သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ ေျမနီကုန္းပစ္ခတ္မႈျဖစ္ရပ္ လူငယ္ေလးဦးေသဆုံး 


ေျမနီကုန္းျဖစ္စဥ္မွာ ေသဆံုးခဲ့သူ သူနာျပဳ ခင္ခင္ႂကြယ္နဲ႔ ေဒါက္တာဇင္လင္း (Photo Credit: fb)

Zawgyi/Unicode

ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းကတိုက္ခန္းတခုကို စက္တင္ဘာလ၂၅ ရက္ မနက္ ၁ နာရီေက်ာ္မွာ စစ္ေကာင္စီဘက္က ရွာေဖြစီနင္းခဲ့ရာမွာ အျပန္အလွန္ပစ္ခတ္မႈေၾကာင့္ ႏွစ္ဘက္လုံးမွာ ေသဆုံးမႈေတြရွိတယ္လို႔ မႈခင္းရဲတပ္ဖြဲ႕အစီရင္ခံစာ လူမႈကြန္ယက္မွာ ျပန႔္ႏွံခဲ့ပါတယ္။ တက္ႂကြလႈပ္ရွားသူေတြကေတာ့ ဒီလူငယ္ေလးဦးဟာ တိုက္ေပၚက ဆြဲခ်ခံရၿပီး လမ္းေပၚပစ္သတ္ခံရတာလို႔ ေျပာၾကပါတယ္။ ျဖစ္စဥ္အေသးစိတ္နဲ႔ပတ္သက္လို႔ ႏွစ္ဘက္ေျပာဆိုရာမွာ ကြဲလြဲမႈတခ်ိဳ႕ရွိေနတဲ့အေၾကာင္း ဗြီအိုေအသတင္းေထာက္မေအးေအးမာ သတင္းေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး စမ္းေခ်ာင္းၿမိဳ႕နယ္၊ ေျမနီကုန္းမွာစစ္ေကာင္စီဘက္က ဝင္ေရာက္ရွာေဖြတုန္း အျပန္ အလွန္ပစ္ခတ္ရင္းနဲ႔ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီးတဦးတု႔ိ ေသဆုံးၿပီး စစ္ေကာင္စီဘက္က လုံၿခဳံေရးတပ္ သား ၃ ဦးေသဆုံးခဲ့တယ္လို႔ မႈခင္းရဲတပ္ဖြဲ႕အစီရင္ခံစာ လူမူ႔ကြန္ယက္မွာျပန႔္ႏွံခဲ့ပါတယ္။ ဒါဟာ ရဲတပ္ဖြဲ႕ရဲ႕လွ်ိဳ႕ဝွက္အဆင့္ သတ္မွတ္ခ်က္ပါ ပုံမွန္ျဖစ္ရပ္အစီရင္ခံစာျဖစ္တယ္လို႔ နီးစပ္သူတဦးက VOA ကိုအတည္ျပဳေျပာပါတယ္။ ျဖစ္ပြားစဥ္ၾကားရတဲ့ ပစ္ခတ္သံေတြဟာ တိုက္ပြဲတခုလိုပဲလို႔ အနီးအနားၾကားရသူေတြက VOA ကို ေျပာပါတယ္။

ေခတ္သစ္ သတင္းမီဒီယာက ေဖာ္ျပတဲ့ ႐ုပ္သံဖိုင္တခုမွာေတာ့ လမ္းမေပၚ ပစ္ခတ္သံေတြၾကားရၿပီး လမ္းမေပၚ လဲက်ေနတဲ့လူငယ္ေတြကို လုံၿခဳံေရးတပ္သားေတြက ကန္ေက်ာက္ေနတာ ေတြ႕ရပါတယ္။ ဒါေၾကာင့္ ရဲအစီရင္ခံစာမွာပါသလို အရပ္သားေသဆုံးသူ ၄ ဦးဟာ တိုက္ပြဲပစ္ခတ္စဥ္ ေသဆုံးတာလား၊ ေခတ္သစ္မီဒီယာက ေရးသလို တိုက္ခန္းေပၚကဆြဲခ်ၿပီးမွ လမ္းမေပၚမွာပစ္သတ္တာလားဆိုတာဟာ ကြဲလြဲမႈျဖစ္ေနပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ ဒီျဖစ္ရပ္နဲ႔ပတ္သက္လို႔ တရားဝင္ထုတ္ျပန္ေျပာဆိုတာမ်ိဳး မရွိေသးပါဘူး။

