သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မည်

ယီမင်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မည်
ယီမင်အတိုက်အခံခေါင်းဆောင် ဝန်ကြီးချုပ်ဖြစ်မည်

ယီမင်ဒုတိယသမ္မတ Abd-Rabbu Mansour Hadi က အတိုက်အခံခေါင်းဆောင် Mohammed Basindwa ကို ဝန်ကြီးချုပ်သစ်အဖြစ် အမည်တင်သွင်းလိုက်ပါတယ်။ ဆော်ဒီအာရေဗျ နိုင်ငံမှာ လက်မှတ်ရေးထိုးခဲ့ကြတဲ့ သဘောတူညီချက်အရ Basindwa က အမျိုးသား ညီညွတ်ရေးအစိုးရကို ဖွဲ့စည်းမှာဖြစ်တယ်လို့ အစိုးရသတင်းဌာန Saba က ဆိုပါတယ်။

ဒီမိုကရေစီကို ကူးပြောင်းဖို့ သဘောတူညီချက်အရ သူ့ရဲ့ ဒုတိယသမ္မတကို အာဏာလွှဲပြောင်းဖို့ သဘောတူညီချက်တစ်ရပ်ကို ဆော်ဒီအာရေဗျမှာ သမ္မတ Ali Abdullah Saleh က လက်မှတ်ရေးထိုးခဲ့တာပါ။ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဒုတိယသမ္မတက ကြေညာခဲ့ပါတယ်။

အစိုးရနဲ့ အတိုက်အခံ ညွှန့်ပေါင်းအဖွဲ့တို့က ဒုတိယသမ္မတကို ရွေးကောက်ပွဲမှာ သမ္မတလောင်းအဖြစ် အဆိုတင်ကြဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။ ရွေးကောက်ပွဲတိုင်အောင် မစ္စတာ Saleh ကို သမ္မတအဖြစ် ထားရှိဖို့ သူနဲ့ အဓိက အတိုက်အခံပါတီတွေက သဘောတူညီခဲ့ကြပါတယ်။ ဒါ့အပြင် မစ္စတာ Saleh ကို အရေးမယူဖို့လည်း သဘောတူညီခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG