သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ဆႏၵျပပဲြမ်ား ပစ္ခတ္ခံရမႈ ေလးဦးေသဆံုး


ဆႏၵျပသူေတြကို အလြယ္တကူမၿဖိဳခြင္းႏုိင္ေအာင္လုပ္ထားတဲ့အကာအရံေတြကို ရဲတပ္ဖြဲ႔႕ လိုက္လံရွင္းလင္း။ (မတ္လ ၁၉ ၊ ၂၁)

ရန္ကုန္နဲ႔ မႏၱေလးအပါအဝင္ ႏုိ္္င္ငံတဝန္းကၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္တဲ့ဆႏၵျပပဲြေတြ ဒီေန႔မွာဆက္လက္ျဖစ္ပြားခဲ့ၿပီး ရန္ကုန္မွာေတာ့ စစ္တပ္နဲ႔ရဲတပ္ဖဲြ႔ကပစ္ခတ္တာေၾကာင့္ ၄ ေယာက္ ေသဆုံးသြားခဲ့ပါတယ္။ တာေမြအပါအဝင္ တခ်ိဳ႕ၿမိဳ႕နယ္ေတြထဲက ရပ္ကြက္ေတြ၊ လမ္းေတြထဲကို ဝင္ေရာက္ၿပီးေတာ့ ပစ္ခတ္ၿခိမ္းေျခာက္တာေတြလုပ္ခဲ့သလို ကားေတြကိုလည္းဖ်က္ဆီးခဲ့တဲ့အေၾကာင္း ကိုရန္ႏိုင္က တင္ျပထားပါတယ္။

ရန္ကုန္မွာေတာ့ စစ္တပ္နဲ႔ရဲတပ္ဖဲြ႔က ပစ္ခတ္ႏွိမ္ႏွင္းခဲ့တာေၾကာင့္ ဒီေန႔မွာ ဆႏၵျပတဲ့သူ ၄ ေယာက္ထက္မနည္း ေသဆုံးသြားခဲ့ပါတယ္။ ဆႏၵျပပဲြေတြ ၿမိဳ႕နယ္တခ်ိဳ႕မွာပဲ ႀကိဳၾကားႀကိဳၾကားရွိေနခဲ့ၿပီး ဒါကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က ပစ္ခတ္ႏွိမ္ႏွင္းခဲ့လို႔ သာေကတ၊ ေတာင္ဥကၠလာ၊ တာေမြနဲ႔ လႈိင္ၿမိဳ႕နယ္ေတြမွာ ၁ ေယာက္ စီ ေသဆုံးခဲ့တာပါ။ တာေမြၿမိဳ႕နယ္ ေက်ာက္ေျမာင္းက ၿမိဳ႕သစ္ ၂ လမ္းထိပ္မွာလည္း ဒီေန႔ ေန႔လယ္ပိုင္းက လူငယ္တဦး ပစ္ခတ္ခံခဲ့ရတဲ့အေျခအေနနဲ႔ပတ္သက္ၿပီး တာေမြၿမို႕နယ္မွာ ေနထုိင္သူတဦးက ဗီအိုေအကို အခုလို ေျပာပါတယ္။

“ေက်ာက္ေျမာင္းကေတာ့ ဒီေန႔ ကေလးတေယာက္ကေတာ့ ၿမိဳ႕သစ္ ၂ လမ္းထိပ္မွာ Head-shot ပဲ ေခါင္းကိုပစ္ခံလိုက္ရတယ္။ အဲဒီနားမွာပဲ တခါတည္း ဆုံးသြားတယ္။ ၂၁ ႏွစ္လို႔ ၾကားတယ္။ မေန႔ညက ဒီမွာဝင္ၾကမ္းထားတယ္။ ဒီမွာ ဝင္ၿပီးေတာ့ ပစ္ခတ္ထားေတာ့ ဒီေန႔က သပိတ္က ေက်ာက္ေျမာင္းထဲမွာ မရွိဘူးလို႔ေျပာလို႔ရတယ္။ လူငယ္ အေယာက္ ၂၀-၂၅ ေလာက္ပဲ စုၿပီးေတာ့ ရွိတာပါ။ အဲဒါကို ဘလိုင္းႀကီးဝင္ၿပီး ပစ္ခ်သြားတာ။ ဆႏၵျပဖို႔လုပ္တာေတာ့ မွန္တယ္။ ဒါေပမဲ့ ျပေတာင္ မျပရေသးပါဘူး။ ဒီအတုိင္း လူစု႐ုံပဲရွိေသးတယ္ အဲဒီမွာပစ္တာပဲ။ ပထမေတာ့ အသံဗုံးေတြေဖာက္တယ္။ ရာဘာက်ည္ေတြပစ္တယ္။ ဒါေပမဲ့ တကယ္က်ေတာ့ က်ည္အစစ္ေတြနဲ႔ ပစ္တာပါ။”

ဒါ့အျပင္ လုံၿခဳံေရးအာဏာပိုင္ေတြဟာ ရပ္ကြက္ေတြ လမ္းေတြထဲကိုဝင္ၿပီး ပစ္ခတ္တာေတြ၊ ၿခိမ္းေျခာက္ေျပာဆုိတာေတြလုပ္ခဲ့သလိုလုံၿခဳံေရးအရ တားဆီးထားတဲ့ အကာအရံေတြကို ရပ္ကြက္ေနျပည္သူေတြကို အတင္းဖယ္ရွားခိုင္းတာေတြရွိခဲ့ပါတယ္။ တာေမြၿမိဳ႕နယ္ ထဲက ၁၆၇ လမ္းမွာဆုိရင္လည္း လမ္းေဘးမွာ ရပ္ထားတဲ့ကားေတြကို ဘူဒုိဇာေတြနဲ႔ ထုိးသြားတာေၾကာင့္ ကားေတြ အေတာ္မ်ားမ်ား ထိခုိက္ပ်က္စီသြားခဲ့တယ္လို႔ ေျပာပါတယ္။

“မနက္ပိုင္းကတည္းက ေစ်းထဲေတြမွာ လူေတြကို အတင္းေခၚၿပီးေတာ့ အကာအရံေတြကို အတင္းဖယ္ခုိင္းတာေတြလုပ္တယ္။ ေနာက္ အဓိကကေတာ့ ကားေတြ အစင္းေတာ္ေတာ္မ်ားတယ္။ ေက်ာက္ေျမာင္းထဲမွာ အတားအဆီးေတြ ဖယ္မထားဘူးလို႔ဆုိၿပီး အေၾကာင္းျပၿပီးေတာ့ သူ႔ဘာသာသူ ေဘးမွာ ရပ္ထားတဲ့ကားေတြကိုလည္း အစင္း ၄၀ ေက်ာ္တယ္။ ဘူဒိုဇာနဲ႔ထိုးခ်ၿပီးေတာ့ ဖ်က္စီးသြားတယ္။”

ဒါ့အျပင္ သာေကတၿမိဳ႕နယ္ ၆ ရပ္ကြက္ အတြင္းမွာလည္း စစ္တပ္နဲ႔ရဲတပ္ဖဲြ႔ေတြဘက္က ဒီေန႔ညေနပိုင္းမွာ ပစ္ခတ္ႏွိမ္ႏွင္းခဲ့တာေၾကာင့္ ၁ ေယာက္ေသဆုံးၿပီး အမ်ိဳးသမီးတဦးအပါအဝင္ ၃ ေယာက္ ဒဏ္ရာရသြားတယ္လို႔သိရပါတယ္။ ဒါ့အျပင္ လမ္းေဘးမွာ ရပ္ထားတဲ့ ကားတစီးရဲ႕မွန္ကို ရုိက္ခဲြဖ်က္ဆီးတာကို Facebook လူမႈကြန္ရက္မွာ ေတြခဲ့ရပါတယ္။

မႏၱေလးဘက္မွာေတာ့ ျမေတာင္ေက်ာင္းတုိက္က သံဃာေတြဦးေဆာင္ၿပီး ျမေတာင္သပိတ္စစ္ေၾကာင္းက ဒီေန႔မွာ ခ်ီတက္ဆႏၵျပခဲ့ ၾကပါတယ္။ ဆႏၵျပတဲ့သူေတြက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ကို ေထာက္ခံေၾကာင္း ဆုိင္းဘုတ္ေတြ ပိုစတာေတြ ကိုင္ေဆာင္ၿပီး ၿငိမ္းခ်မ္းစြာ နဲ႔ ဆႏၵျပခဲ့ၾကပါတယ္။ တခ်ိန္တည္းမွာပဲ အၾကမ္းမဖက္အာဏာဖီဆန္တဲ့ (CDM) လႈပ္ရွားမႈမွာ ပါ၀င္ေနၾကတဲ့ မႏၱေလးက ရထားပုိ႔ေဆာင္ေရးဝန္ထမ္းေတြကို သူတုိ႔ရဲ႕ ဝန္ထမ္းအိမ္ရာေတြကေန မတ္လ ၂၂ ရက္ေန႔ ေနာက္ဆုံး ဖယ္ေပးဖို႔ ေျပာထားတာေၾကာင့္ ရထားဝန္ထမ္းေတြဟာသူတုိ႔ရဲ႕ ဝန္ထမ္းအိမ္ရာေတြကေန စတင္ေျပာင္းေရႊ႕ေနၾကၿပီး ၿမိဳ႕ခံျပည္သူေတြကလည္း ကူညီေနတယ္လို႔ သိရပါတယ္။

