ယီမင်သမ္မတ အလီအက်ဘ်ဒူလာရှာလိ တိုင်းပြည်ကို အုပ်ချုပ်လာတာ နှစ်ပေါင်း ၃၀ ကျော် ကြာလာတာကို အဆုံးသတ်ဖို့ ကြိုးစားတဲ့အနေနဲ့ ယီမင်အတိုက်အခံတွေက စုပေါင်းပြီး အသွင်ကူးပြောင်းရေးကောင်စီကို ဒီကနေ့ပဲ ဖွဲ့စည်းလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ၁၇ ဦးပါတဲ့ အဲဒီကောင်စီထဲမှာ အရင်တုန်းက ယီမင် ကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ပါဝင်ပါတယ်။
ယီမင်နိုင်ငံမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ လနဲ့ချီ ဖြစ်ပေါ်နေပြီး အစိုးရဘက်က အကြမ်းဖြိုခွဲခဲ့လို့ သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုပေမဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြမှုတွေဟာ အရှိန်မပြတ်ဘဲ ဆက်ပြီးတော့ရှိနေပါတယ်။