သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ ကမ္ဘာ့လုံခြုံမှုရှိတဲ့ မြို့ကြီး ၆၀ စာရင်း ရန်ကုန် အဆင့် ၅၉

ရန်ကုန်မြို့တော်မြင်ကွင်း
ရန်ကုန်မြို့တော်မြင်ကွင်း

၂၀၁၇ ခုနှစ်အတွက် ကမ္ဘာပေါ်က လုံခြုံမှုရှိတဲ့ မြို့ကြီးများစာရင်းမှာ နိုင်ငံပေါင်း ၆၀ ဖော်ပြထားတဲ့အနက် မြန်မာနိုင်ငံကရန်ကုန်မြို့ဟာ နံပါတ် ၅၉ မှာရှိနေပါတယ်။ The economic မဂ္ဂဇင်းရဲ့ သုတေသနပြုချက်မှာ Digital security လို့ခေါ်တဲ့ ဆိုင်ဗာ လုံခြုံမှု၊ကျန်းမာရေးစိတ်ချရမှု၊ အခြေခံအဆောက်အအုံ ခိုင်လုံစိတ်ချရမှု၊ လူပုဂ္ဂိုလ်လုံခြုံမှု စတာတွေကို အခြေခံပြီးပြုလုပ်ထားတာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ဟာ ကမ္ဘာ့မြို့ကြီး ၆၀ အနက် အောက်ဆုံးမရောက်ခင် နံပါတ် ၅၉ မှာရှိနေပြီး ရန်ကုန်မြို့ရဲ့အောက်မှာတော့ ပါကစ္စတန်နိုင်ငံ၊ ကရာချိမြို့က နံပါတ် ၆၀ နဲ့ အောက်ဆုံးမှာ ရှိနေပါတယ်။ ရန်ကုန်မြို့ရဲ့အထက် နံပါတ် ၅၈ ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့မြို့တော် Dhaka ဖြစ်ပြီး အင်ဒိုနီးရှားမြို့တော် ဂျကာတာကတော့ ၅၇ မှာရှိနေပါတယ်။

လုံခြုံမှုအရှိဆုံးမြို့တွေရဲ့စာရင်းမှာ နံပါတ် ၁ ကတော့ ဂျပန်နိုင်ငံ၊ တိုကျို မြို့တော် ဖြစ်ပါတယ်။ နံပါတ် ၂ လုံခြုံမှုအရှိဆုံးဟာ စင်္ကာပူဖြစ်ပြီး နံပါတ် ၃ ကတော့ ဂျပန်နိုင်ငံက အိုဆာကာ မြို့ဖြစ်ပါတယ်။

please wait

No media source currently available

0:00 0:10:12 0:00
တိုက်ရိုက် လင့်ခ်

This item is part of
XS
SM
MD
LG