ပဲခူးၿမိဳ႕ဘက္မွာဆုိရင္လည္း ပဲခူးၿမိဳ႕ ဆံေတာ္တြင္းမွာ စစ္ေကာင္စီဘက္က ပစ္ခတ္တာေတြေၾကာင့္ ၄ ေယာက္ထက္မနည္း ထိခုိက္ဒဏ္ရာရသြားတယ္လို႔ သိပါတယ္။ အခုလို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔က ရပ္ကြက္ေတြထဲကို ဝင္ေရာက္ပစ္ခတ္တာေတြေၾကာင့္ လူေတြရဲ႕ ဘဝေတြဟာ ေဘးကင္းလုံၿခဳံမႈမရွိေတာ့ဘူးလို႔ တာေမြၿမိဳ႕နယ္မွာ ေနထုိင္သူက ေျပာပါတယ္။

“အခုကေတာ့ ေျပာရရင္ေတာ့ လုုံးဝကို ခုနေျပာသလိုေပါ့။ ဆႏၵျပတဲ့သပိတ္အထဲပါဝင္ေနမွမဟုတ္ပါဘူး၊ ရပ္ကြက္ေနျပည္သူကိုယ္တုိင္လည္း မလုံၿခဳံပါဘူး။ ဘယ္သူမွ အိမ္ထဲေနလည္း မလုံၿခဳံဘူး၊ အျပင္ထြက္တဲ့လူကေတာ့ ပိုဆုိးတယ္။ ေန႔ဘက္ ညဘက္မေရြးဘူး။ သူတုိ႔က အခုက ဥပေဒလည္း မရွိဘူး။ တရားလက္လြတ္ပဲ၊ ဝင္ခ်င္သလိုဝင္၊ ထြက္ခ်င္သလိုထြက္ၿပီးေတာ့ လုပ္ခ်င္သလိုလုပ္၊ ေပၚေပၚတင္တင္ ေခၚဖမ္းခ်င္သလိုဖမ္း၊ ႐ုိက္ခ်င္သလိုရုိက္ အဲဒီလိုလုပ္ေနတာ။ ဆုိင္ေတြဆုိလည္း ဝင္လုခ်င္လုတယ္ ဆုိတဲ့အခါက်ေတာ့ ေသခ်ာေျပာႏုိင္တာကေတာ့ က်ေနာ္တုိ႔က လုံးဝကို မလုံမၿခဳံျဖစ္ေနတာေသခ်ာတယ္။ ဒီႏုိင္ငံရဲ႕စစ္တပ္နဲ႔ ရဲေၾကာင့္ မလုံမၿခဳံျဖစ္ေနတာပါ။”

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ႏုိင္ငံတ၀န္းက ဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ ရဲတပ္ဖဲြ႔ပစ္ခတ္ႏွိမ္ႏွင္းခဲ့လို႔ အခုဆုိရင္ေသဆုံးသူဦးေရဟာ ၂၄၀ ေက်ာ္သြားၿပီျဖစ္ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


Unicode

ရန်ကုန်ဆန္ဒပြပွဲများ ပစ်ခတ်ခံရမှု လေးဦးသေဆုံး

ရန်ကုန်နဲ့ မန္တလေးအပါအဝင် နို်င်ငံတဝန်းကမြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဒီနေ့မှာဆက်လက်ဖြစ်ပွားခဲ့ပြီး ရန်ကုန်မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကပစ်ခတ်တာကြောင့် ၄ ယောက် သေဆုံးသွားခဲ့ပါတယ်။ တာမွေအပါအဝင် တချို့မြို့နယ်တွေထဲက ရပ်ကွက်တွေ၊ လမ်းတွေထဲကို ဝင်ရောက်ပြီးတော့ ပစ်ခတ်ခြိမ်းခြောက်တာတွေလုပ်ခဲ့သလို ကားတွေကိုလည်းဖျက်ဆီးခဲ့တဲ့အကြောင်း ကိုရန်နိုင်က တင်ပြထားပါတယ်။