ေဆးတကၠသိုလ္ ၁ ေက်ာင္းသားသမဂၢ ထုတ္ျပန္ခ်က္၊ သူနာျပဳတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢတို႔ ကေတာ့ အရပ္သားေသဆုံးသူ ၄ ဦးထဲ ေဒါက္တာဇင္လင္းနဲ႔ သူနာျပဳမခင္ခင္ႂကြယ္တို႔ပါဝင္တယ္လို႔ စက္တင္ဘာလ ၂၈ ရက္ေန႔နဲ႔ ၂၉ ရက္ေန႔ေတြမွာ အသီးသီးထုတ္ျပန္ခ်က္ထုတ္ခဲ့ပါတယ္။ သူနာျပဳတကၠသိုလ္ေက်ာင္းသားမ်ားသမဂၢက တာဝန္ရွိသူေက်ာင္းသားတဦးကေတာ့ ဒီျဖစ္စဥ္မွာ လူငယ္ေတြကို တိုက္ခန္းေပၚက ဆြဲခ်ၿပီးမွ သတ္ျဖတ္ခဲ့တာလို႔ ေျပာပါတယ္။

“သူနာျပဳ မခင္ခင္ႂကြယ္ေသဆုံးမႈနဲ႔ပတ္သက္လို႔ ၂၅ ရက္ေန႔မနက္ ၁ နာရီေလာက္မွာ စစ္ေကာင္စီက တိုက္ ခန္းပၚကေန ဆြဲခ်ၿပီး သတ္ျဖတ္တာကိုခံခဲ့ရတယ္။ အမက အိမ္မွာေသဆုံးခဲ့တာမဟုတ္ဘူး။ တိုက္အျပင္ကိုထုတ္ၿပိးမွ သတ္ျဖတ္ခံရတာ ဟုတ္ပါတယ္။ ေႏြဦးေတာ္လွန္ေရးမွာ ဘယ္လို ပါဝင္ခဲ့လဲဆိုရင္ သူဟာ အာဏာသိမ္းၿပီးကတည္းက အိမ္မွာမေနေတာ့ဘဲ Medical Cover အေနနဲ႔လည္း ပါဝင္ပါတယ္။ Defence အဖြဲ႕မွာလည္း ပါဝင္ပါတယ္။ သူတို႔ပါဝင္ခဲ့တဲ့အဖြဲ႕က အေတာ္မ်ားမ်ားက မိၿပီးေတာ့အမက ေရွာင္တိမ္းေနရခ်ိန္မွာ စစ္ေကာင္စီရဲ႕သတ္ျဖတ္ျခင္းကိုခံခဲ့ရတာျဖစ္တယ္လို႔ က်ေနာ္တို႔အၾကမ္းဖ်င္းသိရပါတယ္။”

လူမႈကြန္ယက္မွာျပန႔္ႏွံ႔ေနတဲ့ ရဲအစီရင္ခံစာမွာေတာ့ ႏွစ္ဘက္ အျပန္အလွန္ပစ္ခတ္ၿပီး အမ်ိဳးသား ၃ ဦး၊အမ်ိဳးသမီး ၁ ဦး ေနအိမ္မွာ ေသဆုံးေၾကာင္းေရးသားထားေပမယ့္ အရပ္သားေသဆုံးသူေတြဟာ ဘယ္သူေတြဆိုတာ ေဖာ္ျပတာမရွိပါဘူး။ ဒါေပမယ့္ ေသဆုံးတဲ့ စစ္ေကာင္စီတပ္ဖြဲဝင္ ၃ ဦးကိုေတာ့ အမည္၊ ရာထူးနဲ႔တကြ ေဖာ္ျပထားပါတယ္။ အစီရင္ခံစာပါ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေသဆုံးသူ သုံးဦးေဖာ္ျပရာမွာ၊ ေသဆုံးတဲ့တပ္ႀကီးႀကီးတဦးေသဆုံးတာအမွန္ျဖစ္ေၾကာင္း VOA က အတည္ျပဳႏိုင္ပါတယ္။

လမ္းေပၚပစ္ခတ္ေနတဲ့ ႐ုပ္သံဖိုင္တင္ထားတဲ့ ေခတ္သစ္သတင္းမီဒီယာကေတာ့ ဆရာဝန္တဦးနဲ႔သူနာျပဳတဦးအပါအဝင္ လူငယ္ေတြသတ္ျဖတ္ခံရတာကိုသာ အတည္ျပဳထုတ္ျပန္ခဲ့ၿပီး စစ္ေကာင္စီဘက္က တပ္သားေတြ ေသဆုံးတယ္ဆိုတာ တိက်တဲ့သတင္းမရဘူးလို႔ ေျပာပါတယ္။

ဒီ႐ုပ္သံသတင္းရင္းျမစ္ဟာဘယ္ေလာက္ထိခိုင္မာတိက်ရွိပါသလဲလို႔ ေခတ္သစ္မီဒီယာအယ္ဒီတာခ်ဳပ္ကိုသာလြန္ေဇာင္းထက္ကိုေမးၾကည့္တဲ့အခါအခုလိုေျပာပါတယ္။

“ျပည္သူေတြကေပးပို႔လာတဲ့ ဗြီဒီယိုေတြရွိလာတယ္။ network ေတြကေနေပးပို႔လာတဲ့သတင္းအခ်က္အလက္ေတြရွိလာတယ္။ တကယ္ေတာ့ အဲဒီ video ဟာ သတင္းရင္းျမစ္ Source၂ ခုေလာက္ကေန ပုံစံအမ်ိဳးမ်ိဳးကို ရရွိတာကို က်ေနာ္ရထားတယ္။ ရထားတာကို ျပန္ေပါင္းၿပီးစီစစ္လိုက္ေတာ့ လူငယ္ ၃ ေယာက္ကို လမ္းမေပၚမွာပစ္သတ္တယ္။ ေသနတ္သံကို ပီပီသသၾကားရတယ္။ လူငယ္ေတြကေသြးအိုင္ထဲမွာလဲေနတာကို စစ္ဖိနပ္နဲ႔ေလးခ်က္ ငါးခ်က္ေလာက္ ပလက္ေဖာင္းနဲ႔ေခါင္းနဲ႔ တိုက္ၿပီး ကန္ေက်ာက္ေနတာေတြကိုလည္းေတြ႕ရတယ္။”

သတ္ျဖတ္ခံရတယ္လို႔စြတ္စြဲခံထားရတဲ့လူငယ္ ၄ ဦးလုံးဟာဘယ္သူေတြျဖစ္တယ္ဆိုတာကို ေခတ္သစ္မီဒီယာသိရွိေပမယ့္ ေဒါက္တာဇင္လင္းနဲ႔ သူနာျပဳမခင္ခင္ႂကြယ္ကိုသာ အတည္ျပဳေဖာ္ျပခဲ့ၿပီး ေနာက္ထပ္၂ ဦးနဲ႔ ပတ္သက္လို႔ မိသားစုခြင့္ျပဳခ်က္မရတဲ့အတြက္ ေဖာ္ျပတာမလုပ္ခဲ့ဘူးလို႔လည္း ကိုသာလြန္ေဇာင္းထက္ကေျပာျပပါတယ္။

ႏိုင္ငံတကာနဲ႔ သတင္းသမားေတြသိရွိေအာင္ သတင္းေတြထုတ္ျပန္ေလ့ရွိတဲ့ MRTV ျမန္မာ့အသံနဲ႔ ျမဝတီသတင္းေတြမွာလည္း အခုခ်ိန္ထိ ဒီသတင္းကိုေဖာ္ျပတာတာေတြေတာ့မရွိေသးတာကေတာ့ ထူးျခားပါတယ္လို႔ ကိုသာလြန္ေဇာင္းထက္ကဆိုပါတယ္။

“စစ္ေကာင္စီမီဒီယာ၊ ျမန္မာ့အသံတို႔မွာ သတင္းထုတ္ျပန္တာမရွိဘူး။ ေၾကးမုံတို႔၊ ျမန္မာ့အလင္းေတြမွာ ထုတ္ျပန္တာမရွိဘူး။”

ဒီသတင္းနဲ႔ပတ္သက္လို႔ စစ္ေကာင္စီဘက္ကတာဝန္ရွိသူေတြကို ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ဆက္သြယ္လို႔ မရခဲ့ပါဘူး။

