သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင် အာဏာလွဲှပြောင်းရေးလုပ်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း


ယီမင် အာဏာလွဲှပြောင်းရေးလုပ်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း
ယီမင် အာဏာလွဲှပြောင်းရေးလုပ်ဖို့ လုံခြုံရေးကောင်စီတိုက်တွန်း

ယီမင်နိုင်ငံမှာ အစိုးရဆန့်ကျင်သူတွေကို အစိုးရဘက်က နှိမ်နင်းနေတာနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ယီမင်သမ္မတ အလီ အဗ္ဗဒူလာဆာလေး ကိုလည်း အာဏာကဆင်းပေးဖို့ လုံခြုံရေးကောင်စီက တိုက်တွန်းလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံလုံးက ဒီဆုံးဖြတ်ချက်ကို မနေ့ကပဲ တခဲနက် အတည်ပြုခဲ့ကြတာပါ။

ဒီနှစ်ဆန်းပိုင်းကစပြီး ယီမင်နိုင်ငံတဝှမ်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ချခဲ့တာပါ။ ယီမင်အစိုးရဟာ ဆန္ဒပြသူတွေကို အင်အားသုံးပြီး အကြမ်းဖက် နှိမ်နင်းနေတာတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲလို့လည်း ဆိုပါတယ်။

ယီမင်နိုင်ငံသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်လည်းဖြစ်၊ အတိုက်အခံလှုပ်ရှားသူလည်း ဖြစ်တဲ့ Tawakkul Karman နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ တွေ့ဆုံပြီး ၂ ရက်အကြာမှာ အခုလို ယီမင်နဲ့ပတ်သက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ကျလာခဲ့တာပါ။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ နိုဘဲလ်ဆုရှင် မစ္စ် Karman က မနေ့က ပြောလိုက်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်က မထိရောက်ဘူးလို့လည်း သူက ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ယီမင် ပြည်သူတွေမြင်ချင်နေတာက သမ္မတ ဆာလေးကို The Hague မြို့မှာရှိတဲ့ နိုင်ငံတကာခုံရုံးမှာ အရေးယူခံရတာပဲလို့ မစ္စ် Karman က ပြောပါတယ်။

XS
SM
MD
LG