သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN Smart City ထူထောင်ရေး စီမံကိန်း မြန်မာ ၃ မြို့ပါဝင်


အမေရိကန်ဒုသမ္မတ Pence က ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ Smart Cities ထူထောင်ရေး ကမ်းလှမ်းစဉ်။
အမေရိကန်ဒုသမ္မတ Pence က ၃၃ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ Smart Cities ထူထောင်ရေး ကမ်းလှမ်းစဉ်။

အမေရိကန်ဒုသမ္မတ မိုက်ပန့်စ်က သမ္မတဒေါ်နလ်ထရမ့်အစိုးရအနေနဲ့ အရှေ့တောင်အာရှရဲ့ ဒီဂျစ်တလ်နဲ့ မြို့ပြအခြေခံ ယန္တယားစီမံကိန်း ဖွံ့ဖြိုးရေးကို အထောက်အကူပေးသွားမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။ အမေရိကန်-အာဆီယံ Smart Cities မိတ်ဖက်ဆောင်ရွက်ချက်အသစ်ကို စင်္ကာပူနိုင်ငံမှာကျင်းပတဲ့ အမေရိကန် အာဆီယံထိပ်သီးညီလာခံမှာကြောညာခဲ့တာပါ။

ဒီကြိုးပမ်းမှုအရ အရှေ့ တောင်အာရှမှာ ဒစ်ဂျစ်တလ် အခြေခံယန္တယားအဆောက်အဦး ဖွံ့ဖြိုး တိုးတက်မှုနဲ့ လုံခြုံမှုအတွက် အမေရိကန်က ရင်းနှီး မြှုပ်နှံမှုတွေထပ်ပြီးလုပ်ဆောင်သွားမှာပါ။ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်တဲ့စင်္ကာပူက ၂၀၁၈ ဧပြီလအတွင်း အရှေ့တောင် အာရှမှာ Smart Cities မြို့ပေါင်း ၂၆ မြို့ပါဝင်မယ့် ကွန်ယက် ဖန်တီးရေးကို အဆိုပြုခဲ့တာပါ။

အမေရိကန်အာဆီယံ Smart Cities မိတ်ဖက်လုပ်ဆောင်ချက်မှာ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ မြို့ပြ ဒီဂျစ်တလ် အခြေခံ ယန္တယား အဆောက်အဦးဖွံ့ဖြိုးမှုမှာ အင်တာနက်အသုံးပြုငွေပေးချေတဲ့ စနစ်တွေ ကအစ ခရီးသွားလုပ်ငန်းနဲ့ သယ်ယူ ပို့ဆောင်ရေးစနစ်တွေမှာလည်း ဒီဂျစ်တလ်စနစ်ကိုအသုံးပြုပြီး လုပ်ဆောင် နိုင်အောင် အမေရိကန်ဘက်က ရင်းနှီးမြှုပ်နှံ ပြီးဆောင်ရွက်သွားမှာပါ။

အရှေ့တောင်အာရှ Smart Cities ကွန်ယက်မှာ မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးနဲ့ နေပြည် တော်မြို့ တွေ အပြင် တခြားအရှေ့တောင်အာရှကမြို့ကြီးတွေဖြစ်ကြတဲ့ ဘန်ကောက်၊ ဂျကာတာ၊ ဟနွိုင်း၊ ဟိုချီမင်း၊ ကွာလာလမ်ပူ၊ ဖနွမ်းပင်၊ မနီလာ၊ ဗီယက်ကျင်းမြို့တွေလည်းပါဝင်ကြပါတယ်။

ASEAN Smart City ထူထောင်ရေး စီမံကိန်း မြန်မာ ၃ မြို့ပါဝင်
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG