သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံ ဥပဒေအသစ်အတွက် ယီမင်သမ္မတ ကတိပြု


ဖွဲ့စည်းပုံ ဥပဒေအသစ်အတွက် ယီမင်သမ္မတ ကတိပြု
ဖွဲ့စည်းပုံ ဥပဒေအသစ်အတွက် ယီမင်သမ္မတ ကတိပြု

ယီမင်နိုင်ငံမှာ ပါလီမန် ဒီမိုကရေစီ အုပ်ချုပ်ရေးကို ဖြစ်ပေါ်စေမယ့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေအသစ်တရပ် ပေါ်ပေါက်လာဖို့ လူထုဆန္ဒ ခံယူပွဲကို ပြုလုပ်ပေးမယ်လို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလဲ (Ali Abdullah Saleh) က ဒီနေ့ ကတိပြု ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေထဲမှာ ဥပဒေပြု အာဏာနဲ့ အုပ်ချုပ်ရေး အာဏာကို ပြတ်ပြတ်သားသား ခွဲခြားထားမယ်လို့လည်း ဒီနေ့မှာ ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြောကြားတဲ့ မစ္စတာ ဆာလဲရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ဖော်ပြသွားပါတယ်။ အဲဒီ ဆန္ဒခံယူပွဲကို ဒီလနှောင်းပိုင်းမှာ ပြုလုပ်မယ်လို့လည်း သမ္မတ ဆာလဲက ဆိုပါတယ်။

သမ္မတနဲ့ ရင်းနှီးသူတွေသာ ကြီးစိုးနေတဲ့ အစိုးရ အဖွဲ့ထဲမှာ လူထုကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ခွင့် ရရှိရေးကို တောင်းဆိုခဲ့ကြတဲ့ ဆန္ဒပြပွဲတွေကို လိုက်လျောတဲ့ အနေနဲ့ သမ္မတ ဆာလဲက အခုလို ကတိပြုခဲ့တာပါ။

ဆန္ဒပြ လှုပ်ရှားသူတွေက ခြစား ပျက်စီးမှုတွေနဲ့ ၃၅% ထက် များပြား ကျော်လွန်နေတဲ့ အလုပ်လက်မဲ့ ပြဿနာတွေကို မကျေမနပ် ဖြစ်နေကြပါတယ်။

အင်္ဂါနေ့ကတော့ ဆန္ဒပြပွဲတွေမှာ အစိုးရရဲ့ နှိမ်နင်းမှုကြောင့် သေဆုံး ဒဏ်ရာရသူတွေ ရှိခဲ့တာကြောင့် ခံပြင်း ဒေါသထွက်နေကြသူတွေက ဒီနေ့ ဆာနာအာ (Sana'a) မြို့တော်တဝိုက်မှာ စုဝေးကြပြီး ၃၂ နှစ်ကြာ အုပ်စိုးလာခဲ့တဲ့ သမ္မတ ဆာလဲ ပြုတ်ကျတဲ့အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ပြောဆိုနေကြပါတယ်။

XS
SM
MD
LG