ရန်ကုန်မှာတော့ စစ်တပ်နဲ့ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ဒီနေ့မှာ ဆန္ဒပြတဲ့သူ ၄ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ ဆန္ဒပြပွဲတွေ မြို့နယ်တချို့မှာပဲ ကြိုကြားကြိုကြားရှိနေခဲ့ပြီး ဒါကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နှင်းခဲ့လို့ သာကေတ၊ တောင်ဥက္ကလာ၊ တာမွေနဲ့ လှိုင်မြို့နယ်တွေမှာ ၁ ယောက် စီ သေဆုံးခဲ့တာပါ။ တာမွေမြို့နယ် ကျောက်မြောင်းက မြို့သစ် ၂ လမ်းထိပ်မှာလည်း ဒီနေ့ နေ့လယ်ပိုင်းက လူငယ်တဦး ပစ်ခတ်ခံခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်ပြီး တာမွေမြို့နယ်မှာ နေထိုင်သူတဦးက ဗီအိုအေကို အခုလို ပြောပါတယ်။

“ကျောက်မြောင်းကတော့ ဒီနေ့ ကလေးတယောက်ကတော့ မြို့သစ် ၂ လမ်းထိပ်မှာ Head-shot ပဲ ခေါင်းကိုပစ်ခံလိုက်ရတယ်။ အဲဒီနားမှာပဲ တခါတည်း ဆုံးသွားတယ်။ ၂၁ နှစ်လို့ ကြားတယ်။ မနေ့ညက ဒီမှာဝင်ကြမ်းထားတယ်။ ဒီမှာ ဝင်ပြီးတော့ ပစ်ခတ်ထားတော့ ဒီနေ့က သပိတ်က ကျောက်မြောင်းထဲမှာ မရှိဘူးလို့ပြောလို့ရတယ်။ လူငယ် အယောက် ၂၀-၂၅ လောက်ပဲ စုပြီးတော့ ရှိတာပါ။ အဲဒါကို ဘလိုင်းကြီးဝင်ပြီး ပစ်ချသွားတာ။ ဆန္ဒပြဖို့လုပ်တာတော့ မှန်တယ်။ ဒါပေမဲ့ ပြတောင် မပြရသေးပါဘူး။ ဒီအတိုင်း လူစုရုံပဲရှိသေးတယ် အဲဒီမှာပစ်တာပဲ။ ပထမတော့ အသံဗုံးတွေဖောက်တယ်။ ရာဘာကျည်တွေပစ်တယ်။ ဒါပေမဲ့ တကယ်ကျတော့ ကျည်အစစ်တွေနဲ့ ပစ်တာပါ။”

ဒါ့အပြင် လုံခြုံရေးအာဏာပိုင်တွေဟာ ရပ်ကွက်တွေ လမ်းတွေထဲကိုဝင်ပြီး ပစ်ခတ်တာတွေ၊ ခြိမ်းခြောက်ပြောဆိုတာတွေလုပ်ခဲ့သလိုလုံခြုံရေးအရ တားဆီးထားတဲ့ အကာအရံတွေကို ရပ်ကွက်နေပြည်သူတွေကို အတင်းဖယ်ရှားခိုင်းတာတွေရှိခဲ့ပါတယ်။ တာမွေမြို့နယ် ထဲက ၁၆၇ လမ်းမှာဆိုရင်လည်း လမ်းဘေးမှာ ရပ်ထားတဲ့ကားတွေကို ဘူဒိုဇာတွေနဲ့ ထိုးသွားတာကြောင့် ကားတွေ အတော်များများ ထိခိုက်ပျက်စီသွားခဲ့တယ်လို့ ပြောပါတယ်။

“မနက်ပိုင်းကတည်းက ဈေးထဲတွေမှာ လူတွေကို အတင်းခေါ်ပြီးတော့ အကာအရံတွေကို အတင်းဖယ်ခိုင်းတာတွေလုပ်တယ်။ နောက် အဓိကကတော့ ကားတွေ အစင်းတော်တော်များတယ်။ ကျောက်မြောင်းထဲမှာ အတားအဆီးတွေ ဖယ်မထားဘူးလို့ဆိုပြီး အကြောင်းပြပြီးတော့ သူ့ဘာသာသူ ဘေးမှာ ရပ်ထားတဲ့ကားတွေကိုလည်း အစင်း ၄၀ ကျော်တယ်။ ဘူဒိုဇာနဲ့ထိုးချပြီးတော့ ဖျက်စီးသွားတယ်။”

