သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောင်နဲ့ချီတဲ့ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးနဲ့ ပြင်သစ်ရဲတပ်ဖွဲ့ လူစုခွဲ


ပြင်သစ်သမ္မတ Marcron ကို နုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြသူ အဝါရောင် ရောင်ပြန် အင်္ကျီဝတ် ဆန္ဒပြသူများနဲ့ ဟန့်တားဖို့ ကြိုးပမ်းနေသော ရဲတပ်ဖွဲ့ဝင်များ။ (၀၁-၀၅-၁၉)
ပြင်သစ်သမ္မတ Marcron ကို နုတ်ထွက်ဖို့တောင်းဆိုဆန္ဒပြသူ အဝါရောင် ရောင်ပြန် အင်္ကျီဝတ် ဆန္ဒပြသူများနဲ့ ဟန့်တားဖို့ ကြိုးပမ်းနေသော ရဲတပ်ဖွဲ့ဝင်များ။ (၀၁-၀၅-၁၉)

ပြင်သစ်နိုင်ငံ ပဲရစ်မြို့လယ်ခေါင်မှာ ချီတက်လာတဲ့ ဆန္ဒပြသူတွေကြားထဲကို မျက်ရည်ယိုဗုံးတွေ၊ လူတွေ ထိတ်လန့်သွားအောင်လုပ်တဲ့ မီးရှူးမီးပန်းတွေနဲ့ ပြင်သစ်လုံခြုံရေးတပ်တွေက ပစ်ခဲ့ပါတယ်။

ထောင်ပေါင်းများစွာသော အဝါရောင် ရောင်ပြန် စွပ်ကျယ်ဝတ် ဆန္ဒပြသူတွေက ပြင်သစ်သမ္မတ Macron ကို ဖိအားပေးဖို့ ချီတက်လာကြတာပါ။ စိန်းမြစ်ရဲ့ ဘယ်ဘက်ကမ်းက လှေစားသောက်ဆိုင်တခု မီးလောင်ခဲ့ရ ပါတယ်။ Orsay ပြတိုက်ပေါ်မှာလည်း မီးခိုးတွေ မျက်ရည်ယိုဗုံးက အငွေ့တွေနဲ့ ပြည့်နေပါတယ်။ ကြိုပြီး ခွင့်တောင်းထားတဲ့ လမ်းကြောင်းကနေ ဆန္ဒပြသူတွေ ခွဲထွက်သွားတဲ့အချိန်မှာတော့ ဘယ်ကနေ ထွက်လာမှန်း မသိတဲ့ ပြင်သစ်ရဲတွေ ထွက်လာပြီး အခြေအနေကို ထိန်းသိမ်းခဲ့ရပါတယ်။

စိန်းမြစ်ထဲမှာ ပြင်သစ်ရဲလှေတွေ ပတ်တရောင်လှည့်ခဲ့ပြီး Boulevard Saint Germain လမ်းပေါ်မှာတော့ ဆန္ဒပြသူတွေက မော်တော်ဆိုင်ကယ်နဲ့ ကားတွေကို မီးရှှို့ခဲ့ကြပါတယ်။ ရဲတပ်သားတွေ မီးသတ်သမားတွေ ရောက်လာကြပြီး လမ်းတွေကို ပိတ်ဆို့ခဲ့ပါတယ်။ တလမ်းလုံးမှာလည်း အဝါရောင် မီးတောက်တွေ တွေ့နိုင်ပါတယ်။

သီတင်းပတ် ၈ ပတ်ကြာ စနေနေ့တိုင်း အဝါရောင် ရောင်ပြန်စွပ်ကျယ်ဝတ် ဆန္ဒပြသူတွေ ချီတက်မယ့် အကြောင်း ကြိုတင်ကြေညာထားပြီး ခွင့်ပြုချက်ရထားပေမယ့်လည်း ဖျက်ဆီးမှု၊ လုယက်မှုနဲ့ အဓိကရုဏ်းတွေ ဖြစ်လာစေတဲ့ ဆန္ဒပြမှုတွေ ဒီဇင်ဘာလထဲမှာ ကျင်းပခဲ့ပါတယ်။ ပြင်သစ်သမ္မတ Macron က လူချမ်းသာတွေ အတွက်ပဲ သမ္မတ လုပ်နေတယ်လို့ စွပ်စွဲထားပြီး သူ ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ဟန်ဂေရီနိုင်ငံက အလုပ်သမားဥပဒေတွေကို ပြင်ဆင်ဖို့ ရည်ရွယ်ချက်နဲ့ တနိုင်ငံ လုံးမှာ ဆန္ဒပြပွဲတွေကို ဇန်နဝါရီလ ၁၉ ရက်မှာ ကျင်းပဖို့ အလုပ်သမားခေါင်းဆောင်တွေက တိုက်တွန်းစည်းရုံး လိုက်ပါတယ်။ Budapest မြို့ လွှတ်တော်အပြင်ဘက်မှာ လူ ၁ သောင်းထက် မနည်း စနေနေ့က စုဝေးခဲ့ကြပြီး ဒီဇင်ဘာလတုန်းက အတည်ပြုလိုက်တဲ့ အလုပ်သမားတွေ အိုဗာတိုင် အချိန်ပို တနှစ်ကို နာရီ ၄၀၀ ထိ ပိုဆင်းနိုင်တယ်ဆိုတဲ့ “ကျွန်ဥပဒေ” လို့ ခေါ်နေတဲ့ ဥပဒေကို အတည်ပြုလိုက်တာကြောင့် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG