{{Zawgyi/Unicode}}
ရန္ကုန္တိုင္းထဲက ၿမိဳ႕နယ္တခ်ိဳ႕မွာ စစ္ေဆးမႈေတြကို လုံၿခဳံေရးတပ္ဖြဲ႔ေတြ တိုးၿပီးလုပ္ေနတယ္လို႔ ရန္ကုန္ေဒသခံတခ်ိဳ႕က ေျပာပါတယ္။ အထူးသျဖင့္ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္နဲ႔ လႈိင္သာယာၿမိဳ႕နယ္ထဲက က်ဴးေက်ာ္အိမ္ရာနဲ႔ လမ္းေဘးဝဲယာက ဆိုင္ခန္းေတြကို ရွင္းလင္းၿပီးတဲ့ေနာက္ ရပ္ကြက္လမ္းေတြ၊ လူေနအိမ္ေတြကိုပါ စစ္ေဆးမႈေတြ တိုးၿပီး လုပ္ေနတယ္လို႔ ေျပာပါတယ္။ ရန္ကုန္ကေပးပို႔ထားတဲ့ ဒီသတင္းကို ကိုရန္ႏိုင္က တင္ျပေပးထားပါတယ္။
ရန္ကုန္တိုင္း လႈိင္သာယာ၊ မရမ္းကုန္း၊ သာေကတ အပါအဝင္ ၿမိဳ႕နယ္တခ်ိဳ႕မွာ မေန႔ ႏိုဝင္ဘာ ၁၈ ရက္ေန႔က ေပါက္ကြဲမႈနဲ႔ လက္နက္ငယ္ပစ္ခတ္မႈေတြ ျဖစ္ေပၚခဲ့ၿပီးေနာက္ ဒီေန႔အဲဒီၿမိဳ႕နယ္ေတြမွာ စစ္ေကာင္စီဘက္က လုံၿခဳံေရးအင္အား အမ်ားအျပားနဲ႔ လမ္းတခ်ိဳ႕ကိုပိတ္ၿပီး ရပ္ကြက္အတြင္း ဝင္ေရာက္ စစ္ေဆးတာေတြ လုပ္ေဆာင္ေနပါတယ္။
လႈိင္သာယာၿမိဳ႕နယ္၊ ၂၀ ရပ္ကြက္ရဲ႕ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို လက္နက္ကိုင္တဖြဲ႔က မေန႔ညက ဝင္ေရာက္ပစ္ခတ္ခဲ့တာေၾကာင့္ ဒီေန႔ လႈိင္သာယာရဲ႕ ေနရာအမ်ားစုမွာ စစ္ေကာင္စီတပ္ဖြဲ႔ေတြက လမ္းေတြပိတ္ၿပီး ေနအိမ္ေတြထဲအထိ ဝင္ေရာက္ရွာေဖြခဲ့တာပါ။ ညပိုင္းမွာလည္း ရပ္ကြက္အမ်ားစုကို ဧည့္စာရင္းစစ္ေဆးခဲ့ၿပီး လူစုလူေဝးျဖစ္ခဲ့လို႔ လုံၿခဳံေရးေတြက ေသနတ္ပစ္ေဖာက္ၿပီး လူစုခြဲခဲ့တယ္လို႔ လႈိင္သာယာ ၂၀ ရပ္ကြက္ လူမႈကူညီေရးတခုက ေျပာပါတယ္။
“တအားႀကီးကို လမ္းေတြကို ပိတ္ထားတာေပါ့၊ သံဇကာေတြ ခ်ေနတယ္ေပါ့။ မေန႔ကဆိုရင္ ဧည့္စာရင္းစစ္မယ္ဆိုၿပီး ေတာက္ေလွ်ာက္အကုန္လုံး ဝင္စစ္တယ္။ ရပ္ကြက္တိုင္းကို သူတို႔အလွည့္က်ကို စစ္ေဆးေရးဝင္ေနတယ္။ ၁၉ ရပ္ကြက္၊ ၂၀ ရပ္ကြက္ အဲလိုစစ္ေဆးေနတယ္။”
လႈိင္သာယာၿမိဳ႕နယ္ထဲက က်ဴးေက်ာ္အိမ္ရာေတြနဲ႔ စည္ပင္နယ္နမိတ္ထဲက ဆိုင္ခန္းေတြလည္း လက္နက္ကိုင္လုံၿခဳံေရးအင္အား အမ်ားအျပားနဲ႔ ႏိုဝင္ဘာလ ဒုတိယပတ္ကတည္းက လိုက္လံဖ်က္ေနပါတယ္။ ၅ ရပ္ကြက္ေဒသခံတဦးက အခုလိုေျပာပါတယ္။
“သူတို႔ေျပာတာကေတာ့ ဒီလိုလမ္းေဘးမွာ ရႈပ္တယ္ေပါ့၊ ၿမိဳ႕ေတာ္သာယာလွပေရးပဲေျပာတယ္၊ လမ္းေဘးက်ဴးေတြ စည္ပင္ေပၚကဟာေတြ ရွင္းတာပါပဲ။ ( လုံၿခဳံေရးအင္အားက) မ်ားတယ္ဗ်။ မ်ားတာကေတာ့ ရာနဲ႔ခ်ီတယ္။ ပါတာက ( လက္နက္) အကုန္ပါတယ္။”
ၿမိဳ႕ေတာ္ သန႔္ရွင္းသာယာဖို႔ က်ဴးေက်ာ္ေတြအေနနဲ႔ ႏိုဝင္ဘာ ၁၈ ရက္ေနာက္ဆုံးထား ဖ်က္ေပးရမယ္လို႔ ၿမိဳ႕နယ္စည္ပင္သာယာအုပ္ခ်ဳပ္ေရးမႉး ႐ုံးေတြက ထုတ္ျပန္ထားပါတယ္။ ဒဂုံဆိပ္ၿမိဳ႕နယ္မွာလည္း က်ဴးေက်ာ္အိမ္ရာေတြဖ်က္ေပးရတာ၊ ဧည့္စာရင္းစစ္ေဆးမႈေတြနဲ႔ ဖမ္းဆီးမႈရွိေနတာေၾကာင့္ ေဒသခံေတြကေတာ့ စိုးရိမ္မႈေတြ ရွိေနေၾကာင္း ေဒသခံတဦးက ေျပာပါတယ္။
“စိုးရိမ္စိတ္ေတာ့ ျဖစ္တာေပါ့ေနာ္၊ ညဘက္ဧည့္စာရင္းေတြဘာေတြ ဝင္စစ္မယ္တို႔ ဖမ္းတာဆီးတာ ဒီဒဂုံဆိပ္ကမ္းမွာ ျဖစ္တာေလးေတြ ဒီရက္ပိုင္းတြင္းမွာ ၾကားေနရေတာ့ ၿမိဳ႕နယ္ပတ္ဝန္းက်င္မွာပဲ ျဖစ္တဲ့ကိစၥေလးေတြ ရွိတဲ့အခါက်ေတာ့ ဧည့္စာရင္းေတြေတာ့ တိုင္ရတာ ႐ုံးမွာသြားတိုင္ရတယ္။”
စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္ထားတဲ့ သာေကတ၊ ဒဂုံဆိပ္ကမ္း၊ လႈိင္သာယာ စတဲ့ ၿမိဳ႕နယ္ေတြက ပရဟိတ လူမႈေရးလုပ္ငန္းေတြရဲ႕လူနာတင္ယာဥ္ သြားမယ့္လမ္းေၾကာင္းကို သက္ဆိုင္ရာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဆီကို ႀကိဳတင္သတင္းပို႔ရၿပီး လမ္းမွာလည္း တနာရီနီးပါးၾကာေအာင္ စစ္ေဆးခံရေၾကာင္း ရန္ကုန္က ပရဟိတလုပ္ငန္းေတြက ဗြီအိုေအကို ေျပာပါတယ္။
အာဏာသိမ္းခံရၿပီးေနာက္ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့တဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ဦးၿဖိဳးေဇယ်ာေသာ္ကိုလည္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္က ရတနာႏွင္းဆီအိမ္ယာမွာ ဖမ္းဆီးမိတယ္လို႔ စစ္ေကာင္စီက ဒီေန႔ထုတ္ျပန္ပါတယ္။ ေဖေဖာ္ဝါရီလ ၁ ရက္ကေန ႏိုဝင္ဘာလ ၁၆ ရက္အထိသူတို႔အဆို အၾကမ္းဖက္အဖြဲ႔ေတြရဲ႕ လုပ္ႀကံသတ္ျဖတ္မႈေၾကာင့္ အုပ္ခ်ဳပ္ေရးပိုင္းဆိုင္ရာ တာဝန္ယူထားသူ ၁၉၈ ဦးေသဆုံးခဲ့တယ္လို႔ စစ္ေကာင္စီက ႏိုဝင္ဘာလ ၁၈ ရက္မွာ ထုတ္ျပန္ထားပါတယ္။
===============
{{Unicode}}
ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ သာကေတအပါအဝင် ရန်ကုန်တိုင်းမြို့နယ်တချို့ လုံခြုံရေးတင်းကျပ်
ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ စစ်ဆေးမှုတွေကို လုံခြုံရေးတပ်ဖွဲ့တွေ တိုးပြီးလုပ်နေတယ်လို့ ရန်ကုန်ဒေသခံတချို့က ပြောပါတယ်။ အထူးသဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်နဲ့ လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်ရာနဲ့ လမ်းဘေးဝဲယာက ဆိုင်ခန်းတွေကို ရှင်းလင်းပြီးတဲ့နောက် ရပ်ကွက်လမ်းတွေ၊ လူနေအိမ်တွေကိုပါ စစ်ဆေးမှုတွေ တိုးပြီး လုပ်နေတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့ ဒီသတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
ရန်ကုန်တိုင်း လှိုင်သာယာ၊ မရမ်းကုန်း၊ သာကေတ အပါအဝင် မြို့နယ်တချို့မှာ မနေ့ နိုဝင်ဘာ ၁၈ ရက်နေ့က ပေါက်ကွဲမှုနဲ့ လက်နက်ငယ်ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ဒီနေ့အဲဒီမြို့နယ်တွေမှာ စစ်ကောင်စီဘက်က လုံခြုံရေးအင်အား အများအပြားနဲ့ လမ်းတချို့ကိုပိတ်ပြီး ရပ်ကွက်အတွင်း ဝင်ရောက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။
လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကိုင်တဖွဲ့က မနေ့ညက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒီနေ့ လှိုင်သာယာရဲ့ နေရာအများစုမှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းတွေပိတ်ပြီး နေအိမ်တွေထဲအထိ ဝင်ရောက်ရှာဖွေခဲ့တာပါ။ ညပိုင်းမှာလည်း ရပ်ကွက်အများစုကို ဧည့်စာရင်းစစ်ဆေးခဲ့ပြီး လူစုလူဝေးဖြစ်ခဲ့လို့ လုံခြုံရေးတွေက သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ လှိုင်သာယာ ၂၀ ရပ်ကွက် လူမှုကူညီရေးတခုက ပြောပါတယ်။
“တအားကြီးကို လမ်းတွေကို ပိတ်ထားတာပေါ့၊ သံဇကာတွေ ချနေတယ်ပေါ့။ မနေ့ကဆိုရင် ဧည့်စာရင်းစစ်မယ်ဆိုပြီး တောက်လျှောက်အကုန်လုံး ဝင်စစ်တယ်။ ရပ်ကွက်တိုင်းကို သူတို့အလှည့်ကျကို စစ်ဆေးရေးဝင်နေတယ်။ ၁၉ ရပ်ကွက်၊ ၂၀ ရပ်ကွက် အဲလိုစစ်ဆေးနေတယ်။”
လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်အိမ်ရာတွေနဲ့ စည်ပင်နယ်နမိတ်ထဲက ဆိုင်ခန်းတွေလည်း လက်နက်ကိုင်လုံခြုံရေးအင်အား အများအပြားနဲ့ နိုဝင်ဘာလ ဒုတိယပတ်ကတည်းက လိုက်လံဖျက်နေပါတယ်။ ၅ ရပ်ကွက်ဒေသခံတဦးက အခုလိုပြောပါတယ်။
“သူတို့ပြောတာကတော့ ဒီလိုလမ်းဘေးမှာ ရှုပ်တယ်ပေါ့၊ မြို့တော်သာယာလှပရေးပဲပြောတယ်၊ လမ်းဘေးကျူးတွေ စည်ပင်ပေါ်ကဟာတွေ ရှင်းတာပါပဲ။ ( လုံခြုံရေးအင်အားက) များတယ်ဗျ။ များတာကတော့ ရာနဲ့ချီတယ်။ ပါတာက ( လက်နက်) အကုန်ပါတယ်။”
မြို့တော် သန့်ရှင်းသာယာဖို့ ကျူးကျော်တွေအနေနဲ့ နိုဝင်ဘာ ၁၈ ရက်နောက်ဆုံးထား ဖျက်ပေးရမယ်လို့ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ရုံးတွေက ထုတ်ပြန်ထားပါတယ်။ ဒဂုံဆိပ်မြို့နယ်မှာလည်း ကျူးကျော်အိမ်ရာတွေဖျက်ပေးရတာ၊ ဧည့်စာရင်းစစ်ဆေးမှုတွေနဲ့ ဖမ်းဆီးမှုရှိနေတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်မှုတွေ ရှိနေကြောင်း ဒေသခံတဦးက ပြောပါတယ်။
“စိုးရိမ်စိတ်တော့ ဖြစ်တာပေါ့နော်၊ ညဘက်ဧည့်စာရင်းတွေဘာတွေ ဝင်စစ်မယ်တို့ ဖမ်းတာဆီးတာ ဒီဒဂုံဆိပ်ကမ်းမှာ ဖြစ်တာလေးတွေ ဒီရက်ပိုင်းတွင်းမှာ ကြားနေရတော့ မြို့နယ်ပတ်ဝန်းကျင်မှာပဲ ဖြစ်တဲ့ကိစ္စလေးတွေ ရှိတဲ့အခါကျတော့ ဧည့်စာရင်းတွေတော့ တိုင်ရတာ ရုံးမှာသွားတိုင်ရတယ်။”
စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားတဲ့ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ စတဲ့ မြို့နယ်တွေက ပရဟိတ လူမှုရေးလုပ်ငန်းတွေရဲ့လူနာတင်ယာဉ် သွားမယ့်လမ်းကြောင်းကို သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးဆီကို ကြိုတင်သတင်းပို့ရပြီး လမ်းမှာလည်း တနာရီနီးပါးကြာအောင် စစ်ဆေးခံရကြောင်း ရန်ကုန်က ပရဟိတလုပ်ငန်းတွေက ဗွီအိုအေကို ပြောပါတယ်။
အာဏာသိမ်းခံရပြီးနောက် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်ကိုလည်း ဒဂုံဆိပ်ကမ်းမြို့နယ်က ရတနာနှင်းဆီအိမ်ယာမှာ ဖမ်းဆီးမိတယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်ပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ ၁၆ ရက်အထိသူတို့အဆို အကြမ်းဖက်အဖွဲ့တွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ယူထားသူ ၁၉၈ ဦးသေဆုံးခဲ့တယ်လို့ စစ်ကောင်စီက နိုဝင်ဘာလ ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
#ဒဂုံဆိပ်ကမ်း #လှိုင်သာယာ #သာကေတ #လုံခြုံရေးတင်းကျပ် #ကျူးကျော် #မြို့တော်ယာယာလှပရေး #ဗွီအိုအေ#စစ်အာဏာသိမ်း
===============