ဒါ့အပြင် သာကေတမြို့နယ် ၆ ရပ်ကွက် အတွင်းမှာလည်း စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေဘက်က ဒီနေ့ညနေပိုင်းမှာ ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် ၁ ယောက်သေဆုံးပြီး အမျိုးသမီးတဦးအပါအဝင် ၃ ယောက် ဒဏ်ရာရသွားတယ်လို့သိရပါတယ်။ ဒါ့အပြင် လမ်းဘေးမှာ ရပ်ထားတဲ့ ကားတစီးရဲ့မှန်ကို ရိုက်ခွဲဖျက်ဆီးတာကို Facebook လူမှုကွန်ရက်မှာ တွေခဲ့ရပါတယ်။

မန္တလေးဘက်မှာတော့ မြတောင်ကျောင်းတိုက်က သံဃာတွေဦးဆောင်ပြီး မြတောင်သပိတ်စစ်ကြောင်းက ဒီနေ့မှာ ချီတက်ဆန္ဒပြခဲ့ ကြပါတယ်။ ဆန္ဒပြတဲ့သူတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ဆိုင်းဘုတ်တွေ ပိုစတာတွေ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ အကြမ်းမဖက်အာဏာဖီဆန်တဲ့ (CDM) လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ မန္တလေးက ရထားပို့ဆောင်ရေးဝန်ထမ်းတွေကို သူတို့ရဲ့ ဝန်ထမ်းအိမ်ရာတွေကနေ မတ်လ ၂၂ ရက်နေ့ နောက်ဆုံး ဖယ်ပေးဖို့ ပြောထားတာကြောင့် ရထားဝန်ထမ်းတွေဟာသူတို့ရဲ့ ဝန်ထမ်းအိမ်ရာတွေကနေ စတင်ပြောင်းရွှေ့နေကြပြီး မြို့ခံပြည်သူတွေကလည်း ကူညီနေတယ်လို့ သိရပါတယ်။

ပဲခူးမြို့ဘက်မှာဆိုရင်လည်း ပဲခူးမြို့ ဆံတော်တွင်းမှာ စစ်ကောင်စီဘက်က ပစ်ခတ်တာတွေကြောင့် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိပါတယ်။ အခုလို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရပ်ကွက်တွေထဲကို ဝင်ရောက်ပစ်ခတ်တာတွေကြောင့် လူတွေရဲ့ ဘဝတွေဟာ ဘေးကင်းလုံခြုံမှုမရှိတော့ဘူးလို့ တာမွေမြို့နယ်မှာ နေထိုင်သူက ပြောပါတယ်။

“အခုကတော့ ပြောရရင်တော့ လုံးဝကို ခုနပြောသလိုပေါ့။ ဆန္ဒပြတဲ့သပိတ်အထဲပါဝင်နေမှမဟုတ်ပါဘူး၊ ရပ်ကွက်နေပြည်သူကိုယ်တိုင်လည်း မလုံခြုံပါဘူး။ ဘယ်သူမှ အိမ်ထဲနေလည်း မလုံခြုံဘူး၊ အပြင်ထွက်တဲ့လူကတော့ ပိုဆိုးတယ်။ နေ့ဘက် ညဘက်မရွေးဘူး။ သူတို့က အခုက ဥပဒေလည်း မရှိဘူး။ တရားလက်လွတ်ပဲ၊ ဝင်ချင်သလိုဝင်၊ ထွက်ချင်သလိုထွက်ပြီးတော့ လုပ်ချင်သလိုလုပ်၊ ပေါ်ပေါ်တင်တင် ခေါ်ဖမ်းချင်သလိုဖမ်း၊ ရိုက်ချင်သလိုရိုက် အဲဒီလိုလုပ်နေတာ။ ဆိုင်တွေဆိုလည်း ဝင်လုချင်လုတယ် ဆိုတဲ့အခါကျတော့ သေချာပြောနိုင်တာကတော့ ကျနော်တို့က လုံးဝကို မလုံမခြုံဖြစ်နေတာသေချာတယ်။ ဒီနိုင်ငံရဲ့စစ်တပ်နဲ့ ရဲကြောင့် မလုံမခြုံဖြစ်နေတာပါ။”

ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံတဝန်းက ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ပစ်ခတ်နှိမ်နှင်းခဲ့လို့ အခုဆိုရင်သေဆုံးသူဦးရေဟာ ၂၄၀ ကျော်သွားပြီဖြစ်ပါတယ်ခင်ဗျာ။

#MyanmarMilitaryCoup #MyanmarProtest #WhatIsHappeningInMyanmar #VOABurmese

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG