သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယီမင်သမ္မတ အာဏာလွှဲရေး စကားစ


ယီမင်သမ္မတ အာဏာလွှဲရေး စကားစ
ယီမင်သမ္မတ အာဏာလွှဲရေး စကားစ

ယီမင်နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲတွေ ကျင်းပပြီး အာဏာကို အေးအေးချမ်းချမ်း လွှဲပြောင်းပေးဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်လို့ ယီမင်သမ္မတ အလီ အဗ္ဗဒူလာ ဆာလေး (Ali Abdullah Saleh) က ပြောပါတယ်။

ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီက ရေးဆွဲပေးထားတဲ့ အာဏာလွှဲပြောင်းရေး အစပျိုး လုပ်ဆောင်မှုကို မဖြစ်မနေ အကောင်အထည်ဖော်မှာ ဖြစ်တယ်လို့ သူ့နိုင်ငံ ပြန်ရောက်ကတည်းက ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်။

အကောင်အထည် မဖော်ဖြစ်ဘဲ ရှိနေခဲ့တာ ကြာပြီဖြစ်တဲ့ အဲဒီ အစီအစဉ်မှာ သမ္မ ဆာလေးက ဒု-သမ္မတကို အာဏာလွှဲပေးဖို့ တောင်းဆိုထားတာပါ။

သမ္မတ ဆာလေးဟာ ဇွန်လမှာ လုပ်ကြံခံခဲ့ရတဲ့ ဖြစ်ရပ်ကနေ ပြန်နာလန်ထူဖို့ အချိန်ယူနေတဲ့ ကာလအတွင်း အိမ်နီးချင်း ဆော်ဒီအာရေဗျနိုင်ငံမှာ ၃ လကြာ သွားနေခဲ့ပြီး ပြီးခဲ့တဲ့ သောကြာနေ့ကမှ ဆာနာ (Sana'a) မြို့တော်ကို ပြန်ရောက်လာတာပါ။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူ လူအများကြီးထဲကို စစ်တပ်က သေနတ်နဲ့ ပစ်ခတ်လို့ ဆန္ဒပြသူ တဦးမက သေဆုံးပြီး လူအနည်းဆုံး ၁၇ ဦး ဒဏ်ရာရသွားခဲ့တဲ့ ဖြစ်ရပ် ဖြစ်ခဲ့ပြီး နာရီပိုင်း အတွင်းမှာပဲ သမ္မတက အခုမိန့်ခွန်းကို ပြောသွားတာပါ။ စစ်တပ်က ပစ်ခတ်တုန်းက ဆန္ဒပြသူတွေဟာ စစ်ရုံးချုပ်နားမှာ ချီတက်နေကြတာ ဖြစ်ပါတယ်။

မြို့တော်က အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေရဲ့ ဗဟိုစခန်းအဖြစ် အသုံးပြုတဲ့ ဆာနာမြို့တော်ရဲ့ Change ရင်ပြင်မှာလည်း လူ ရာပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီလမှာ ဆန္ဒပြမှုတွေ စပြီး ဖြစ်ပွားကတည်းက လူသေဆုံးမှု အများဆုံး သီတင်းတပတ်ဖြစ်တဲ့ အရင်တပတ်အတွင်း သေဆုံးသွားကြသူတွေအတွက် ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြတာပါ။

စနေနေ့တုန်းက ဆန္ဒပြကြတဲ့ ကျောင်းသားတွေနဲ့ အစိုးရ တပ်တွေကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG