခ်က္ေတာ့ ၾကားလိုက္တယ္။”

ေပါက္ကြဲမႈအတြင္း ထိခိုက္ဒဏ္ရာရတဲ့ အေျခအေနကို မသိရေသးလို႔ ေျပာပါတယ္။ အာဏာသိမ္းၿပီးေနာက္ဖြဲတဲ့ ေဒသတြင္း လက္နက္ကိုင္အဖြဲ႕ႏွစ္ဖြဲ႕ကေတာ့အင္းစိန္ၿမိဳ႕နယ္ ႐ြာမရဲစခန္းကို ဒီကေန႔ မနက္ပိုင္းက M79 40 mm ဗုံးသီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ဒီေန႔ မနက္ ၁၀ နာရီခြဲေလာက္မွာလည္း ရန္ကုန္ၿမိဳ႕လယ္ ပန္းဆိုးတန္းလမ္းမရွိ ျမန္မာ့စီးပြားေရးဘဏ္ (၁) ေရွ႕မွာလည္း ေပါက္ပြဲမႈတခုျဖစ္ပြားခဲ့ပါတယ္။ ဒီလို ေပါက္ကြဲမႈျဖစ္အၿပီးမွာ စစ္ေကာင္စီက လမ္းေတြ ပိတ္ဆို႔ လမ္းသြားလမ္းလာေတြကို စစ္ေဆးေနတာလို႔လည္း ေဒသခံေတြက ေျပာျပပါတယ္။

ဒီဇင္ဘာ ၂၈ ရက္ ညပိုင္းတုန္းကလည္း ရန္ကုန္ ေနရာတခ်ိဳ႕ ေပါက္ကြဲမႈေတြ ျဖစ္ပြားခဲ့ပါတယ္။

ၾကည့္ျမင္တိုင္မွာ ေနထိုင္တဦးကေတာ့ မေန႔ညက ေပါက္ကြဲအသံၾကားရတဲ့အေၾကာင္း အခုလို ေျပာပါတယ္။

“ညက ၁၁ နာရီ ၄၃ ေလာက္ကေတာ့ အသံတခုေတာ့ ၾကားလိုက္တယ္ဗ်။ ဘယ္က ၾကားရမွန္းေတာ့ က်ေနာ္လည္း အေသအခ်ာေတာ့ မသိလိုက္ဘူး။ ၁၁ နာရီ ၄၃ နာရီေတာ့ ၾကည့္မိလိုက္က္တယ္။ အဲ့ဒီတခါပဲ ၾကားလိုက္တာဟုတ္။”

ဒါ့အျပင္ သဃၤန္းကြၽန္းၿမိဳ႕နယ္ လႈိင္ၿမိဳ႕နယ္နဲ႔ တာေမြေက်ာက္ေျမာင္းဘက္လည္း မေန႔ညက ေပါက္ပြဲမႈျဖစ္ပြားခဲ့တယ္လို႔ ေဒသသတင္းေတြ ေဖာ္ျပေပမယ့္ ဗြီအိုေအက အတည္ျပဳလို႔ မရေသးဘူး။

ျမန္မာစစ္ေကာင္စီကေတာ့ အခုလို ဗုံးခြဲတိုက္ခိုက္မႈေတြဟာ NUG နဲ႔ PDF ေတြက တိုင္းျပည္မၿငိမ္မသက္ျဖစ္ေအာင္ လုပ္ေဆာင္ေနတယ္လို႔ဆိုသလို ဖမ္းဆီးမႈေတြလည္း ဆက္တိုက္လုပ္ေနပါတယ္။

============

[[Unicode]]

ရန်ကုန်မန္တလေးနေရာတချို့ ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်နဲ့ မန္တလေးနေရာတချို့မှာ ဒီကနေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေ အကြမ်းဖက်နှိပ်ကွပ်ခံရပြီးတဲ့နောက် လက်နက်ကိုင်ခုခံမှုတွေ၊ ဗုံးခွဲတိုက်ခိုက်မှုတွေဟာ မြို့ကြီးတွေအပါအဝင် မြန်မာနိုင်ငံနေရာအနှံအပြားမှာ ဒီနေ့အထိ ဆက်ရှိနေပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

မန္တလေမြို့ မဟာအောင်မြေမြို့နယ်က ကျောက်ဝိုင်းအတွင်း ဒီဇင်ဘာ ၂၉ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့တယ်လို့ အနီးအနား နေထိုင်သူတဦးက ပြောပါတယ်။

“ကွဲတာက ၅ နာရီ ၁၀ မိနစ်ကွက်တိခင်ဗျ။ ကျောက်ဝိုင်းအနောက်ဘက်က အဲ့နားလေးလို့ ပြောတယ်။ အထိအခိုက်တော့ မရှိဘူးတဲ့။ သူက သတိပေးတဲ့ ပုံစံမျိုးပါ အပြင်းစားကြီးမဟုတ်ဘူး။ အသံဗုံးပုံ စီမျိုးခွဲတာဗျ။ ပျက်စီးဆုံးရှုံးမှု မတွေ့ဘူးဗျ။ ဘာမှကြီးကြီးမားမား ပျက်စီးတာ မကြားလည်း မကြားဘူး။ ကျနော်တို့လည်း အဲ့ကျောက်ဝိုင်းဘက်က မနက်က သွားကြည့်တော့ ဘာမှပျက်စီးတာလည်း မရှိဘူး။ လုံခြုံးရေးတင်းကြပ်တာ မရှိဘူးဗျ။ ဘာမှမရှိဘူး။ မနက်က ကျနော်တို့ ပုံမှန်အတိုင်းပဲ ကျောက်ဝိုင်းသွားတော့ ဒီတိုင်းပဲ လုပ်နေကြတာပဲ။ ဘာအစောင့်အရှောက်တွေ အစောင့်တွေ ဘာတွေလည်း မရှိဘူး။”

ပေါက်ကွဲမှုကြောင့် လူအထိအခိုက် အပျက်အစီး မရှိဘူးလို့ ပြောပါတယ်။ ဒီကျောက်ဝိုင်းမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားတာ ၄ ကြိမ်ထက်မနည်း ရှိသွားပြီးလို့လည်း ပြောပါတယ်။

ဒီကနေ့ မနက်အစောပိုင်းကပဲ ရန်ကုန် အင်းစိန်မြို့နယ် အောက်မင်္ဂလာဒုံလမ်းမပေါ်ရှိ ရွာမရဲစခန်းမှာ ပေါက်ကွဲမှုတခုဖြစ်တယ်လို့ အနီးအနား နေထိုင်သူတဦးက ပြောပါတယ်။

“မနက်ကတော့ အဲ့လို အိပ်ယာနိုးခါနီးမှာ အသံတော့ ကြားလိုက်တယ်၊ ဘုံး…ဆိုပြီ အသံအကျယ်ကြီး ကြားလိုက်တာ အဲ့တချက်တော့ ကြားလိုက်တယ်။”

ပေါက်ကွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို မသိရသေးလို့ ပြောပါတယ်။ အာဏာသိမ်းပြီးနောက်ဖွဲတဲ့ ဒေသတွင်း လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ကတော့အင်းစိန်မြို့နယ် ရွာမရဲစခန်းကို ဒီကနေ့ မနက်ပိုင်းက M79 40 mm ဗုံးသီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီနေ့ မနက် ၁၀ နာရီခွဲလောက်မှာလည်း ရန်ကုန်မြို့လယ် ပန်းဆိုးတန်းလမ်းမရှိ မြန်မာ့စီးပွားရေးဘဏ် (၁) ရှေ့မှာလည်း ပေါက်ပွဲမှုတခုဖြစ်ပွားခဲ့ပါတယ်။ ဒီလို ပေါက်ကွဲမှုဖြစ်အပြီးမှာ စစ်ကောင်စီက လမ်းတွေ ပိတ်ဆို့ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတာလို့လည်း ဒေသခံတွေက ပြောပြပါတယ်။

ဒီဇင်ဘာ ၂၈ ရက် ညပိုင်းတုန်းကလည်း ရန်ကုန် နေရာတချို့ ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ကြည့်မြင်တိုင်မှာ နေထိုင်တဦးကတော့ မနေ့ညက ပေါက်ကွဲအသံကြားရတဲ့အကြောင်း အခုလို ပြောပါတယ်။

“ညက ၁၁ နာရီ ၄၃ လောက်ကတော့ အသံတခုတော့ ကြားလိုက်တယ်ဗျ။ ဘယ်က ကြားရမှန်းတော့ ကျနော်လည်း အသေအချာတော့ မသိလိုက်ဘူး။ ၁၁ နာရီ ၄၃ နာရီတော့ ကြည့်မိလိုက်က်တယ်။ အဲ့ဒီတခါပဲ ကြားလိုက်တာဟုတ်။”

ဒါ့အပြင် သင်္ဃန်းကျွန်းမြို့နယ် လှိုင်မြို့နယ်နဲ့ တာမွေကျောက်မြောင်းဘက်လည်း မနေ့ညက ပေါက်ပွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသသတင်းတွေ ဖော်ပြပေမယ့် ဗွီအိုအေက အတည်ပြုလို့ မရသေးဘူး။

မြန်မာစစ်ကောင်စီကတော့ အခုလို ဗုံးခွဲတိုက်ခိုက်မှုတွေဟာ NUG နဲ့ PDF တွေက တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်နေတယ်လို့ဆိုသလို ဖမ်းဆီးမှုတွေလည်း ဆက်တိုက်လုပ်နေပါတယ်။

#MyanmarViolence #MyanmarBoming #VOABurmese

============

XS
SM
MD
LG