စစ္အာဏာသိမ္းၿပီးေနာက္ လတ္တေလာျဖစ္ေပၚလ်က္ရွိတဲ့အေျခအေနမ်ားနဲ႔ပတ္သက္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ားကူညီေစာင့္ေရွာက္ေရးအဖြဲ႕AAPP ကလည္း စက္တင္ဘာလ ၂၈ ရက္ေန႔က သတင္းထုတ္ျပန္ရာမွာေတာ့ စစ္ေကာင္စီဘက္က လူငယ္ ေလးဦးကို တိုက္ခန္းေပၚကဆြဲခ်ခဲ့ၿပီး လမ္းေပၚတြင္ ညႇဥ္းပန္းႏွိပ္စက္ၿပီး သတ္ျဖတ္ခဲ့ေၾကာင္း သတ္ျဖတ္ျခင္းခံရသူမ်ားထဲမွာ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) ျပဳလုပ္ထားတဲ့ ေစတနာ့ဝန္ထမ္း ဆရာဝန္ ေဒါက္တာဇင္လင္းနဲ႔ ရန္ကုန္ကုတင္ ၅၀၀ ေဆး႐ုံႀကီးမွ သူနာျပဳဆရာမ မခင္ခင္ႂကြယ္တို႔ ပါဝင္တယ္လို႔ထုတ္ျပန္ထားပါတယ္။ AAPP စာရင္းအရဆိုရင္ေတာ့ စစ္တပ္ကအာဏာသိမ္းၿပီးေနာက္ပိုင္း သတ္ျဖတ္ခံရသူ ၁,၁၄၆ ဦး ရွိသြားၿပီလို႔ ေဖာ္ျပထားပါတယ္။ စစ္ေကာင္စီဘက္ကေတာ့ AAPP စာရင္းေတြဟာ ခ်ဲ႕ကားထားတယ္လို႔ ယခင္က တုံ႔ျပန္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္


---------

Zawgyi/Unicode

ရန်ကုန် မြေနီကုန်းပစ်ခတ်မှုဖြစ်ရပ် လူငယ်လေးဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းကတိုက်ခန်းတခုကို စက်တင်ဘာလ၂၅ ရက် မနက် ၁ နာရီကျော်မှာ စစ်ကောင်စီဘက်က ရှာဖွေစီနင်းခဲ့ရာမှာ အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဘက်လုံးမှာ သေဆုံးမှုတွေရှိတယ်လို့ မှုခင်းရဲတပ်ဖွဲ့အစီရင်ခံစာ လူမှုကွန်ယက်မှာ ပြန့်နှံခဲ့ပါတယ်။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီလူငယ်လေးဦးဟာ တိုက်ပေါ်က ဆွဲချခံရပြီး လမ်းပေါ်ပစ်သတ်ခံရတာလို့ ပြောကြပါတယ်။ ဖြစ်စဉ်အသေးစိတ်နဲ့ပတ်သက်လို့ နှစ်ဘက်ပြောဆိုရာမှာ ကွဲလွဲမှုတချို့ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက်မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်၊ မြေနီကုန်းမှာစစ်ကောင်စီဘက်က ဝင်ရောက်ရှာဖွေတုန်း အပြန် အလှန်ပစ်ခတ်ရင်းနဲ့ အမျိုးသား ၃ ဦး၊ အမျိုးသမီးတဦးတု့ိ သေဆုံးပြီး စစ်ကောင်စီဘက်က လုံခြုံရေးတပ် သား ၃ ဦးသေဆုံးခဲ့တယ်လို့ မှုခင်းရဲတပ်ဖွဲ့အစီရင်ခံစာ လူမူ့ကွန်ယက်မှာပြန့်နှံခဲ့ပါတယ်။ ဒါဟာ ရဲတပ်ဖွဲ့ရဲ့လျှို့ဝှက်အဆင့် သတ်မှတ်ချက်ပါ ပုံမှန်ဖြစ်ရပ်အစီရင်ခံစာဖြစ်တယ်လို့ နီးစပ်သူတဦးက VOA ကိုအတည်ပြုပြောပါတယ်။ ဖြစ်ပွားစဉ်ကြားရတဲ့ ပစ်ခတ်သံတွေဟာ တိုက်ပွဲတခုလိုပဲလို့ အနီးအနားကြားရသူတွေက VOA ကို ပြောပါတယ်။

ခေတ်သစ် သတင်းမီဒီယာက ဖော်ပြတဲ့ ရုပ်သံဖိုင်တခုမှာတော့ လမ်းမပေါ် ပစ်ခတ်သံတွေကြားရပြီး လမ်းမပေါ် လဲကျနေတဲ့လူငယ်တွေကို လုံခြုံရေးတပ်သားတွေက ကန်ကျောက်နေတာ တွေ့ရပါတယ်။ ဒါကြောင့် ရဲအစီရင်ခံစာမှာပါသလို အရပ်သားသေဆုံးသူ ၄ ဦးဟာ တိုက်ပွဲပစ်ခတ်စဉ် သေဆုံးတာလား၊ ခေတ်သစ်မီဒီယာက ရေးသလို တိုက်ခန်းပေါ်ကဆွဲချပြီးမှ လမ်းမပေါ်မှာပစ်သတ်တာလားဆိုတာဟာ ကွဲလွဲမှုဖြစ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။

ဆေးတက္ကသိုလ် ၁ ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက်၊ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂတို့ ကတော့ အရပ်သားသေဆုံးသူ ၄ ဦးထဲ ဒေါက်တာဇင်လင်းနဲ့ သူနာပြုမခင်ခင်ကြွယ်တို့ပါဝင်တယ်လို့ စက်တင်ဘာလ ၂၈ ရက်နေ့နဲ့ ၂၉ ရက်နေ့တွေမှာ အသီးသီးထုတ်ပြန်ချက်ထုတ်ခဲ့ပါတယ်။ သူနာပြုတက္ကသိုလ်ကျောင်းသားများသမဂ္ဂက တာဝန်ရှိသူကျောင်းသားတဦးကတော့ ဒီဖြစ်စဉ်မှာ လူငယ်တွေကို တိုက်ခန်းပေါ်က ဆွဲချပြီးမှ သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

“သူနာပြု မခင်ခင်ကြွယ်သေဆုံးမှုနဲ့ပတ်သက်လို့ ၂၅ ရက်နေ့မနက် ၁ နာရီလောက်မှာ စစ်ကောင်စီက တိုက် ခန်းပါ်ကနေ ဆွဲချပြီး သတ်ဖြတ်တာကိုခံခဲ့ရတယ်။ အမက အိမ်မှာသေဆုံးခဲ့တာမဟုတ်ဘူး။ တိုက်အပြင်ကိုထုတ်ပြိးမှ သတ်ဖြတ်ခံရတာ ဟုတ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ဘယ်လို ပါဝင်ခဲ့လဲဆိုရင် သူဟာ အာဏာသိမ်းပြီးကတည်းက အိမ်မှာမနေတော့ဘဲ Medical Cover အနေနဲ့လည်း ပါဝင်ပါတယ်။ Defence အဖွဲ့မှာလည်း ပါဝင်ပါတယ်။ သူတို့ပါဝင်ခဲ့တဲ့အဖွဲ့က အတော်များများက မိပြီးတော့အမက ရှောင်တိမ်းနေရချိန်မှာ စစ်ကောင်စီရဲ့သတ်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့ ကျနော်တို့အကြမ်းဖျင်းသိရပါတယ်။”

လူမှုကွန်ယက်မှာပြန့်နှံ့နေတဲ့ ရဲအစီရင်ခံစာမှာတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်ပြီး အမျိုးသား ၃ ဦး၊အမျိုးသမီး ၁ ဦး နေအိမ်မှာ သေဆုံးကြောင်းရေးသားထားပေမယ့် အရပ်သားသေဆုံးသူတွေဟာ ဘယ်သူတွေဆိုတာ ဖော်ပြတာမရှိပါဘူး။ ဒါပေမယ့် သေဆုံးတဲ့ စစ်ကောင်စီတပ်ဖွဲဝင် ၃ ဦးကိုတော့ အမည်၊ ရာထူးနဲ့တကွ ဖော်ပြထားပါတယ်။ အစီရင်ခံစာပါ လုံခြုံရေးတပ်ဖွဲ့ဝင် သေဆုံးသူ သုံးဦးဖော်ပြရာမှာ၊ သေဆုံးတဲ့တပ်ကြီးကြီးတဦးသေဆုံးတာအမှန်ဖြစ်ကြောင်း VOA က အတည်ပြုနိုင်ပါတယ်။

လမ်းပေါ်ပစ်ခတ်နေတဲ့ ရုပ်သံဖိုင်တင်ထားတဲ့ ခေတ်သစ်သတင်းမီဒီယာကတော့ ဆရာဝန်တဦးနဲ့သူနာပြုတဦးအပါအဝင် လူငယ်တွေသတ်ဖြတ်ခံရတာကိုသာ အတည်ပြုထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က တပ်သားတွေ သေဆုံးတယ်ဆိုတာ တိကျတဲ့သတင်းမရဘူးလို့ ပြောပါတယ်။

ဒီရုပ်သံသတင်းရင်းမြစ်ဟာဘယ်လောက်ထိခိုင်မာတိကျရှိပါသလဲလို့ ခေတ်သစ်မီဒီယာအယ်ဒီတာချုပ်ကိုသာလွန်ဇောင်းထက်ကိုမေးကြည့်တဲ့အခါအခုလိုပြောပါတယ်။

“ပြည်သူတွေကပေးပို့လာတဲ့ ဗွီဒီယိုတွေရှိလာတယ်။ network တွေကနေပေးပို့လာတဲ့သတင်းအချက်အလက်တွေရှိလာတယ်။ တကယ်တော့ အဲဒီ video ဟာ သတင်းရင်းမြစ် Source၂ ခုလောက်ကနေ ပုံစံအမျိုးမျိုးကို ရရှိတာကို ကျနော်ရထားတယ်။ ရထားတာကို ပြန်ပေါင်းပြီးစီစစ်လိုက်တော့ လူငယ် ၃ ယောက်ကို လမ်းမပေါ်မှာပစ်သတ်တယ်။ သေနတ်သံကို ပီပီသသကြားရတယ်။ လူငယ်တွေကသွေးအိုင်ထဲမှာလဲနေတာကို စစ်ဖိနပ်နဲ့လေးချက် ငါးချက်လောက် ပလက်ဖောင်းနဲ့ခေါင်းနဲ့ တိုက်ပြီး ကန်ကျောက်နေတာတွေကိုလည်းတွေ့ရတယ်။”

သတ်ဖြတ်ခံရတယ်လို့စွတ်စွဲခံထားရတဲ့လူငယ် ၄ ဦးလုံးဟာဘယ်သူတွေဖြစ်တယ်ဆိုတာကို ခေတ်သစ်မီဒီယာသိရှိပေမယ့် ဒေါက်တာဇင်လင်းနဲ့ သူနာပြုမခင်ခင်ကြွယ်ကိုသာ အတည်ပြုဖော်ပြခဲ့ပြီး နောက်ထပ်၂ ဦးနဲ့ ပတ်သက်လို့ မိသားစုခွင့်ပြုချက်မရတဲ့အတွက် ဖော်ပြတာမလုပ်ခဲ့ဘူးလို့လည်း ကိုသာလွန်ဇောင်းထက်ကပြောပြပါတယ်။

နိုင်ငံတကာနဲ့ သတင်းသမားတွေသိရှိအောင် သတင်းတွေထုတ်ပြန်လေ့ရှိတဲ့ MRTV မြန်မာ့အသံနဲ့ မြဝတီသတင်းတွေမှာလည်း အခုချိန်ထိ ဒီသတင်းကိုဖော်ပြတာတာတွေတော့မရှိသေးတာကတော့ ထူးခြားပါတယ်လို့ ကိုသာလွန်ဇောင်းထက်ကဆိုပါတယ်။

“စစ်ကောင်စီမီဒီယာ၊ မြန်မာ့အသံတို့မှာ သတင်းထုတ်ပြန်တာမရှိဘူး။ ကြေးမုံတို့၊ မြန်မာ့အလင်းတွေမှာ ထုတ်ပြန်တာမရှိဘူး။”

ဒီသတင်းနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတာဝန်ရှိသူတွေကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်ဆက်သွယ်လို့ မရခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိတဲ့အခြေအနေများနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့AAPP ကလည်း စက်တင်ဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ရာမှာတော့ စစ်ကောင်စီဘက်က လူငယ် လေးဦးကို တိုက်ခန်းပေါ်ကဆွဲချခဲ့ပြီး လမ်းပေါ်တွင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း သတ်ဖြတ်ခြင်းခံရသူများထဲမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားတဲ့ စေတနာ့ဝန်ထမ်း ဆရာဝန် ဒေါက်တာဇင်လင်းနဲ့ ရန်ကုန်ကုတင် ၅၀၀ ဆေးရုံကြီးမှ သူနာပြုဆရာမ မခင်ခင်ကြွယ်တို့ ပါဝင်တယ်လို့ထုတ်ပြန်ထားပါတယ်။ AAPP စာရင်းအရဆိုရင်တော့ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသူ ၁,၁၄၆ ဦး ရှိသွားပြီလို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီဘက်ကတော့ AAPP စာရင်းတွေဟာ ချဲ့ကားထားတယ်လို့ ယခင်က တုံ့ပြန်ခဲ့ဖူးပါတယ်။

#MyanmarMiltiary #MyanmarViolence #VOABurmese#ဒေါက်တာဇင်လင်း#မခင်ခင်ကြွယ်#သာလွန်ဇောင်းထက်

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG