သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဖွား အယ်လ်ခိုင်းဒါး ခေါင်းဆောင် ယီမင်မှာသုတ်သင်ခံရ


အမေရိကန်ဖွား အယ်လ်ခိုင်းဒါး ခေါင်းဆောင် ယီမင်မှာသုတ်သင်ခံရ
အမေရိကန်ဖွား အယ်လ်ခိုင်းဒါး ခေါင်းဆောင် ယီမင်မှာသုတ်သင်ခံရ

အမေရိကန်နဲ့ ယီမင်အာဏာပိုင်တွေ အလိုရှိနေတဲ့ အမေရိကန်နိုင်ငံဖွား အစွန်းရောက် မူစလင် တရားဟောဆရာ Anwar al-Awlaki ဟာ အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုလို့ ယူဆရတဲ့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားပြီ ဖြစ်ပါတယ်။

ယီမင်နိုင်ငံက အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့နဲ့ ဆက်နွယ်မှုရှိတဲ့ အဲဒီ Anwar al-Awlaki ဟာ တခြား အကြမ်းဖက်သမားလို့ မသင်္ကာရသူတချို့နဲ့အတူ သေဆုံးသွားတာလို့ ယီမင် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ သူ ဘယ်နေရာမှာ တိုက်ခိုက် သုတ်သင်လိုက်ရတယ်ဆိုတဲ့ အသေးစိတ် အချက်အလက်ကိုတော့ ယီမင်အစိုးရက ထုတ်ပြန်ခြင်းမရှိပါဘူး။

ယီမင်နိုင်ငံအရှေ့ပိုင်းမှာ အယ်လ်ခိုင်းဒါး ယာဉ်တန်းကို သောကြာနေ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အချိန် သေသွားတာလို့ ဒေသခံ တိုင်းရင်းသားလူမျိုးစုတွေနဲ့ တခြား လုံခြုံရေးဆိုင်ရာ အသိုင်းအဝိုင်းက ပြောပါတယ်။

အမေရိကန်လေကြောင်းလိုင်းတခုကို ၂၀၀၉ ခုနှစ်မှာ ဗုံးခွဲတိုက်ခိုက်ဖို့ ကြံစည်ခဲ့မှုအပါအဝင် တခြား အကြမ်းဖက်လုပ်ငန်းတွေ အတွက် Anwar al-Awlaki ကို အမေရိကန်ရော ယီမင်အာဏာပိုင်တွေကပါ အလိုရှိနေကြတာပါ။

သူဟာ အမေရိကန်နိုင်ငံ Texas ပြည်နယ်က စစ်အခြေစိုက်စခန်းတခုကို မူစလင်ဘာသာဝင် အမေရိကန် စစ်သားတစ်ယောက်က အကြမ်းဖက် တိုက်ခဲ့တဲ့နေရာမှာ အကြံပေးခဲ့တာအပါအဝင် မနှစ်က ယီမင်နိုင်ငံမှာ ပြင်သစ်နိုင်ငံသားတစ်ယောက်ကို သတ်ဖြတ်ခဲ့မှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ ယူဆခံထားရသူ ဖြစ်ပါတယ်။

XS
SM
MD
LG